Part - 3

235 44 9
                                    

2014ခုနှစ် (ချွမ်ရွေ့အသက်-10နှစ်)

မူလတန်းနောက်ဆုံးနှစ်ကိုရောက်လာတဲ့ ချွမ်ရွေ့လေးက ဝါသနာသေးသေးလေးတစ်ခုကို ရှာတွေ့ခဲ့တယ်။အဲ့ဒါကတော့ ဆေးရောင်စုံခြယ်ပြီး ပန်းချီတွေဆွဲရတာပါပဲ။

မာမားတို့ကို ပန်းချီဆွဲချင်ကြောင်းပြောပြတော့ ချွမ်ရွေ့ရဲ့ ဆန္ဒကိုအလေးထားတဲ့ ရှန်မာမားက ချက်ချင်းပဲ အကောင်းဆုံးဆိုတဲ့ ပန်းချီသင်တန်း​ကျောင်းမှာ ချွမ်ရွေ့ကိုလိုက်အပ်ပေးခဲ့တယ်။

ပန်းချီသင်တန်းစတက်တာမကြာသေးပင်မဲ့ ချွမ်ရွေ့က သူငယ်ချင်းအသစ်ကလေးတစ်ယောက်ရနေပြီ။အဲ့ကောင်လေးက ချွမ်ရွေ့လို ဝါသနာပါလို့ လာတက်တာမဟုတ်ပဲ သူ့
မာမားက နွေရာသိီကျောင်းပိတ်ရက်မှာ မျောက်ရှုံးအောင်ဆော့လို့ ပို့လိုက်တာတဲ့လေ။

သူငယ်ချင်းအသစ်လေးက ချွမ်ရွေ့ကို စနောက်ရတာကြိုက်တယ်။အေးအေးလေးနေတက်တဲ့ ချွမ်ရွေ့က ဘာမှပြန်မပြောသည့်တိုင်အောင် သူငယ်ချင်းအသစ်ကလေးကတော့ စမြဲစဆဲပဲ။

"မာမား ကိုကိုက မလာသေးဘူးလားဟင် "

အဖျားသွေးကြောင့်ရဲတက်နေတဲ့ မျက်နှာဖြူဖြူကသိသာစွာ ညိုးနွမ်းနေသည်။

" မာမားဖုန်းဆက်ထားပါတယ် ကျောင်းဆင်းတာနဲ့ လွှတ်လိုက်မယ်လို့ ဂျီအွန်းမာမားက
ပြောတယ် သားရဲ့"

" အင်း အင်း "

မာမားဆီက အဖြေကြားတော့ ချွမ်ရွေ့ဟာ စောင်ပုံထဲတိုးလို့ ဝင်အိပ်တယ်။

အအေးမိရင်ဖျားနာတက်တဲ့ သူ့အကျင့်ကို
သိပင်မဲ့လည်း မနေ့က ပန်းချီသင်တန်းက
အပြန် ရွာသွန်းလာတဲ့ မိုးကြောင့် မိုးရေစက်တွေနဲ့ ထိတွေ့ရတာကြိုက်တဲ့ ချွမ်ရွေ့ ကားမှန်
ပြတင်းပေါက်ကို ဖွင့်စီးရာကနေ ဒိီနေ့တော့
သင်တန်း ပါမသွားနိုင်တဲ့ထိ အဖျားကကြီးသည်။

အချိန်ကြာလာတာနဲ့အမျှ ကိုကိုက သူ့ကိုရင်းရင်းနှီးနှီးဆက်ဆံလာတက်ပြီး ဖျားနာတိုင်းအနားမှာရှိနေပေးတဲ့ ကိုကိုက အခုလည်း သူဖျားနေပြီဆိုတာ ကင်မ်အိမ်တော်ကို သတင်းရောက်သွားတာကြောင့် လာမယ်ပြောတဲ့ ကိုကို စကားကြောင့်မနက်ကတည်းကစောင့်နေတာ နေ့တစ်ဝက်တောင် ကျော်နေပြီဖြစ်သည်။

Mistake Where stories live. Discover now