စာမျက်နှာ-၂

50 13 5
                                    

အဖေရယ်အမေရယ် ခေါ်စရာ
မရှိတော့တဲ့ကလေးတွေရဲ့ဘဝဟာ နေရာထိုင်ခင်းပဲရှိတဲ့
အိမ်ခြေရာမဲ့လေးတွေလိုပါပဲ။

အမိုးအကာရှိကောင်းရှိလိမ့်မယ်။
ကျောတစ်ခင်းစာ နေရာ ရှိကောင်းရှိလိမ့်မယ်။
လုံခြုံနွေးထွေးခြင်းတွေမှာတော့အမြဲတမ်းထာဝရကွက်လပ်တစ်ခုဖြစ်နေပါလိမ့်မယ်။

အဲ့ဒီကွက်လပ်ပေါက်အတွက်
ဘုရားသခင်က လူတစ်ချို့ကို အစားထိုး
နှစ်သိမ့်ပေးလိုက်တယ်ထင်ပါရဲ့။

သားသမီးအချစ်.....မြေးအနှစ်တဲ့။
အဘွားဟာ ကျွန်တော့်ဘဝရဲ့ အချစ်ဦး။ကျွန်တော် ပထမဆုံးချစ်မြတ်နိုးရတဲ့ အမျိုးသမီး။
‌ကျွန်တော့်အတွက် အဖွားဟာအမေပါပဲ။

နောက်ပြီးတော့....သူ။
သူပြီးရင်တော့
မျက်လုံးပြာပြာ၊ဆံပင်ဝါဝါနဲ့ကလေးမပေါ့။

အတိတ်ကိုရုတ်တရက်စဉ်းစားမိရင်ထွေထွေထူးထူး အမှတ်တရရယ်လို့
များများစားစားမရှိပါဘူး။

ကျွန်တော့်ရှေ့တင် မီးပြတိုက်ပေါ်ကခုန်ချသွားတဲ့
မမရယ်။ လူကြီးရောဂါနဲ့ပဲတိမ်းပါးသွားတဲ့အဖွားရယ်၊အချိန်တိုင်းရိုက်နှက်ဆုံးမတတ်တဲ့
အဒေါ်ရယ်....ဒါပါပဲ။

ငယ်ဘဝဟာ ဘယ်အချိန်အရိုက်ခံရမလဲတွေးကြောက်နေရတာနဲ့တင်ရိုးရှင်းစွာကုန်ဆုံးခဲ့တယ်။

အတက်နိုင်ဆုံးမေ့ဖျောက်ဖို့ကြိုးစားပေမဲ့လည်းမတတ်နိုင်တာက
အိမ်မက်တွေအဖြစ်ပြန်ပြန်ပေါ်လာတာတွေပါပဲ။တစ်ခါတစ်ရံ ကျွန်တော်လန့်နိုးရင် ဘေးမှာ အိပ်ပျော်နေတဲ့ထယ်ပါ နိုးသွားတတ်တယ်။

အစပိုင်းတော့ ကျွန်တော့်စိတ်အနာတရတွေသက်သာလိုသက်သာငြား သူစဉ်းစားမိသလောက်စကားလုံးတွေနဲ့ရွေးချယ်နှစ်သိမ့်ပေးတတ်ပေမဲ့တစ်ညမှာတော့
ကျွန်တော့်ပခုံးတွေဖျစ်ညစ်ရင်းမေးတယ်။

"သွားသတ်ပေးရမလားတဲ့"။

အဒေါ့်ယောကျာ်းကြောင့် မမဘဝပျက်ပြီးအသက်ပါပေးလိုက်ရတဲ့နာကျင်မူ့ကစလို့
အဒေါ်ရိုက်လွန်းလို့ ထယ့်အိမ်က မွေးစားလိုက်တဲ့အထိ.... အဖြစ်အပျက်တိုင်းမှာ မနာရတာတစ်ခုမှမရှိခဲ့ဘူး။ကျွန်တော်ပြောသားပဲလေ ကျွန်တော့်အတိတ်က ရိုးရှင်းတယ်။မှတ်မိနေတာဆိုလို့နာတာနဲ့ကြောက်တာ နှစ်ခုတည်းပါပဲ။

ပန်းတွေညိုးတဲ့ဒိုင်ယာရီWhere stories live. Discover now