အပိုင်း ၁၇

547 101 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၁၇

လွန်ခဲ့သည့် ရက်အနည်းငယ်က တင်းရှနှင့် ရှောင်ကျွင်းတို့ နောက်ထပ်လူများကို ခန့်သင့်မခန့်သင့် ဆွေးနွေးနေခဲ့ကြသည်။ ဆိုင်သေးသေးလေးရဲ့ လုပ်ငန်းက ပိုကောင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ထဲ ကိစ္စအားလုံးကို လုပ်​ဆောင်ဖို့ ခက်လာခဲ့သည်။

ရှောင်ကျွင်းက အရာအားလုံးကို နေရာချပြီး တင်းရှဘေးမှာ ဝင်ထိုင်လိုက်သည်။ "အစ်ကိုကြီး ကျွမ်း၊ မင်း ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်မလုပ်တော့ဘူးလား"

"ဒါက ငါမဟုတ်ပါဘူး၊ ငါ့မိန်းမပါ"ဟု တကျွမ်းက အားနာနာနဲ့ ပြောလိုက်သည်။ "သူမက ငါ့ကိုအလုပ်တစ်ခုခုရှာစေချင်နေတာ"

သူပြောသည့်အခါ အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံရသည်။ "ဒါပေမယ့် ငါ မင်းကို အရင်ပြောပြရမယ့် အခြေအနေတွေ ရှိတယ်"

"အဲဒါကဘာလဲ?" တင်းရှသည် သူ၏ ချီတုံချတုံနှင့် အဆင်မပြေသည့် အပြုအမူကို မြင်ပြီး သိချင်စိတ်ပြင်းပြနေခဲ့သည်။

"အင်း..." တကျွမ်းက သူ့သွားတွေကို ကိုက်ဖိလိုက်သည်။ "သူမ တစ်ယောက်တည်း မဟုတ်ဘူး၊ သူမအဒေါ်ကိုပါ ကျွေး​မွေးပြုစုရမှာပါ"

စကားထွက်လာသောအခါ တကျွမ်းသည် အနည်းငယ်သက်သာရာရသွားသလို ရှက်လည်းရှက်သွားသည်။ တင်းရှသည် ကြင်နာတတ်သည်ကို သူသိသည်။ ထို့ကြောင့် သူမဆီ အလုပ်အ​ကြောင်းလာမေးရန် သူဒီ​လောက်သတ္တိရှိနေသည်။

“သူ့အဒေါ်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ရှိဖူးပေမယ့် သူမ လုံးဝကို ကြမ်းတမ်းစွာ မလုပ်တတ်သလို အလုပ်မှာလည်း ကူညီပေးပါမှာ။”

ဒါကို ရှောင်ကျွင်း ကြားပြီးတာနဲ့ သူငြင်းလိုက်သည်။ တင်းရှ၏ လက်ရှိအခြေအနေကို သိလျက်နှင့် သူမပတ်ဝန်းကျင်တွင် စိတ်ရောဂါ ရာဇဝင်ရှိသူတစ်ဦးကိုထားရန် စိတ်ချယုံကြည်ခြင်းမရှိပေ။

တကျွမ်း - "အစ်ကို ရှောင် ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငါ့အဒေါ်က တင်းရှကို လုံးဝ ထိခိုက်စေမှာမဟုတ်ဘူး"

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now