အပိုင်း ၁၂

514 88 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၁၂

တက္ကသိုလ် အနီးတွင် ဖွင့်လှစ်ထားသော နတ်သမီးစားသောက်ဆိုင်က သူဌေးနဲ့ သူဌေးကတော်က နတ်သားနတ်သမီးတွေလို လှပကြသည်။

သူတို့စားသောက်ဆိုင်က အစားအသောက်တွေကလဲအရမ်းကောင်းပြီး နတ်သုဒ္ဓါနဲ့တူသည်။

ထိုသတင်းသည် အလယ်တန်း ကျောင်းသား​တွေကြား လျင်မြန်စွာ ပျံ့နှံ့သွားပြီး မနက်စာ ပေါင်မုန့်နဲ့ဆန်ပြုတ်စားဖို့ရောက်ကြသည်။ ပိုင်ရှင်မမရဲ့ ကြိုဆိုနှုတ်ဆက်အသံက နူးညံ့ပြီးနားထောင်လို့ကောင်းတာမို့ သူတို့က ဆိုင်ကိုလာရတာ နှစ်သက်ကြသည်။

တခါတလေ သူဌေးက မျက်နှာထားတည်ပေမယ့် ကိုယ်ဝန်နဲ့ သူ့မိန်းမကိုမြင်တာနဲ့ တိမ်တိုက်လိုမျိုးမျက်နှာထားတည်တာက ပျောက်ကွယ်သွားသည်။

ဝမ်တုန်းက ဒီနေ့ ထုံးစံအတိုင်း မနက်စာစားဖို့လာခဲ့သည်။ ရုတ်တရက် ဆိုင်ရဲ့အ​ပြင်အဆင်က ပြောင်းလဲသွားတာကို သူ သတိထားမိလိုက်သည်။

ကြမ်းပြင်ပေါ်တွင် လူကြီးတစ်ယောက်၏ ခါးလောက်မြင့်သော သံပုံးတစ်ခုရှိပြီး စားပွဲဘေးတွင် အိုးကြီးနှစ်လုံးရှိသည်။

သူ သိချင်စိတ်ပြင်းပြစွာနဲ့ တင်းရှကို မေးခဲ့သည်။  "အစ်မ ရှရှ ဒါက ဘာလဲ၊ မီနူးအသစ်လား"

တင်းရှက အဖုံးလေးကို ဖွင့်လိုက်ပြီး သူကိုပြရန် အပေါက်လေး ဖောက်လိုက်သည်။ အထဲမှာ အဖြူရောင်ရှိပြီးနူးညံတဲ့ တို့ဟွာ(အစားအစာ)ကိုတွေ့လိုက်ကတယ်။

ပဲအမျိုးမျိုး၏ မွှေးပျံ့သောရနံ့သည် ဆိုင်ကိုလာတဲ့ဧည့်သည်တွေကို ဆွဲဆောင်စေနိုင်ပြီး စားချင်စရာကောင်းသည်။

ဒါတကယ်တော့ တင်းရှရဲ့အကြံဥာဏ်ကောင်းတစ်ခုပါပဲ။

အိုးနှစ်လုံးကို မြင်လိုက်ရတော့ ဝမ်တုန်းက ရုတ်တရက် ထူး''ဆန်း'' "အစ်မရှရှ၊ မလုပ်နဲ့..."

"တိန်းတင်း!"  တင်းရှက အိုးနှစ်လုံးမှ အဖုံးများကို ဖွင့်လိုက်သည်။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now