Part 4

625 31 7
                                    

ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းကသားသမီးများသာ တက်ရောက်နိုင်သည့် YOLO High။အသက်15ကနေ22ထိကန့်သတ်ထားပြီးအမေရိကန်စတိုင်တက်ရောက်ရသောကျောင်း။Grade 9ကနေ12ထိရှိပြီး နှစ်ဆုံးမှာအောင်မြင်ရင် နိုင်ငံခြားတက္ကသိုလ်တွေ‌ထိလျှောက်လို့ရနိုင်တဲ့ အခွင့်အလမ်းရှိသည်။အထက်တန်းစား‌ကျောင်းတစ်ကျောင်းဖြစ်သည့်အလျောက် နာမည်ကြီးမှုကလဲ တစ်နိုင်ငံလုံးမှာ နံပါတ်တစ်။

ဒါပေမဲ့ ပြဿနာတခုက ထိုနေရာမှာ စည်းကမ်းမရှိ၊ယဉ်ကျေးမရှိ၊ငွေဂုဏ်မောက်နေတဲ့ Rich kidတွေပဲရှိလိမ့်မည်။သူတို့တွေဟာ စာမေးပွဲကိုတဘုန်းဘုန်းကျနေလဲ မိဘတွေအကူအညီဖြင့် ရှောရှောရှူရှူ နောက်အတန်းကိုတက်ရောက်နိုင်သည်။

ထိုထဲမှာတော့ ပြည်သိန်းထိုက်တန်တစ်ယောက်မပါချေ။။ဖခင်ဖြစ်သူထံမှ မအောင်မချင်းတက်ဆိုသည့်အမိန့်ကြောင့် တစ်ကျောင်းလုံးမှာ အသက်ကြီးဆုံးG12ကျောင်းသားအဖြစ်စာရင်းဝင်နေလေသည်။ဒါပေမဲ့လဲ သူ့အရှိန်အဝါကြောင့် မည်သူမျှ မစ‌ရဲ မလှန်ရဲကြ။တစ်ချက်လေးများမှားပြောမိရင်တောင် ဘဝပျက်အောင်ထိလုပ်တတ်တယ်မလား။

ဖခင်ဖြစ်သူ ဦးလွှမ်းမိုးထိုက်တန်ထူထောင်ထားတဲ့HT  Companyဟာ မြန်မာနိုင်ငံစီးပွားရေးမှာ တစ် ချိတ်နေပြီး ‌အောင်မြင်ကျော်ကြားသည်။HT Perfumeဆိုရင် အာရှသာမက ဥရောပထိပါတင်ပို့ရသော နာမည်ကျော်ရေမွှေးတံဆိပ်ဖြစ်သည်။HTကနေခွဲထွက်ထားသော အစားအသောက်လုပ်ငန်း၊ဆေးကိရိယာလုပ်ငန်း၊ပရိဘောဂလုပ်ငန်း စသည်ဖြင့် လုပ်ငန်းခွဲပေါင်းများလဲရှိသည်။

ဦးလွှမ်းမိုးထိုက်တန်ဟာအချိန်တခုအထိတော့ တရားမဝင်မူးယစ်ဆေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပေမဲ့ နောင်တရတဲ့စိတ်ကြောင့်ရယ် တချိန်ချိန်မှာ သားဖြစ်သူကိုထိခိုက်စေနိုင်လာနိုင်သောကြောင့် လူယုံတစ်ယောက်ကိုလွှဲခဲ့ပြီး အနားယူခဲ့သည်။

ထိုက်တန်ဟာ HTရဲ့‌ဆက်ခံသူဖြစ်လို့ ဦးလွှမ်းမိုးက သူ့သားကိုတော်စေချင်သည်၊ရင့်ကျက်စေချင်သည်။ဒါပေမဲ့ ပြည်သိန်းထိုက်တန်ဆိုသည့်ကောင်ဟာ ရင့်ကျက်ဖို့နေနေ‌သာသာ တပတ်တခါသတင်းမှာတက်တက်လာသည့် Datingသတင်းတွေကြောင့် ဦးလွှမ်းမိုးမှာ ခေါင်းကိုက်နေရသည်။မိတဆိုးလေးဆိုတဲ့အချက်ကြောင့်ပဲ သားဖြစ်သူ ဘယ်လောက်ဆိုးဆိုး နောက်ကွယ်ကနေ တိတ်တိတ်လေးလိုက်ဖြေရှင်းပေးနေမြဲ။
.
.
.
.
.

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

ရန်သူ့မယား [Slave Husband]Where stories live. Discover now