Part 1

997 38 8
                                    

တစ်ခုသောညနေခင်းတွင်** ဆိပ်ကမ်း​ရှိသင်္ဘောကုန်ပို့လာသောပစ္စည်းများနှင့်အတူ​ ထိုနားတဝိုက်မှာအချင်းချင်း ပစ်ခတ်သတ်ပုတ်နေကြတဲ့​ လူအများစုဟာ​  မီးလောင်ကျွမ်းရင်း သေဆုံး​ကုန်ကျသည်။

နိုင်ငံခြားကနေမှောင်ခို​တင်သွင်းလာတဲ့​ ကိုကင်းတွေဟာ မျက်စိရှေ့မှာတင် ပြာဖြစ်သွားတာကို​ ဦးရောင်မီးတောက်တစ်ယောက်ဘာမှမလုပ်နိုင်ဘဲ​ ပစ်ခတ်နေသည့်ကြားက​ အကာအကွယ်ယူကာ အသက်လုပြေးနေရသည်။

တကယ်တော့သူ့အစီအစဉ်တွေထဲမှာဒါတွေမပါခဲ့ပေ။

ရောင်မီးတောက်ဆိုတဲ့​ လူဟာ​ မြန်မာပြည်​ မြေအောက်လောကရဲ့​ ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ဆိုလဲ မမှား။ရှမ်းပြည်တစ်ဝိုက်နှင့် အထက်မြန်မာပြည် တစ်လျှောက်လုံးမှာ သူပိုင်တဲ့ ဘိန်းခင်းတွေဆိုလဲ နည်းတာမဟုတ်။ဒါကတော့ အနည်းဆုံး တရားဝင်သေးတာပေါ့။

ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီကို တည်ထောင်‌ထားပြီး နောက်ကွယ်မှာ တရားမဝင် လုပ်ငန်းတွေ အများကြီးလုပ်နေတဲ့ ရောင်မီးတောက် အတွက်တော့ ဒီကိုကင်း သင်္ဘောတစ်စီးစာလောက် ဆုံးရှုံးရတာဟာ ပြဿနာမဟုတ်ခဲ့။

ပြဿနာက ဘာလဲဆိုရင် ဒါတွေကို ဖျက်ဆီးတဲ့သူဟာ တစ်ခြားသူမဟုတ်ဘဲ သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ လွှမ်းမိုးထိုက်တန် ဆိုသူဖြစ်နေခြင်းပဲဖြစ်သည်။ဒါတင်မက သူ့ကိုဒီနေရာရောက်အောင် သူ့သားကို ဓားစာခံလုပ်ခဲ့တာလဲ လွှမ်းမိုးထိုက်တန်ဆိုတဲ့ ကောင်ပဲမဟုတ်ပါလား။

ဟိုအဖွဲ့ဒီအဖွဲ့ သူတပြန်ကိုယ်တပြန်ပစ်ခတ်ကာ အထိကရုဏ်း ဖြစ်နေသည့်ကြားမှာ ‌ဦးရောင်မီးတောက် တစ်ယောက် သူ့တပည့်တွေရဲ့ ပြန်ဆုတ်ခိုင်းသည့် စကားကို နားမထောင်လိုက်ပါ။

တကယ်ဆို သူနားထောင်ခဲ့သင့်သည်။

သူချစ်ရတဲ့သူ့သားဟာ သူအမုန်းဆုံး ရန်သူရဲ့ လက်ထဲမှာ ငိုယိုနေလျက်သား။

"ဖေဖေ!အီး ဟီး ဟီး"

"သား!"

"မင်းသားကို တော်တော်ချစ်ပုံရတယ်နော် မီးတောက်"

ရန်သူ့မယား [Slave Husband]Tahanan ng mga kuwento. Tumuklas ngayon