Episode-23

551 19 5
                                    

"ဂျိမ်း" (မိုးခြိမ်းသံ)

ကျယ်လောင်သည့် မိုးခြိမ်းသံကြောင့် ဂူးတစ်ယောက် ဒူးထောက်ကာ နားနှစ်ဖက်ကို လက်ဖြင့်အူပ်ထားပြီး မျက်လုံးစုံမှိတ်ထားမိအောင် ကြောက်နေမိတာအမှန်ပင်

ထိုစဥ် ဘုန်းမြတ်မောင်မှာလည်း စိုးရိမ်စိမ်အပြည့်နှင့်
မိုးခြမ်းသံဆို ကြောက်တတ်သော ဂူးခမျာ မင်းမြတ်မောင် ဆီမှာ အဆင်များပြေနေမလားဆိုသော အတွေးလေးနှင့်
လမ်းထဲသို့ မောင်းနှင်လာစဥ်..... မိုးရေထဲ၌ ဂူးကိုတွေ့တော့
မျက်လုံးပင် ပြူးသွားကာ... ကပျာကယာ အပြင်ပြေးထွက်လာ၏...

"ဂူး..... ဂူး.... မကြောက်နဲ့နော်... အကို မင်းဘေးမှာ အခု ရှိနေပြီနော်....။ မကြောက်နဲ့... မကြောက်နဲ့ "

တုန်ရီနေသော ဂူး၏ ခန္တာကိုယ်လေးအား တယုတယ ထွေးပိုက်ရင်း စီးကျလာသော မိုးရည်စက်တွေနှင့် အတူ လမ်းမပေါ်၌ စက္ကန့်အနည်းငယ်... ငြိမ်သက်နေမိ၏..

"ဟင်... ဂူးလေး ငိုနေတာလား... ။ မငိုပါနဲ့ကွာ... မင်းငိုရင်
အကို ဟော့ဒီရင်ဘက်ကြီးက ဆူပွက်နေအောင် မခံစားနိုင်လို့ပါကွာ... ။ မငိုနဲ့တော့နော်.... ။ ပြီးတော့ ဂူးက ရေအကြာရီး အထိခံလို့ မရဘူးမလား... အိမ်ပြန်ကြမယ်နော်...."

အချိန်အတော်ကြာအောင် ဂူးဆီက တုံ့ပြန်ချက်ကို မကြားရချေ။ သေချာတာပေါ့ ဂူး... ငိုရလွန်းတာရော...မိုးရေအကြာရီး ထိထားတာရောကြောင့် သတိလစ်သွားချေပြီ...

ထို့ကြောင့် ဘုန်းမြတ်မောင် မှ ဂူးအား ချီမ၍ ကားပေါ်တင်ကာ ထိုနေရာမှ အမြန်ထွက်သွားလေ၏...

ထိုအခိုက်အတန့်လေးကို မင်းမြတ်မောင် တစ်ချိန်လုံး အဝေးက ငေးကြည့်နေရင်း... ရင်နှင့်အမျှ ဘယ်လောက်တောင် ခံစားနေရမလည်း....။

ဂူးကြောင့်ဆိုတဲ့ အကြောင်းပြချက်လေးနှင့် ရပ်တည်နေသော မောင့်မှာ.... မိုးရည်ထဲ ဒူးထောက်၍ ဝေးဝါးနေသော အမြင်လေးနှင့် ဂူးရှိရာ ကားနောက်ပိုင်းလေးအား ငေးကြည့်ကာ... လမ်းမထက်သို့ လဲကျသွားပြီး.. သူ့ရဲ့လက်လေးနှင့် ဂူးကို ခေါ်နေသော ဟန်နှင့် ပါးစပ်၌ တစ်ခုတည်းသော ပိုင်ဆိုင်မှုလေးအား ဖွဖွလေးခေါ်နေမိ၏....

One Night StandWhere stories live. Discover now