Part 2

493 33 2
                                    

"ထိုက်တန် ထိုက်တန်!"

"အဲဒီကောင်ကို တစ်ခါတည်းအမှောက်သိပ်ပစ်!"

"ချထားကွ!"

လူအများစုရဲ့အားပေးသံတွေဟာ စီစီညံလျက်ရှိပြီး သူတို့ဘာကိုအားပေးနေသလဲဆိုရင်တော့ လူလည်ခေါင်မှာ အသေအလဲသတ်ပုတ်နေကြသည့်လူနှစ်ယောက်ကိုဖြစ်သည်။ ဒီနေရာကိုလူသတ်ကွင်းလို့လည်းခေါ်ကြသည်။ဒီကွင်းထဲကိုရောက်သွားတာနဲ့ ဥပဒေတွေဘာတွေ ခေါင်းထဲကထုတ်လိုက်ပြီး ချောင်ထိုးထားလိုက်ကြသည်။ရှင်းရှင်းပြောရလျှင်လူနှစ်ယောက်သတ်ပုတ် အလောင်းအစားလုပ်ကြသည့် ပြိုင်ပွဲမျိုးဖြစ်၏။

ထိုအချိန်မှာပင်အသားဖြူဖြူဗလတောင့်တောင့် ကောင်လေးက သူ့ထက်လူကောင်ကြီးသည့် ပြိုင်ဘက်ကိုအလဲထိုးလိုက်နိုင်သည် အားပေးသံ နှစ်ဆပိုကျယ်လောင်သွားသည်။

"ဒါပဲကွ!"

ထိုကောင်လေးဟာလဲကျနေသည့်လူအနားသို့သွားကာဆောင့်ကြောင့်ထိုင်လိုက်ပြီး

"ဒီမှာဇေယျ မင်းမြဲမြဲမှတ်ထား! ပြည်သိန်းထိုက်တန် ဆိုတဲ့ငါကဘယ်သူ့ကိုမှမရှုံးဖူးဘူး!"

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးထဲမှအလန်းဇယားစော်လေးတစ်ပွေရဲ့ခါးကိုဖက်ကာ ကွင်းထဲမှ ထွက်သွားတော့သည်။

ထို့နောက် အပြင်မှာစောင့်နေတဲ့ သူငယ်ချင်းဖြစ်သူ သန်းခေါင်ယံမိုးက ထိုက်တန်အနားကိုရောက်လာပြီး

"‌မင်းဘယ်ကိုခြေဦးလှည့်အုန်းမှာလဲ ထိုက်တန် ငါမင်းအဖေကိုလိမ်ပေးနေရတာ တော်တော်များပြီနော်"

ထိုက်တန်က တော်စမ်းပါကွာ ဆိုတဲ့အကြည့်နှင့်ကြည့်လိုက်သည်။

"ဒယ်ဒီ့ကိုမင်းဘာပြောထားလဲ"

"ငါ့အိမ်မှာလို့ပဲ ပြောထားတာပေါ့"

"သူကရော အိမ်မှာတဲ့လား"

"မင်းဒယ်ဒီက ဒီနေ့သူအိမ်ပြန်မလာဖြစ်ဘူးတဲ့ ပြောခိုင်းလိုက်တယ်"

"အဲ့တာဆို ကောင်းတာပေါ့ ဒီညတော့ ည‌တာအတော်ရှည်တော့မှာ ဟုတ်တယ်မလား ဘေဘီ"

ထိုက်တန်က သူ့ရင်ခွင်ထဲက ကောင်မလေးကို မေးလိုက်တော့ အသံလွင်လွင်လေးဖြင့် ရီလာသည်။

ရန်သူ့မယား [Slave Husband]Where stories live. Discover now