စာမျက်နှာ-၃

47 11 4
                                    

အခုတလော ထယ့်ကျန်းမာရေးက တော်တော်
ဆိုးလာတယ်။
ထယ့်မေမေလည်းခေါင်းကိုက်နေမှာပဲ။

ထယ်နေကောင်းဖို့ ဂရုစိုက်ရတာ တစ်ဖက်
အစားထိုးဖို့လိုတဲ့အခါ
ကျွန်တော့်ကို ဘယ်လို ရှင်းပစ်ရမလဲလို့
ကြိုတင်ကြံစည်နေရတာ တစ်ဖက်နဲ့ပေါ့။

လူသတ်တယ်လည်း မမည်ရအောင် ....ကျွန်တော်
အသက်မရှိတော့ဘူးဆိုတာနဲ့ ချက်ချင်း
နှလုံးအစားထိုးဖို့လည်းစီစဉ်နိုင်အောင်....
အစစအရာရာ ပိပိရိရိသပ်သပ်ရပ်ရပ်နဲ့ အံဝင်ခွင်ကျ
ဖြစ်ရအောင်စဉ်းစားတွေးခေါ်ရတာ
လွယ်တော့ဘယ်လွယ်ပါ့မလဲ။

ညတိုင်းလိုလို ဘေးမှာ အသက်ရှူသံမှန်မှန်.....အေးအေးလူလူ
အိပ်ပျော်နေတဲ့ ထယ်နဲ့ဆန့်ကျင်စွာ
ကျွန်တော့်မှာတော့ မအိပ်နိုင်....မစားနိုင်။

သူတို့မကြာခင် ကျွန်တော့်ကို သတ်ပစ်ကြ
တော့မယ်။အဲ့ဒီကိစ္စဟာ အနှေးနဲ့အမြန်ဆိုတာ
ကျွန်တော်ရိပ်မိသားပဲ။
အမှန်အတိုင်းဝန်ခံရရင် ကြောက်ပါတယ်။
အသက်ရှင်ရမှာကိုရော....သေရမှာကိုရော
တူညီစွာတစ်ပြိုင်တည်းကြောက်ခဲ့ဖူးပါတယ်။

ဘာကိုမှ မတွေးနိုင်တာကြောင့်   တစ်ညမှာတော့
သူတို့နဲ့ဝေးရာကိုမျက်လုံးစုံမှိတ်ပြေးဖူးတယ်။ဒါပေမဲ့ဘယ်ကိုပြေးရမလဲ ကျွန်တော်မသိဘူး။
ဘယ်နေရာက လုံခြုံသလဲ ဆိုတာကိုရောပဲ။
ဖွက်ပေးထားမဲ့ ....ထွေးပွေ့ထားမဲ့ တစ်စုံတစ်ရာ
ဆိုတာလည်း မရှိပါဘဲနဲ့လေ။

အဲ့ဒီအချိန် ကျွန်တော့်နားထဲမှာ အသံတစ်ခုကြား
လိုက်ရတယ်။ကျယ်ကျယ်လောင်လောင်ဩရှရှ
အသံဟာကျွန်တော့်ကို အားကိုးတကြီး ခေါ်တဲ့အခါတိုင်း
ကြားရတဲ့အသံ...။
ကျွန်တော့်ကို ကာကွယ်ချင်တိုင်းကြားရတတ်တဲ့အသံ....။

တုန့်ကနဲ ခြေလှမ်းတွေကို ရပ်ပစ်ပြီးနောက်လှည့်
ကြည့်တော့ကျွန်တော့်ဆီပြေးလာတဲ့ ထယ့်နဖူးမှာ ချွေးစတွေနဲ့။သူမှအမောမခံနိုင်တာ။

ပြီး‌တော့သူ့နှုတ်ခမ်းလေးတွေပြာနေတယ်။ရင်ဘက်ကိုလည်း လက်တစ်ဖက်နဲ့ဖိထားသေးတယ်။ဘယ်လောက်တောင်နာသည်းစရာကောင်းသလဲဆိုရင်.....မောဟိုက်နေရင်းတောင်မှ သူဟာလေ
မရမကနဲ့ကျွန်တော့်ကိုပြုံးပြနေပါသေးတယ်။

ပန်းတွေညိုးတဲ့ဒိုင်ယာရီWhere stories live. Discover now