15 (2)

515 89 2
                                    

15.Shopping (အဆက်)
Moon layMarch 17, 2024


သူတို့တူမလေး၏ ယခုလို ပုံစံအပြုအမူလေးကိုမြင်လိုက်ရတော့  ရှုတပေါင်တို့ ညီအကိုနှစ်ဦး သည် အကူအညီမဲ့စွာနှင့် ရယ်လိုက်ရသည်။သူတို့ကယဉ်ကျေးစွာနှင့် " သူဌေး  ငါတို့က လယ်သမားတွေပါ။ ငါတို့မိသားစု မှာ လူဦးရေ အများကြီး ရှိတယ် ။ ကျွန်တော်တို့နှင့် ဘယ်ဟာက သင့်တော် မယ်လို့ ထင်ပါလဲ ။ "ဟုမေးလိုက်သည်။



ဆိုင်ရှင်က ဒီလူတွေကိုကြည့်ပြီးတော့ အပြုံးလေးနှင့်ပြောလိုက်သည်။ "ဒီကိုလာပြီး ဒါလေးကို ကြည့် လိုက်ပါ။ ဒါကလယ်သမားတွေ နှင့်သင်တော်တယ်။ ဒီပိတ်စက ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး အစွန်းအထင်း အပေအတေ လည်းခံတယ် ။" သူမက စင်ပေါ် က ပိတ်စအချို့ကို ညွှန်ပြရင်းပြောလိုက်သည်။

ချီပေါင်က ဆိုင်ရှင်ညွှန်းဆို တဲ့ပိတ်စ ကိုကြည့်လိုက်သည်။ ထို့နောက် အ ခြားပိတ်စများကိုလည်းကြည့်လိုက်သည်။ ဆိုင်ရှင် ညွှန်ပြသော ပိတ်စ၏ ဘေးမှ အဖြူရောင် ပိတ်စ သည် ဘေးပိတ်စထက် ပိုပျော့ပြောင်းတာကို တွေ့လိုက်ရသည်။ထိုအရာက ဝါဂွမ်းနှင့်ပြုလုပ်ထားခြင်းဖြစ်မည်။

သူမ၏ဦးလေးကို လှည့်ကြည့်လိုက်ပြီး " ဦးလေး သမီးတို့ ဝါဂွမ်းနျင့် လုပ်ထားတဲ့ ပိတ်စကို အောက်ခံအင်္ကျီအတွက်ဝယ်ရအောင်။။ ဒါက ပိုပြီး သက်တောင့်သက်သာဖြစ်လိမ့်မယ်။ အပြင်ဘက်အတွက် အထည်ကြမ်းကိုဝယ်လိုက်မယ်လေ။ ဒဆို ရွာမှာလည်း ပေါ်လွင်နေမှာ မဟုတ်တော့ဘူး။ အဆင်ပြေလား"ဟုမေးလိုက်သည်။





ချီပေါင်ပြောသည်ကိုကြားပြီးနောက် ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ အသက်ရှုိက်  အနည်းငယ်လောက်စဉ်းစားပြီးနောက် " ဟုတ်ပြီ ၊ ချီပေါင်ပြောသလိုလုပ်ကြတာပေါ့ ။ သူဌေး  ကျွန်တော့် တူမလေးပြောတဲ့ အတိုင်းယူမယ်နော်။ " သူတို့မှာ ဝယ်နိုင်သော အခြေအနေရှိနေပြီ ဖြစ်သောကြောင့် သူတို့မိသားစု ကို ဒီထက်ပိုပြီး သနားစရာကောင်းစွာ မနေသင့်တော့ဟု တွေးလိုက်မိသည်။

သူတို့မိသားစုမှာရှိသော အကြီးဆုံးကလေးက ပိုသေးတဲ့ တစ်ခုကိုဝတ်ရသည်။ ထို့ထက်ငယ်တဲ့ကလေးက သူတို့ဟာကိုပြန်ဝတ်ရသည်။သူတို့တွေသည် အဖာအစပ်ပေါင်းများစွာ နှင့်ဝတ်ရသည်။အဝတ်များ၏မူလအရောင်မှာ အချိန်အတော်ကြာကတည်းက လွင့်ပျယ်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်သူတို့လက်ခံရပေမည်။

