Part -1

540 47 6
                                    

အိုဟောင်းနေတဲ့ ကျောင်းဆောင်ပျက်ထဲကို အလောတကြီး ပြေးဝင်လာတဲ့ အမျိုးသား
တစ်ဦး။ထိုင်ခုံတွေနဲ့ ရှုပ်ပွပျက်စီးနေတဲ့ အခန်းငယ်တစ်ခုအရောက်ထိုအမျိုးသားရဲ့ခြေလှမ်းတွေကရပ်တန့်သွားသည်။ထိုအခန်းငယ်ထဲမှာ လဲကျနေတဲ့ လူ၃ယောက်နဲ့ နံရံကိုမှီပြီးထိုင်နေတဲ့ကောင်လေးတစ်ဦး ။ထိုကောင်လေးရဲ့ဘေးနားမှာ သွေးတွေနဲ့လဲနေတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်

" ရှန်ချွမ်ရွေ့ "

ထိုအမျိုးသားက ခေါ်လိုက်တော့ နံရံကိုမှီ
ပြီးထိုင်နေတဲ့ကောင်လေးက မော့ကြည့်လာသည်။ထိုနောက် နံရံကိုအားပြုကာ ထရပ်လိုက်ပြီး သူ့ဆီကို တရွေ့ရွေ့နဲ့လျှောက်လာ
သည်။

" ကိုကို ရောက်လာပြီလား "

ချွမ်ရွေ့က လေသံတိုးတိုးလေးနဲ့မေးလာသည်။

" မင်း ဒိုဆူဟွန်းကို ဘာလုပ်လိုက်တာလဲ "

ကင်မ်ဂျီအွန်း သူ့ရှေ့မှာ ရပ်နေတဲ့ ရှန်ချွမ်ရွေ့ကို တွန်းဖယ်လိုက်ပြီး သွေးတွေနဲ့လဲကျနေတဲ့ ဒိုဆူဟွန်း ဆိုတဲ့ကောင်လေးဆီကို သွားလိုက်
သည်။

အဟက် *

ချွမ်ရွေ့ နာနာကျင်ကျင်ပြုံးလိုက်မိသည်။

ကိုကိုရဲ့ သက်ဆိုင်သူဖြစ်နေခဲ့ပင်မဲ့လည်း ကိုကိုရဲ့ရွေးချယ်မှုက အဆုံးထိ ဒိုဆူဟွန်း ဖြစ်နေခဲ့တာပဲ။

ကိုကိုနဲ့သူ့ကို ဘယ်အရာတွေက ဝေးကွာစေခဲ့တာလဲ။မဟုတ်သေးဘူး ကိုကိုနဲ့သူက ဘယ်တုန်းကမှ မနီးစပ်ခဲ့တာ......

ဘယ်အခြေအနေမှာမဆို ချွမ်ရွေ့နဲ့ဒိုဆူဟွန်းက ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ။ငယ်ငယ်ထဲကနေအခုချိန်ထိ ။

အခုလည်းကြည့်ပါဦး သက်ဆိုင်သူဖြစ်တဲ့
သူ့ကို ဘာဖြစ်သွားလဲမေးရမဲ့အစား ဒိုဆူဟွန်းကိုပဲ ကိုကိုက စိတ်ပူနေခဲ့တာ။ချွမ်ရွေ့ သူနဲ့မသက်ဆိုင်တဲ့နေရာကနေ ကိုကိုတို့ကိုကျောခိုင်းကာ ထိုနေရာကနေ ထွက်လာခဲ့သည်။

"ဆူဟွန်း.....ဆူဟွန်းနား "

ကင်မ်ဂျီအွန်း လှုပ်နှိုးလိုက်တော့ ဒိုဆူဟွန်းရဲ့
မျက်ခွံတွေက လှုပ်ရှားလာသည်။

" ဟျောင်း "

" အင်း ဘယ်နားနာနေလဲ ကိုယ့်ကိုပြော "

" ဘာကိုနာရမှာလဲ "

အကောင်းအတိုင်းပဲ ထထိုင်လာတဲ့ ဒိုဆူဟွန်းကိုတွေ့တော့ ကင်မ်ဂျ်ီအွန်း မျက်မှောင်ကျုံ့လိုက်မိသည်။

"ဟင် သွေးတွေလေ ဒဏ်ရာရာထားတာမဟုတ်ဘူးလား "

ဒိုဆူဟွန်းရဲ့ လက်တွေမှာ ပေကျံနေတဲ့သွေးတွေကို လက်ညိုးထိုးပြလိုက်သည်။

" ဟင် ကျွန်တော်ဆီမှာ ဒဏ်ရာလည်းမရှိပါဘူး ဘယ်ကသွေးတွေရောက်လာတာလဲ ဒါနဲ့
ရစ်ခီရော........သူ ကျွန်တော်အစား ဝင်ခံလိုက်တာ ဒဏ်ရာရထား......"

ဒိုဆူဟွန်း ရဲ့ စကားမဆုံးခင် ကင်မ်ဂျီအွန်း
ထရပ်လိုက်ပြိီး စောနက ချွမ်ရွေ့ထိုင်နေတဲ့နားကိုကြည့်လိုက်တော့ ရဲရဲနီနေတဲ့
သွေးကွက်ကြီးနဲ့ ချွမ်ရွေ့လျှောက်သွားတဲ့
လမ်းတစ်လျှောက် ကျန်ခဲ့တဲ့ သွေးစက်တွေ

ချွမ်ရွေ့က အင်္ကျီအနက်ဝတ်ထားတာကြောင့် သူသတိမထားခဲ့မိတာ။

" ဟျောင်း ဘာဖြစ်...... "

ဒိုဆူဟွန်းရဲ့ စကားမဆုံးခင် အပြင်ကိုပြေးထွက်သွားတဲ့ ဂျီအွန်းကြောင့် ဒိုဆူဟွန်း ထရပ်ကာနောက်က ပြေးလိုက်လာရသည်။

ရှေ့ကနေခြေတံရှည်တွေနဲ့ပြေးနေတဲ့ ဂျီအွန်းနောက်ကို ဒိုဆူဟွန်း မနည်းအမှီလိုက်နေရသည်။ အဆောက်အဦးပျက်ကြီးနဲ့ အတော်လေးဝေးတဲ့ တစ်နေရာအရောက် ဂျီအွန်းရဲ့ခြေလှမ်းတွေကရပ်တန့်သွားသည်။

" ဟျောင်း ဘာဖြစ်လို့လဲ "

ဒိုဆူဟွန်း အမောဖြေရင်း ထပ်မေးလိုက်ပင်မဲ့
ဂျီအွန်း ကပြန်ဖြေမလာခဲ့ပါ။

အတန်ကြာမှ ​စကားသံထွက်လာသည်။

" ဆူဟွန်းနား ဒီတစ်ခါလည်း ကိုယ်ထပ်ပြီးအမှားလုပ်မိပြန်ပြီ "

*****
TBC

ဉာဏ်အလင်းပွင့်တုန်းက ရေးထားတာလေး
တင်ဖို့ အခါခါစဥ်းစားပြီးမှ တင်လိုက်ပါပြီ ။
မကောင်းမကန်းလေးကို အဆင်ပြေမပြေလေး ပြောပေးခဲ့ကြပါဦး(▼へ▼メ)

Mistake Where stories live. Discover now