Episode-13

743 40 7
                                    

ဂူးမှာ ပြတင်းပေါက်လေးအား မေးတင်ကာ
မောင်များ ရောက်လာမလား ဆိုပြီး မျှော်နေမိပါရဲ့.။

ဦးမြတ်သာမှာ သားဖြစ်သူ လက်မထပ်မပြီးသေးသ၍
ဂူးကို အပြင်ထွက်ခိုင်းမည်မဟုတ်ပေ ထို့ကြောင့်
အိမ်အကူ တစ်ယောက်ပါ ထိုအိမ်၌ထားရှိစေ၏

ဂူး၏ မျက်ရည်များနှင့် ပင်ပန်းနေတာကို အိမ်အကူ အမျိုးသမီးကပင် သနားမိတာ အမှန်...

"ဂူး.... အ မ ထမင်းဝိုင်း ပြင်ပြီးပြီး စားရအောင်နော်
မစားချင်ဘူး ဆိုလည်း နည်းနည်းလောက်တော့
စားလိုက်ပါလား"

"..............."

ဂူးမှာ ငိုသံလေးနှင့် အပြင်ဘက်သို့ ကြည့်နေတာ မျက်နှာပင်
မလွှဲ....

"နေပါစေ အမရယ်... မောင်လာရင် ထွက်ကြိုမလို့
စောင့်နေတာ... ။ မောင်လာမှ တူတူစားချင်လို့ "

ဂူး၏ မျက်ရည်ကျနေသော မျက်လုံးလေးက
ဘယ်လောက်တောင် ငိုထားသည်မသိ....
မျက်လုံးတစ်စုံ နီရဲနေသည်။

"ဂူးရယ်.... မေ့လိုက်ပါတော့နော်... သူက
မကြာခင် လက်ထပ်ရတော့မှာ.."

"ရင်ထဲထိ ရောက်ပြီးသားလူတစ်ယောက်ကို
မေ့ဖို့ဆိုတာ လွယ်တယ်များ ထင်နေတာလား အမရယ်.

မမျှောင့်ဘဲ တွေ့ဆုံခဲ့ပြီး မယုံကြည်နိုင်လောက်အောင်
ချစ်မိသွားတဲ့သူကို ဂူးအသက်ရှင်နေသ၍ မျှော်နေမှာ"

ပြောနေရင်း စီးကျလာသော မျက်ရည်များကို သုတ်ကာ

"ဘာပဲ ဖြစ်ဖြစ် မောင် ဂူးကို လာခေါ်တာ စောင့်ရမယ်
မောင်က သူ့ကို စောင့်မနေရင် စိတ်တိုလိမ့်မယ် အမရဲ့"

အငိုမျက်လုံးအပြုံးမျက်နှာလေးနှင့် ဂူး၏ စကားသံတွေကို ကြားနေရသူ အိမ်အကူ က ပင် ဆက်မကြားနိုင်တော့အောင် ပြင်းထန်းလှ၏ ။

"မောင်ရေ... အမြန်လာခေါ်တော့နော် ဟောဒီက မိန်းမက
မောင်ဝယ်ပေးထားတဲ့ အိကျီလေးကို ဝတ်ပြီး တံခါးနားလေးမှာ စောင့်နေတယ်နော်... 😞 "

မောင်ရောက်မလာမှန်းသိပေမဲ့ မျှော်လင့်တကြီး စောင့်နေမိတာ ညပင် မှောင်လာပြီ

One Night StandWhere stories live. Discover now