21 (2)

486 76 1
                                    

21. Cooperation (2)
Moon Lay

တစ်မိသားစုလုံးကို စားပွဲထိုးက မီးဖိုချောင်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။စားဖိုမှုးများသည်  စားပွဲထိုးက လူစိမ်းနှစ်ဦးကို ခေါ်ပြီးဝင်လာသည်ကိုမြင်သောအခါ  သူတို့မေးလိုက်ကြသည်။စားပွဲထိုးသည် ကိစ္စအားလုံးအား စားဖိုမှူးများကို ရှင်းပြပြီးနောက် သူသည် ဦးလေး ရှုအား စားဖိုမှုးကို ဟင်းသီးဟင်းရွက်များ အကြောင်း ပြောပြဖို့ပြောလိုက်သည် ။ချီပေါင် ကလည်ဘေးနားကနေ ပြောပြပေးလိုက်သည်။ သူမတို့မိသားစု တွင်မနေ့ညက စားခဲ့သော စားစရာများအားလုံးပြုလုပ်ရန် ရည်ရွယ်လိုက်လိုက်သည်။

နာရီဝက်လောက် ကြာပြီးနောက်မှာတော့ ဟင်းပွဲအားလုံးအဆင်သင့်ဖြစ်သွား ခဲ့သည်။မွှေးရနံ့များမီးဖိုချောင်ထဲတွင် ပျံ့နှံ့နေ‌ လေသည်။

စာဖိုမှူး များသည်  ထိုသို့သော ရနံ့မျိုးကို ယခုမတိုင်ခင်က ဘယ်သောအခါမှမရခဲ့ဖူးပေ။သူတို့အားလုံးက ထိုအရသာ ဘယ်လိုရှိဆိုသည်ကို မြည်းစမ်းကြည့်ချင်နေကြသည်။ ဆိုင်နောက်ဖေးတွင် ရှိသော ဆိုင်ရှင် ထုံ သည်  မွှေးရနံ့များကို ရှူသွင်းပြီးနောက်  သူ၏တံတွေးများကို မြိုချလိုက်သည်။ သို့သော် သူ၏ မျက်နှာက လုံးမလှုပ်ရှားသွားပေ။

ချီပေါင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် စားဖိုမှုးများ အရသာမြည်းဖို့ရန်အတွက် ဟင်းပွဲအနည်းငယ်ထားခဲ့‌လိုက်သည်။ထို့နောက် စားပွဲထိုးအား ချက်ပြီးသွားသောဟင်းပွဲများကို ဆိုင်နောက်ဖေးအားယူသွား ရန် ခွင့်ပြုပေးလိုက်သည်။ဟင်းပွဲများအားလုံးကို စားပွဲပေါ်သို့ ယူသွားပြီးသွားသောအခါ  ဟင်းပွဲများ၏ ရနံ့သည် ပိုပိုပြီး ပြင်းထန်လာခဲ့သည်။

ချီပေါင်က ပြော လိုက်သည်။ " အဘိုး ထုံ အဘိုးအကြိုက်နှင့် ကိုက်မကိုက် ပထမ ဆုံး မြည်းကြည့်လိုက်ပါ။ "

ဆိုင်ရှင်ထုံ သည် ချက်ချင်းပင် ခရမ်းချဉ်သီး အပိုင်းများကို သူ၏တူဖြင့် ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ သိပ့်ထည့်လိုက်လေသည်။ သူ၏ မျက်လုံးများ ချက်ချင်းပင် မှေးကျဉ်းသွားခဲ့လေသည်။ဟင်းပွဲ၏ မွှေးရနံ့များသည် သူ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားလေသည်။ ကြက်ဥများကို ခရမ်းချဉ်သီး များဖြင့် လှိမ့်ထားပြီး အရသာက ချဉ် လေသည်။ဤအရာသည် သူစားဖူးတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။အရသာရှိတဲ့ဟင်းလျာပဲ "

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now