ကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ကံကြမ္မာ
ဆိုတာကိုယုံသလား။
နောက်ပြီးတော့ ချစ်ခြင်းမေတ္တာကိုရောယုံကြည်လား။•••
"ထယ်"
သူ့ကို မီးပြတိုက်အပေါ်မှာ ကောက်ရခဲ့တာလေ။
နှုတ်ခမ်းနီနီ...သွားညီညီနဲ့ကလေးတစ်ယောက်ပေါ့။အဲ့ဒီတုန်းကတော့ အနာဂတ်မှာ ကျွန်တော့်အနောက်ကို တစ်ကောက်ကောက်လိုက်နေမဲ့
ကလေးလို့မထင်ခဲ့မိဘူး။သိပ်ပြီးလူကြီးလုပ်ချင်တဲ့ကလေးဆိုတာလည်းမသိခဲ့ဘူး။စတော်ဘယ်ရီတွေကြိုက်မှန်းမသိခဲ့သလို
ကော်ဖီ မကြိုက်မှန်းလည်းမသိခဲ့ရပါဘူး။ပြီးတော့ သူ့အရပ်က ကျွန်တော့်လောက်
မရှည်သေးဘူး။
ကျွန်တော် သူ့ကိုပွေ့ချီနိုင်သေးတယ်။
ထမင်းစားချိန်ဆို ထမင်းခွံ့ကျွေးရတယ်။
ကျွန်တော်ပေါင်ပေါ်မှာ ခေါင်းအုံးပြီး
ကျွန်တော့်ပခုံးပေါ်မှီခိုတတ်တယ်။စိတ်ကြီးတဲ့စနေသားရယ် ဆိုပေမဲ့.....
မဟုတ်မခံကောင်ငယ်လေးဆိုပေမဲ့
ထယ် လို့ ခေါ်ပြီး ခေါင်းလေးပုတ်ပေးတဲ့အခါတိုင်း
ရင်ဘက်ကိုမျက်နှာလာအပ်တတ်တယ်။ရယ်မောစရာရှိရင်စိတ်လွတ်ကိုယ်လွတ်
ရယ်မောတဲ့သူ။
စိတ်မရှည်တဲ့အခါမျိုးမှာ အော်ချပစ်လိုက်တဲ့သူ။ချစ်စရာရှိရင်ပုံအောချစ်ပြလိုက်တဲ့သူ။
အဆင်မပြေတာရှိရင်တော့
အားမနာတမ်းပြောချလိုက်မဲ့သူ။အကျယ်ကြီး နှာချေချင်လည်းချေပစ်လိုက်မယ်။ တွေ့ရာကြုံရာနေရာမှာခွေခွေလေး
အိပ်ရင်လည်း အိပ်ပစ်လိုက်မယ်။
သူစားချင်တာရှိရင်လည်း ဘာဘာညာညာ
တွေးမနေဘူးတောင်းစားလိုက်မှာပဲ။ဥတုသုံးပါးစလုံးမှာ အညိုရောင်
အနွေးထည်တွေကို အမြဲတမ်းလိုလိုဝတ်လေ့ရှိတယ်။
လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေရှိတယ်။
မျက်စံညိုတွေ...ခပ်ပြေပြေလေးကွေးနေတဲ့
ဆံပင်အညိုတွေ.......ပြီးတော့
သူ့အခန်း၊သူ့အသုံးအဆောင်တွေ
အားလုံးက အညိုရောင်တွေချည်းပဲ။
ဘုရားသခင်က အညိုရောင်ကို ဖန်ဆင်းခဲ့တုန်းက
ထယ့်အတွက်ဆိုပြီး သတ်မှတ်လိုက်တယ်ထင်ပါရဲ့။
အညိုရောင်တွေက ထယ့်အတွက်သီးသန့်လိုပဲ။
ထယ်ဟာ အညိုတွေနဲ့သိပ်လိုက်ဖက်တာပဲ။
YOU ARE READING
ပန်းတွေညိုးတဲ့ဒိုင်ယာရီ
Fanfictionကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ကံကြမ္မာ ဆိုတာကိုယုံသလား။ နောက်ပြီးတော့ ချစ်ခြင်းမေတ္တာကိုရောယုံကြည်လား။