( အကြီးဆုံးက လူကြီးတို့အကျ ကိုဝတ်ပြီး အကိုတွေအကျကို ညီငယ်များကဝတ်ရသလိုပါ။ အကြီးတွေကလည်း ဝတ်ရတာကြာတော့ အထည်တွေက သူတို့ထက်သေးနေတယ်လို့ပြောချင်တာပါ)



ဆိုင်ရှင်သည် ဒါကိုကြားလိုက်ရတဲ့အချိန်မှာ တော့ ဝမ်းမြောက်သွားခဲ့သည်။ မိသားစုတစ်ခုအတွက်ကလေးမလေးတစ်ယောက်က အဆုံးအဖြတ်ပေးသည်မှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ဒါကိုမြင်ရတာသူမအတွက်တော့ပထမဆုံးအကြိမ်ဖြစ်သည်။ ဒါကိုကြည့်ယုံနှင့် ထိုကောင်မလေးသည် မိသားစု၏ အချစ်ဆုံးလေးဖြစ်ပုံရသည်။ သူမသည် ချက်ချင်း " ဟုတ်ပြီ ! ဟုတ်ပြီ ! အထည်ကြမ်းအတွက် တစ်ပေ ကို ငါးဆင့် ၊ ဝါဂွမ်းထည် အတွက်က တစ်ပေ ကို ဆယ်ဆင့် ကျမယ်။ ကောင်မလေး  ဘယ်လောက် လိုချင်လဲ  ဘယ်လောက်လိုအပ်မယ်လို့ထင်လဲ " ဟု မေးလိုက်သည်။





ချီပေါင် ခဏလောက်စဉ်းစားပြီးနော် " အန်တီ သမီးတို့မိသားစု က လူတိုင်းအတွက် အတွင်းဝတ် နှစ်စုံစီနှင့် အပြင်ဝတ် နှစ်စုံစီလိုချင်ပါတယ် ။သမီးတြိုမိသားစုမှာ လူဆယ့်ငါးယောက်ရှိပါတယ် ။ဘယ်လောက်များများသမီးတို့လိုအပ်လောက်မလဲ"ဟုပြောလိုက်ပါသည်။ ထို့နောက်  သူမ မိသားစု ရှိလူတိုင်း၏  အရပ်အမြင့်ကိုအနီးစပ်ဆုံးပြောပြလိုက်သည်။ တိုင်းတာ တွက်ချက်မှု များပြီးနောက်မှာ တော့  ချီပေါင့်ကို ခေါ်ပြီး ဘယ်လိုအရောင်လိုချင်လြဟုမေးလိုက်သည်။



ဆိုင်ရှင်သည် အစေခံများကို ချီပေါင်လိုအပ်သည်များကို ဖြတ်ပေးရန်ပြောပြီးနောက် တစ်စုတည်းချည်ပေးရန်‌ေပြာလိုက်သည်။‌ေပြာရင်းဖြင့် " စုစုပေါင်း ရှစ်တေးလ် နှင့် နှစ်ဆယ်ဆင့်ကျတယ် ။အန်တီက သမီးအတွက်ကြောင့် ရှစ်တေးလ် ပဲယူတော့မယ် ။ကောင်မလေးသမီး အတွက် လည်းပိတ်စနည်းနည်းပေးမယ် ဟုတ်ပြီလား "။



ဆိုင်ရှင်က ပိတ်စနည်းနည်း ဟုပြောသော်လည်းဆိုင်ရှင်‌ေပး‌ေသာ ပိတ်စကိုချီပေါင်မြင်လိုက်ရသောအခါ ထိုပိတ်စသည် လုံးဝမသေးပါ။ ထိုပိတ်သည် သူအကိုများကျောင်းသွားသောအခါ စာအုပ်ထည့်ဖို့ရန်အတွက် လွယ် အိတ် အနည်း‌ငယ်လောက်လုပ်၍ရသည်။ ထို့ကြောင့်သူမသည် လျင်မြန်စွာကျေးဇူးတင်လိုက်သည်။ 

" ကျေးဇူးတင်ပါတယ်အန်တီ  အခုသမီးမိသားစုအတွက်အထည်တွေဝယ်သလို နောက်ကျရင်လည်း အန်တီ့ဆီက ပဲဝယ်ပါမယ်။ "

ပြောပြီးနောက်မှာတော့ သူမဦးလေးတွေ ငွေချေ ဖို့အတွက် အချက်ပြလိုက်သည်။










EDIT
Moon

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now