23

715 78 5
                                    

23. Recruitment
March 27, 2024 by Moon Lay

ထိုအချိန်အတွင်းမှာပင် ရွာသားအများ အပြားသည် ရွာအဝင်အဝရှိ ညောင်ပင်ကြီးအောက်တွင် မတ်တပ်ရပ်နေကြလေသည်။ ရွာသူရွာသားများက တီးတိုးပြောဆိုနေကြလေသည်။ သူတို့ကို ရွာခေါင်းဆောင်က စုစည်းရသည့်အကြောင်းအရင်းအားသိချင်နေကြလေသည်။

ရွာခေါင်းဆောင်က ရွာသူရွာသားများ အားလုံးနီးပါး ရောက်နေသည်ကို မြင်လိုက်ရသောအခါ   သူက လည်ချောင်းရှင်းပြီးနောက် " ဒီနေ့ခေါ်လိုက်ရတဲ့အကြောင်းအရင်းက ကောင်းတဲ့ကိစ္စပါ။ ရှုမိသားစုဟောင်းက အိမ်အသစ်တစ်လုံးဆောက်ဖို့ရည်ရွယ်နေတယ်။သူက ငါ့ကိုမေးခိုင်းတယ် ။ ရွာသားတွေထဲက အလုပ်မရှိသေးသူ အလုပ်လုပ်ချင်တဲ့သူကို တစ်ရက်ကို ဝမ် ၂၀ နဲ့ နေ့လည်စာပါကျွေးမယ်။ လုပ်ချင်တဲ့သူရှိရင် ငါ့ဆီမှာ လက်မှတ်လာထိုး " ဟုပြောလိုက်လေသည်။

ရွာသားများသည် ထိုကိစ္စအား တစ်ဦး နှင့်တစ်ဦး ဆွေးနွေးနေကြလေသည်။ " ဘာ! ရှုမိသားစုဟောင်းက အိမ်အသစ်တစ်လုံးဆောက်မယ်ဟုတ်လား ။ အလုပ်သမားခအတွက် တစ်ရက်ကို ဝမ်၂၀ နဲ့ နေ့လည်စာပါ‌ေကျွှးဦးမယ်။ ဒါက အမှန်ပဲလား "

အခြားတစ်ယောက်က ပြန်ဖြေပေးလိုက်သည်။ " ဒါက အမှားလို့‌ေတာ့ ငါမထင်ဘူး  ။ ဒါကိုပြောတာ ရွာခေါင်းဆောင်လေ။ဒါက မှန်လောက်တယ်။၂၀ ဝမ်က မဆိုးပါဘူး။ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုက လက်မှတ်ထိုးရမယ်။ " ထို့နောက် သူက သူ၏လက်ကို မြှောက်ပြီးအော်လိုက်သည်။ " ရွာခေါင်းဆောင် ကျွန်တော် လက်မှတ်ထိုးပါမယ်။ ကျွန်တော့ကိုပါ ထည့်ရေလိုက်ပါ။ " ထို့နောက် ရွာသူရွာသားများကလည်း တစ်စုံတစ်ယောက်က လက်မှတ်ထိုး စာရင်းပေးသည်ကို မြင်သောအခါ  သူတို့အားလုံးကလည်း စာရင်းပေးရန်စတင်အော်ကြလေသည်။

ရွာလူကြီးက သူ၏ လက်ကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။ " လူတိုင်း ! တိတ်တိတ် နေကြပါ။ လက်မှတ်ထိုး စာရင်းပေးချင်တဲ့ဘယ်သူမဆို နောက်မှ ငါ့အိမ်ကို လာကြပါ။ငါ အရင်းဆုံးစာရင်းသွင်းပေးထားမယ်။ နောက်ကျသွားလိမ့်မယ်။ အိမ်ပြန်ပြီးဆွေးနွေးကြ။ညစားမစားခင်မှာ ရှုမိစားစုမှု အလုပ်လုပ် ချင်တဲ့လူစာရင်းကို ငါ့ပေးပို့လိုက်မယ်။ကဲ အားလုံးလုစုခွဲကြမယ်။ "

#လယ်သမားမိသားစုရဲ့ အချစ်ခံသမီးလေး (Uni)حيث تعيش القصص. اكتشف الآن