Part -7

231 48 15
                                    

Business Major ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်လာတဲ့ တစ်ခါမှမမြင်ဖူးတဲ့
Ferrari ကားအနီရဲရဲလေးကြောင့်  အကုန်လုံးရဲ့ အာရုံက ထိုကားနီလေးဆီမှာ။

ကားပါကင်ကို ကျွမ်းကျင်စွာထိုးပြီးတာနဲ့ ကားတံခါးဖွင့်ပြီးဆင်းလာတဲ့ ကောင်လေးကြောင့် ကျောင်းသူအကုန်လုံးက အံ့သြမင်သက်သွားရသည်။

တစ်ကိုယ်လုံး အနီရောင် တွေချည်း ဝတ်ထားတဲ့ အပြင် ဆံပင်တွေကပါ အနီရောင်ဖြစ်နေတဲ့ သူတို့Major ရဲ့ King ကြောင့် အသက်ရှုတွေတောင် မဝတော့သလို ခံစားလိုက်ရသည်။

အနက်ရောင်တွေနဲ့သာအတွေ့များတဲ့ King လေးက ဒီနေ့ကျမှ ဆံပင်နဲ့လိုက်တဲ့ အနီရောင် suit ကို ဝတ်လာတာမို့ ကျောင်းဝန်းထဲမှာ အများနဲ့မတူပဲ ထင်းခနဲဖြစ်နေသည်။

ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ရင်း သူ့ထက်ငါ အလုအယက်ဖြစ်နေတဲ့ လူအုပ်ကြီးက်ို
ချွမ်ရွေ့ကျော်ဖြတ်ကာ ဗင်းဆီရာ canteen
ဆီကိုသာ ဦးတည်သွားလ်ိုက်သည်။

Canteen ဆီကိုရောက်တော့လည်း အကုန်လုံးရဲ့အာရုံက ချွမ်ရွေ့ဆီမှာတင်ရှိနေပြီး တဝိုးဝိုး
အသံတွေကြောင့် မလွယ်ဘူးဆိုတဲ့ သဘောနဲ့ ချွမ်ရွေ့ခေါင်းရမ်းလိုက်မိသည်။ချွမ်ရွေ့က ကျောင်းမှာ popular ဖြစ်မှန်းတော့သိပါတယ်။
ဒီလောက်ထိ ဂယက်ထကြလိမ့်မယ် ထင်မထားခဲ့မိတာ။အဲ့လိုမှန်းသိ ဟ်ိုလူကြီးစကားကိုနားမထောင်ပဲ စောစောထဲက ဆိုးပါတယ်။

ချွမ်ရွေ့လာတာကို သတိမထားမိပဲ ဖုန်းမှာတင် အာရုံများနေတဲ့ ဗင်းရဲ့ ခေါင်းကို တစ်ချက်ရိုက်လိုက်ပြီး ခုံမှာဝင်ထိုင်လိုက်တော့မှ
မော့ကြည့်လာသည်။

ချွမ်ရွေ့ပုံကိုမြင်တော့ ခွေးပေါက်ကလေးလို မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ပြူးကျယ်သွားပြီး တအံ့တသြဖြစ်နေသည်။

" Rick တကယ်ကြီး "

" အေး တကယ်ကြီး ဘယ်လိုလဲ ငါနဲ့လိုက်လား "

" လိုက်တာထက် အများကြီးပိုပါတယ်ကွာ
အဲဒါကြောင့် စောနက ကောင်မလေးတွေအော်သံကြားလိုက်တာကို ငါက ဒီမှာ share ကစားတာကြည့်နေလို့ မသိလိုက်တာ "

Mistake Tempat cerita menjadi hidup. Temukan sekarang