စာမျက်နှာ -၄

45 10 4
                                    

အင်မတန်စကားတတ်ပြီး တီတီတာတာလေး
တွေပြောတတ်တဲ့ကလေးမို့ ထယ်ငြိမ်ကျသွားတော့
ကျွန်တော့်မှာ ရခဲ့ဖူးတဲ့ စိတ်ဒါဏ်ရာတွေကို ပြန်ငဲ့ကြည့်ဖို့ မအားလပ်တော့ပါဘူး။ထယ်ဖြစ်ချင်တာကိုပဲ ဦးစားပေးပြီး ထယ်ပျော်ဖို့ကိုပဲ
စဥ်းစားခဲ့တယ်။ဒါပေမဲ့လို့ ထယ်ဟာ သူ့အနာတရနဲ့သူ
တိတ်ဆိတ်စွာငြိမ်သက်ရှင်သန်ရင်း
ကျွန်တော်ရှေ့ကရပ်တည်ပေးမြဲ...ကာကွယ်ပေးမြဲ...ကျွန်တော့်ကိုလူကြီးလုပ်ချင်မြဲပါပဲ။

တစ်ချို့ညတွေ ဆို အကြောင်းအရင်းမရှိ
"ဟျောင်း .....ဂျီမင်းဟျောင်းလို့ " တစ်ဖွဖွခေါ်
တယ်။
"အင်း ဟျောင်း ရှိတယ်လို့ " အသံပြုမှသူငြိမ်ပြီး
အိပ်ပျော်သွား‌တာ။
ညတော်တော်များများမှာ ထယ်ဟာ မအိပ်ဘူး။
ငူငူငိုင်ငိုင်နဲ့ ထိုင်ပြီး အချိန်ကုန်သွားတာများတယ်။
အသိနဲ့ သတိဟာ ကင်းကွာနေတတ်ပြီး သူ့ကို
စကားတစ်ခွန်းပြောရုံလောက်နဲ့ဆို မလုံလောက်ဘူး။
မကြားလိုက်တာများတယ်။
ပြီးမှ သူ့မှာပြန်မေးရတယ်။
"ဟမ် ဘာပြောတာလဲ"ဆိုပြီးတော့ပေါ့။
ပြီးရင် ထယ်က သိပ်မေ့တတ်တာ
"ငါမင်းကိုပြောစရာ တစ်ခုရှိတာ ဒါပေမဲ့ ငါစဉ်းစားလို့ရတော့ဘူး"လို့ ခဏခ‌‌ဏပြောတယ်။သူ့အတွေးနဲ့သူဘာသာ
တစ်ယောက်တည်း ရှုပ်ထွေးနေပြန်တာပဲနေမယ်။

သူအထီးကျန်နေသလား။ဒါမှမဟုတ် သူ့ဘဝကို
သူမကျေနပ်လေသလားတော့ သူကိုယ်တိုင်ပဲ
သိပါလိမ့်မယ်။
တစ်ခါတုန်းကတော့ ကျွန်တော်တို့အတူထမင်းစားနေရင်း"မိုးရွာပြီ ဟျောင်း ထထ "ဆိုပြီး ကျွန်တော့်ကို
မီးပြတိုက်ဆီခေါ်သွားခဲ့တာ။ဟိုလည်းရောက်ရော
လှိုင်းလုံးတွေကို အတူတူငေးကြည့်ရင်းတစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ကိုင်ထားခဲ့ကြတာလေ။ရုတ်တရက်ကြီးထယ်က ကျွန်တော့်ကိုမေးတယ်။"ငါနဲ့ အတူသေရဲလား" တဲ့။

သူ့မေးခွန်းကို တွေဝေခြင်းမရှိ "သေချာတာပေါ့"လို့
ဖြေတော့ ထယ်က ပြုံးပြပါတယ်။
နှစ်ပေါင်းများစွာကြာမှပြန်မြင်ရတဲ့အပြုံးမို့
အဲ့ဒီအပြုံးဟာ ကျွန်တော့်ထွက်သက်အထိ
ကျွန်တော့် အာရုံမှာစွဲမြဲနေပါလိမ့်မယ်။ပြီးတော့
မိုးရေထဲမှာ အကြာကြီးပွေ့ဖက်ထားခဲ့ကြဖူးပါတယ်။

ပန်းတွေညိုးတဲ့ဒိုင်ယာရီWhere stories live. Discover now