45 7 0
                                    

အခန်း (၄) ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်

စုရှန်းဝမ် ပြောလိုက်သောစကားသည် စုလင်းယွင်ကိုသာမက အိမ်ထဲတွင် ရောက်ရှိနေသော လူအားလုံးကိုပါ မည်သည့်စကားမျှ မပြောနိုင်လောက်အောင် အံ့အားသင့်စေရသည်။သားဖြစ်သူမှ အမှားကျူးလွန်ခဲ့လျှင်ပင် သဘောထားအမှန်နှင့် တောင်းပန်မှုမရှိပဲ သည်လိုအရှက်မဲ့စွာ ခြိမ်းခြောက်နေသေးသည်။ သို့သော်လည်း စတားစီးတီးကျောင်း၌ စုရှန်းဝမ်၏လွှမ်းမိုးနိုင်မှုကို စဉ်းစားမိကြပြီး  စုလင်းယွင်နှင့်ထန်ရှုတို့ သားအမိနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်ကြတော့သည်။

စုရှန်းဝမ်၏အကျင့်စရိုက်မှာ မနှစ်မြို့စရာကောင်းသော်လည်း သူသည် မီလျံနာသူဌေးတစ်ဦးဖြစ်သည်ဟူသော အမှန်တရားတစ်ခုကိုတော့ လက်ခံရပေမည်။ ယခုနှစ်တွေထဲတွင် စတားစီးတီးကျောင်း၌ အဆက်အသွယ်များအား များစွာတည်ဆောက်ခဲ့နိုင်သောကြောင့် သူ့ကို လွန်ဆန်ရန်ဆိုသည်မှာ ဖြစ်နိုင်ဖွယ် အရာတစ်ခု မဟုတ်ချေ။

ထို့ကြောင့် သူ၏ချိန်းခြောက်မှုကို စုလင်းယွင်မှ လက်ခံလိမ့်မယ်ဟု လူတိုင်းက တွေးနေကြချိန်တွင် စုလင်းယွင်သည် ခံစားချက်မရှိသောမျက်နှာဖြင့် သူမ၏လက်ကိုမြှောက်ကာ စုရှန်းဝမ်၏ပါးအား
ဖြန်းကနဲ မြည်အောင် ရိုက်ချလိုက်သည်။ ပါးရိုက်လိုက်သောအသံမှာ အိမ်ထဲရှိလူအားလုံး ပြတ်ပြတ်သားသား ကြားနိုင်ရသည်အထိ ကျယ်လောင်လွန်းလှသော်လည်း  နားအကြားမှားနေရော့သလားဟု တွေးထင်မိကြသည်။

လူတိုင်း၏အသိထဲတွင် စုလင်းယွင်ဆိုသည်မှာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းသောသူစ်ယောက် ဖြစ်သည်။ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်သောစိတ်ထားရှိသူလည်း ဖြစ်သည်။ သူမအနေဖြင့်  ကြီးနိုင်ငယ်ညှင်းကိစ္စရပ်တွေ၊ သူတစ်ဖက်သားအား အနိုင်ကျင့်မှုတွေ တစ်ခါဖူးမျှ မည်သူ့ကိုမှ မလုပ်ခဲ့ပေ။  သူမဘဝတွင် ဒီဟာသည် ပထမဦးဆုံးအကြိမ် အခြားသူတစ်ယောက်ကို ပါးရိုက်ခြင်း ဖြစ်ပြီး စုရှန်းဝမ်လို သန်မာဖျတ်လတ်သောသူကို ရိုက်ပစ်လိုက်ခြင်း ဖြစ်သည်။ သည်အဖြစ်သည် လူအားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေအောင် အင်မတန် အံသြသွားစေသည်။

အင်မော်တယ်ကမ္ဘာမှအပြန်Tempat cerita menjadi hidup. Temukan sekarang