Episode-26 🔞

704 24 3
                                    

"ဦးလေးရီး.... ဘာလို့ အရက်တွေ ခုထိသောက်နေရတာလည်း.....။ လာ ပြန်မယ်...."

လောကကြီးကို စိတ်ကုန်နေသူ ဘုန်းမြတ်မောင် မှာ
ကလပ်တစ်ခု၌ အရက်တွေ မရပ်မနားသောက်နေစဥ်
သူမသိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဆူငေါက်တာ
ခံ လိုက်ရ၏

"မင်းက ငါကို သိလို့လား...  ဟမ် "

"သိတာ မသိတာ နောက်မှထား... အခု ဘယ်ချိန်ရှိပြီလည်း
ပြန်ကြည့်ဦး....။ လူက အသက်ကြီးနေပြီ ကလေးစိတ်က
မပျောက်သေးဘူး.... ။ "

"ဘာလား.... "

ထိုကောင်လေးက အတည်ပေါက်ကြီးနှင့် သူ့အား ဆူငေါက်နေတာ... အနည်းငယ်တော့ တွေးစရာပင်

"အသက်ကြီးရအောင် ငါက အသက်20 စွန်းစွန်းလေးပဲ
ရှိသေးတာကွ...။ ပြီးတော့ အရက်သောက်တာနဲ့ ကလေးစိတ် မပျောက်သေးဘူးလို့ ဘယ်သူပြောလည်း ။ မုန့်ဖိုးလိုချင်လည်း ပေးလိုက်မယ်... အာရုံလာမနောက်နဲ့... ရော့...
ဒီလောက်ဆို လောက်တယ်မလား"

"ခွန်းက မုန့်ဖိုးလိုချင်လို့ ဦးလေးရီးကို လာဆူနေတာမဟုတ်ဘူး။ ဦးလေးရီးကို....."

ခွန်းဆိုသည့် ကောင်လေး စကားပြောလို့တောင် မပြီးသေးခင်မှာပဲ ဘုန်းမြတ်မောင် စာပွဲပေါ် မှောက်သွားလေပြီ...

ထိုကောင်လေးမှ ဘုန်းမြတ်မောင်ကို မျက်မှောင်ကျုံ့ပြီး ကြည့်ကာ သက်ပြင်းချလိုက်၏

"ဒယ်ဒီကလေ.... ဘယ်လိုလူဆီမှာ သူ့သားကို နေဖို့
လွှတ်ပေးလိုက်လည်း မစဥ်းစားတတ်တော့ဘူး....။
သူ့ကိုယ်သူတောင် မထိန်းနိုင်တာ... ငါ့ကို..ဘယ်လို
စောင့်ရှောက်ပေးနိုင်မှာလည်း....။ ဟင်း....."

ခွန်းမြူဝေ ဆိုသည့်ကောင်လေးက UK မှာ ဘုန်းမြတ်မောင် ကို ဆေးရုံကိစ္စတွေရော.. အလုပ်ကိစ္စတွေပါ ကူညီပေးသည့်
သူငယ်ချင်းဖြစ်သူ ဦးဒီပါလင်္ကာ၏ တစ်ဦးတည်သော သား
ဖြစ်၏...

ဘုန်းမြတ်မောင်၏ အချစ်ရေးကိစ္စကို ဒီပါလင်္ကာက အသိဆုံးမို့ ယခုအခြေအနေ၌ ဘုန်းမြတ် အထီးမကျန်စေဖို့ ခွန်းမြူဝေကို မြန်မာပြည်သို့ လာစေခြင်းပင်ဖြစ်၏.....

ခွန်းမှာ ဘုန်းမြတ်၏ အိမ်ကိုမသိတာကြောင့် သူတည်းနေသော ကွန်ဒိုသို့ ခေါ်သွားပြီး ဘုန်းမြတ်၏ အရက်နံ့တွေ စွန်းထင်းနေသော အိကျီကို လဲပေးရန် ချွတ်လိုက်၏

One Night StandWhere stories live. Discover now