အပိုင်း ၁၅

659 110 3
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း  ၁၅

တင်းရှသည် စားပွဲပေါ်တွင် ထွက်​နေသော ဗိုက်ကို တည့်တည့်မတ်မတ်ထားထိုင်ကာ စာရင်းစာအုပ်ငယ်ကိုတစ်ရွက်ပြီးတစ်ရွက်လှန်၍ ပြောခဲ့သည်။ “ငွေစာရင်းရှင်းပြီး ပိုက်ဆံဘယ်လောက်ရလဲ ကြည့်ရအောင်။”

ရှောင်ကျွင်းက ဒီလိုအသေးစိတ်ပြီး ပျင်းစရာကောင်းတဲ့အလုပ်မျိုးကို မကြိုက်တာကြောင့် ထိုင်ခုံကိုဆွဲပြီး တင်းရှ​ဘေးတွင် ၀င်ထိုင်ကာ သူတို့မိသားစုလေးရဲ့ အသုံးစရိတ်နှင့် ဝင်ငွေကို ဂရုတစိုက် တွက်ချက်ကာမျက်မှောင်ကြုတ်ပြီး ဘောပင်ကိုက်နေ​​သော သူမကို  ကြည့်နေခဲ့သည်။

ရှောင်ကျွင်းသည် တင်းရှ စာရေးသည့်ပုံစံနှင့် အလွန်ရင်းနှီးသူဖြစ်သည်။ အကြောင်းမှာ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း တင်းရှ နာမည်မကြီးသော ရွာကျောင်းတွင် စာ​ရေး​နေ​သောအချိန်မှာ လျှို့ဝှက်ကြည့်ရှုခဲ့သည်မှာ မရေမတွက်နိုင်သော အကြိမ်များစွာရှိသောကြောင့်ဖြစ်သည်။

အဲဒီတုန်းက သူ့အမေဆီက စွန့်ပစ်ခံခဲ့ရပြီးသူက ပိန်ပိန်သေးသေး ညစ်ပတ်နေသည်။ တခြားမိသားစုတွေရဲ့ သားသမီးတွေက သူ့ကို ရှောင်ဖယ်၍ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး သူ့ကို ဘယ်သူကမှ မလိုချင်ဘူးဆိုပြီး “အမှိုက်” လို့ ခေါ်ကြသည်။

လူကြီးတွေက သူ့ကို အပေါ်ယံပဲ ကြင်နာတတ်ပေမယ့် သူက သူ့မိဘတွေဆီ ခက်ခဲတဲ့ ကံကြမ္မာကိုယူဆောင်လာတဲ့ ကြမ္မာဆိုးလို့ နောက်ကွယ်မှာ လျှို့ဝှက်စွာ ခေါ်ဝေါ်ကြသည်။

ရှောင်ကျွင်းသည် ထိုအချိန်က နားမလည်ဘဲ တစ်ခုခုမှားနေသလို ခံစားလိုက်သည်။ သူရဲ့ ရခဲလှတဲ့ ပစ္စည်းတွေကို တခြားသူတွေက လုယူသွားတဲ့အခါတောင်မှ သူ့ကို ခွင့်လွှတ်ပြီး သူနဲ့ ကစားမယ်လို့ တိတ်တဆိတ် မျှော်လင့်ခဲ့သည်။

မှောင်မိုက်ပြီး ကျယ်ပြောလှတဲ့ အခန်းထဲမှာ တစ်ယောက်တည်း နေရတာ ကြောက်စရာကောင်းသည်။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now