ကားရေဆေးပြီးတော့ တညလုံးကောင်းကောင်းမွန်မွန်မအိပ်ရသေးတဲ့အတွက် ခေါင်းဟာကြည်လင်မနေ။ဒါဟာဘယ်သူ့ကြောင့်ပါနည်း။
ရေပိုက်ကိုပိတ်လိုက်ပြီးနောက် ကားအနီကြီးရဲ့ရှေ့မှာ ငုတ်တုတ်ထိုင်ချကာ ခဏလောက်မှိန်းနေလိုက်သည်။မဟုတ်ရင် သူဒီနေရာမှာတင် အိပ်ချမိတော့မည်။တကယ်ဆို သူ့အခန်းထဲသူသွားအိပ်လို့ရသည်။ဒါပေမဲ့ အဲ့လိုသွားအိပ်မှ အပြင်ကနေ ဆဲဆိုပြီး လာနှိုးမှာကို ပိုစိတ်အနှောင့်အယှက်ဖြစ်တာကြောင့် ထိုစိတ်ကူးကိုလက်လျှော့လိုက်ရသည်။
နာရီဝက်ကြာသော်
မြက်ခင်းပေါ်သို့နင်းသည့်ခြေသံ တစ်စ နှစ်စ အနားသို့ကပ်လာသည်ကို ခံစားမိပါသည်။ဒါပေမဲ့ ဖွင့်ကြည့်ဖို့ရာ သူ့မျက်ခွံတွေက လေးလံနေ၏။
ထိုအချိန်မှာတင် ပုခုံးပေါ်သို့ ခြေကန်ချက်ပြင်းပြင်းတခု ကျရောက်လာပြီး သူ့ခန္ဓာကိုယ်ဟာ ကားကိုအရှိန်ဖြင့် တိုက်မိသွားသည်။
"အိပ်ပဲအိပ်နေတာပဲ!"
အသံကြားသည်နှင့် ဘယ်သူမှန်းသိလိုက်သည့်ငရဲဟာ မှင်သေသေမျက်နှာဘေးဖြင့် စိုက်ကြည့်လိုက်လျှင် သူ့ထံမှစကားသံထပ်ထွက်လာ၏။
"ငါ့ကိုအဲ့လိုလာမကြည့်နဲ့ ထ!ဒယ်ဒီရောက်လာတာတောင်မသိဘူးလား ဘရဏီ့ကို ဒယ်ဒီမသိအောင်သွားခိုင်းလိုက်ရတယ်!"
"ကျုပ်ကိစ္စမဟုတ်ဘူး"
ထလာပြီး ပေါ့ပျက်ပျက်အသံဖြင့်ပြောလာသည့်စကား။
"မင်းငါ့ကိုလာအသိပေးသင့်တယ်လေ!"
"ခင်ဗျားအဲ့လိုမခိုင်းထားဘူး"
ထိုက်တန် ဒီကောင်နဲ့စကားပြောလေလေ ဒီကောင့်မျက်ခွက်ကို ပိတ်ထိုးပစ်ချင်လေလေပဲဖြစ်သည်။
"ခိုင်းမှလုပ်ရအောင် တိရစ္ဆာန်လား မင်းက"
"ကျုပ်ကိုဘယ်လိုပုံစံနဲ့မြင်လဲ နားရွက်တွေရှည်နေလား အမြီးတွေပေါက်နေသလား"
"ဒီကောင်ကတော့!"
"သခင်လေး!"
စိတ်တိုပြီးလက်ကိုရွယ်လိုက်သည့် အချိန်မှာတင် အိမ်တော်ထိန်းဖြစ်သူ ဒေါ်လေးညိုရဲ့အသံကြောင့် နောက်ကိုလှည့်ကြည့်လိုက်သည်။
YOU ARE READING
ရန်သူ့မယား [Slave Husband]
Romanceငရဲမီး+ပြည်သိန်းထိုက်တန် ခင်ဗျားစောင့်ကြည့်နေလိုက် ပြည်သိန်းထိုက်တန်!ကျုပ်နာမည်အတိုင်းပဲခင်ဗျားဘဝကိုငရဲမီးလို ပူလောင်နေအောင်လုပ်ပစ်မှာ! #ငရဲမီး ကျွန်လိုကောင်ကများ ရာရာစစ ငါ့အသားကိုထိရဲတယ်! #ပြည်သိန်းထိုက်တန် ဖြေးဖြေးချင်း တင်ပါမည်