26(1+2)

518 61 3
                                    

26. Celebration

" ကောင်းပြီ လှည်းပေါ် တက်ကြရအောင်။ နေ့လည်တောင် ရောက်တော့မယ်။ မင်းတို့ရဲ့ အဘိုးအဘွားတွေကို စောင့်မနေရစေနဲ့။ " ကလေးများအားလုံး ထိုင်ပြီးသည်ကို တွေ့သောအခါ ဦးလေး ရှုသည် ရှုကျားခန် ဆီသို လှည်းကို ကို မောင်းနှင်လာလိုက်သည်။

မကြာမီမှာ ပင် နွားလှည်းသည် ရှုကျားရွာ ဆီသို့ ရောက်ရှိလာခဲ့သည်။မြစ်ဆီသို့ အဝတ်သွားလျော်ရာမှ ပြန်လာသော အမျိုးသမီးများနှင့် ဆုံတွေ့လိုက်ကြသည်။ ဦးလေးရှုက နွားတစ်စီး ပြန်မောင်းလာသည်ကို မြင်သောအခါ  သူတို့သည် စပ်စုချင်စိတ်ပြင်းစွာဖြင့် ဦးလေးရှုကို မေးလိုက်ကြသည်။ " ဦးလေး ရှု  ဒီနွားလှည်းက  နင်တို့မိသားစုက အသစ်ဝယ်လာတဲ့ နွားလှည်းလား "  အကြီးဆုံးဦးလေး ရှု ပြန်မပြောခင်မှာပင် ချီပေါင်သည် ရှေ့သို့ ခုန်ထွက်လ်ုက်ပြီး " အန်တီ ဒီနွားလှည်းက သမီးတို့ဒီနေ့ မှ မြို့ကအသစ်ဝယ် လာခဲ့တာ ။ "


အမျိုးသမီးသည် ထိုသည်ကို ကြားလိုက်ရသောအခါ သူတို့၏မျက်နှာတွင် မနာလိုသော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။ "နင်တို့ရှုမိသားစု ဟောင်းက  ကံကြမ္မာကောင်းတွေ ရနေပုံ‌ေပါ်တယ်။နင်တို့မိသားစုက အိမ်တစ်လုံးဆောက်နိုင်ရုံသာမက နွားတစ်ကောင်းလည်း ဝယ်လာသေးတယ်။ ပြီးတော့ အန်တီချင်ဆီက ကြားလိုက်ရသေးတယ်။ နင်တို့အိမ်က ကောင်‌ေလးနည်းနည်းကို စာသင်ကျောင်းပိုဦးမလို့ဆို။ဒါက ကြီးမားတဲ့စိတ်ကူးပဲ။ ငါတို့အိမ်က  ကလေးတွေကိုလည်း ဘယ်တော့များကျောင်းပို့နိုင်မလဲမသိပါဘူး။

ရှုတပေါင်က ရှင်းပြ လိုက်သည်။ "အန်တီ  ကျွန်တော် တို့မိသား စုက ကံကောင်းသွားတာပါ။ ကျွန်တော်တို့က ဇုရှန်းလု စားသောက်ဆိုင်နှင့် ပူး‌ေပါင်းဆောင်ရွက်မှုလုပ်ထားတယ်လေ။ အဲဒါက ကျွန်တော်တို့ဘဝကို ပိုလွယ်ကူသွားစေတယ်။ အဒေါ့်ရဲ့သားက ငယ်နေတုန်းပဲလေ။ အနာဂါတ်ရောက်ရင် အမှန်တကယ် ကျောင်းမတက်နိုင်ရင်လည်း လက်မှုပညာ သင်ကြားတာ က ဆိုးရွားနေတာတော့မဟုတ်ပါဘူး။ " စကားပြောပြီးနောက်တွင် ထိုအန်တီကြိီးများကို နှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့ကြသည်။

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)Where stories live. Discover now