Episode-22

525 19 3
                                    


"မောင်မေးတာ ဖြေလေ! အဲ့ကောင်က ဘယ်သူလည်းလို့"

မောင့်ရဲ့ စူးရှရှအော်သံကြောင့် ဝမ်းနည်းလာသော ဂူးမှာ
မျက်ရည်လွယ်လာ၏ ။ ထို့နောက်... ကြမ်းပြင်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး မောင့်ရဲ့ ခြေထောက်နှစ်ချောင်းအား ဖတ်တွယ်ထား၏...... ။ ပေါင်တိုဘောလုံးဘောဘီ ဝတ်ထားတာကြောင့် မောင့်ရဲ့ ခြေတံမှာ ရိတ်ထားသော အ မွေး တိုတိုလေးတွေက မောင့်ရဲ့ အကြည့်တွေလိုပင် စူးရှလှ၏

အမှားကို ဝန်ခံလိုသော မျက်နှာအမူအယာလေးနှင့်
မောင့်ကို မော့ကြည့်ကာ.... အရည်ရွှဲသော မျက်နှာထားနှင့်
ဂူးမှာ ချစ်စဖွယ်အတိပင်

"ဂူး.... အမှန်အတိုင်းပြောပါ့မယ်.... ။ အဲ့တာ.. ဂူးရဲ့...???
ဂူးရဲ့.... "

အမှန်တိုင်းပြောဖို့ မခဲရင်းပေမဲ့ အမှန်တိုင်း သိသွားခဲ့ရင် မောင်များ မုန်းသွားမလားဆိုတာကို ထပ်ခါထပ်ခါတွေးမိနေ၍ ပြောရန် တွန့်ဆုပ် နေမိ၏

ထို့ကြောင့် မောင်မှ ဂူးအား ကုတင်ပေါ် ထိုင်စေပြီး
သူကတော့ ဂူးရဲ့ရှေ့၌ ဒူးထောက်ကာ ဂူးရဲ့ မျက်နှာလေးအား ငေးကြည့်၍

"ရပြီ.. ။ မောင့်မိန်းမလေး အခက်တွေ့စေမဲ့ စကားတွေကို
မောင် မပြောခိုင်းတော့ဘူး... ။ မောင် သိတယ် ။
အဲ့တာ.. ဂူးရဲ့ အချစ်ဦး... မောင့်ရဲ့ အကို ဆိုတာကို
မောင်.. သိပြီပြီ"

"မောင် ဂူးကို မမုန်းဘူးလားဟင်.... ။ ပြီးတော့
ဂူးကို ထားမသွားဘူးမလားဟင်..."

"မင်းကိုမုန်းမလား ဆန်စေ့လေးတွေကို ရေတွက်မလားလို့ မေးခဲ့ရင်... မောင်လေ... ဆန်တွေပဲ ရေတွက်လိုက်မယ်သိလား....။ ဟောဒီက မောင့်မိန်းမလေးကိုတော့ ဘယ်သောအခါမှ မမုန်းဘူး... ပြီးတော့... အခြားသူဆို မောင် မုန်းရင်မုန်းမိမှာ ဒါပေမဲ့.... ဟောဒီက မောင့်မိန်းမလေးကိုတော့...
မမုန်းရက်ပါဘူး ။ ဝတ္ထုထဲကလိုလည်း မရက်စက်ချင်ဘူး
ဘာလို့လည်းဆိုတော့ မောင် နောင်တမရချင်လို့ ။

ဆက်ဆံရေးတစ်ခုမှာ ပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး
တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က ခွင့်လွှတ်ပေးပြီး
ချစ်ပေးနိုင်ဖို့ပဲ လိုအပ်တာမို့ မောင်မြတ်နိုးလွန်းလို့ တွဲထားတဲ့ လက်ကို ဘယ်တော့မှ လွတ်ချမခံဘူး... ။

One Night StandWhere stories live. Discover now