Part -2

264 39 8
                                    

20.5.2009 ခုနှစ် (ချွမ်ရွေ့အသက်-5နှစ်)

ဒီနေ့က ရှန်အိမ်တော်ရဲ့ သခင်လေး အသက်
၅နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် မွေးနေ့ပွဲအတွက်ပြင်ဆင်နေကြသူများနဲ့ ပျားပန်းခပ်
အလုပ်များနေကြသည်။

" သားသားရေ "

မွေ့ယာထူထူထက်မှာ ဝက်ဝံရုပ်ကြီးဖက်လျက်အိပ်မောကျတဲ့ သူမသားငယ်လေးကို
အသာအယာနှိုးလိုက်ပင်မဲ့လည်း မွေးနေ့ရှင်ကလေးဖြစ်တဲ့  သခင်လေး ရှန်ချွမ်ရွေ့ကတော့ အအိပ်မက်တဲ့ကလေးငယ်လေးဖြစ်တာကြောင့် အင်း အဲ နဲ့အသံပြုကာ ဆက်အိပ်နေခဲ့သည်။

ဘေးတစ်စောင်းလေးအိပ်နေတာကြောင့်
ပါးဖောင်းဖောင်းကလေးဟာ ခေါင်းအုံးနဲ့ထိကပ်နေပြီး နှုတ်ခမ်းသေးသေးလေးတွေက အနည်းငယ်စုချွန်နေသေးသည်။

ရှန်သခင်မဟာ သူမရဲ့သားငယ်လေးကို အသည်းယားလာတာကြောင့် ပါးဖောင်းဖောင်းအိအိကလေးကို ငုတ်နမ်းပြီး ထပ်နှိုး
လိုက်သည်။

" ရွေ့ရွေ့လေး ထတော့လေ အောက်မှာ
သားရဲ့ ဂျီအွန်းကောကော ရောက်နေပြီလေ"

ဂျီအွန်း ဆိုတဲ့ အသံကြားတာနဲ့ စောနကထိ
အိပ်နေတဲ့ သခင်ငယ်လေးဟာ ဆက်ကနဲ
ထထိုင်လာသည်။

" အိုက်ဂူးးး ဖြေးဖြေးထပါ မားရဲ့ မင်းသား
လေးရဲ့ ခေါင်းတွေမူးသွားမှဖြင့် "

" မာမား သွားနှင့် သား ရေချိုးပြီးလိုက်လာခဲ့မယ် ကောကော ကို ခဏစောင့်လို့ပြောပေးထားနော် "

အသက်ရွယ်အားဖြင့် ငါးနှစ်သာရှိသေးပင်မဲ့
လူတတ်ကလေးလုပ်နေတဲ့ ချွမ်ရွေ့က  ဘယ်သူ့အကူအညီမှမယူပဲ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ဆောင်မှုကို ကျွမ်းကျင်နေပြီဖြစ်သည်။

လှုပ်တုတ်လှုပ်တုတ်နဲ့ ရေချိုးခန်းထဲပြေးဝင်
သွားတဲ့ ချွမ်ရွေ့လေးကိုကြည့်ပြီး ရှန်မာမားဟာသက်ပြင်းချတယ်။သူမရဲ့သားက ဂျီအွန်းဆိုတဲ့ကလေးကို တွယ်ကပ်လွန်နေသည်မဟုတ်လား။

********
ချွမ်ရွေ့ မာမားဆင်ပေးလိုက်တဲ့ အဖြူရောင်
suitကလေးဝတ်လို့ အောက်ထပ်ကိုဆင်းလာတော့ သူရဲ့ ဂျီအွန်းကောကောက အနက်ရောင် suitကလေးနဲ့ လူကြီးတွေကြားမှာ 
တည်တည်ငြိမ်ငြိမ်လေးထိုင်နေသည်။

Mistake Where stories live. Discover now