Part - 6

233 41 18
                                    

ဂိမ်းဆော့နေရာကနေ ခဏဆိုပြီး အိပ်ပျော်သွားတာ ဘယ်ချိန်တောင်ရှိနေပြီလဲ မသိ။နိုးလာတော့ အပြင်ဘက်မှာ မှောင်ရိပ်တောင်သန်းနေပြီ ။ မျက်လုံးတွေကို ပွတ်သပ်ရင်း ဆိုဖာပေါ်ကနေ ငုတ်တုတ်ထထိုင်လိုက်တော့ ကိုယ်ပေါ်ကနေလျောကျသွားတဲ့ Duty coat အဖြူလေးကြောင့် ကိုကို ပြန်ရောက်နေပြီဆိုတာကို ချွမ်ရွေ့သိလိုက်သည်။

" နိုးလာပြီလား "

Toilet ထဲက ထွက်လာတဲ့ ကိုကိုက ချွမ်ရွေ့ ငုတ်တုတ်ထိုင်နေတာကိုမြင်တော့ မေးလာသည်။ချွမ်ရွေ့ ခေါင်းငြိမ့်ပြလိုက်တော့ မျက်နှာသစ်ဦးမလားဟု ပြောလာသည်။

" ရတယ် မသစ်တော့ဘူး "

" အင်း အဲ့ဒါဆို ဒီည Date ကြမလား "

Date? ကိုကိုဘက်ကနေ လိုလိုလားလားနဲ့ ပြောလာတဲ့ ပထမဆုံး Date အကြောင်းမို့
ချွမ်ရွေ့ မျက်ရည်စတွေ ဝေ့သီလာရသည်။

ကိုကိုက ချွမ်ရွေ့ကို ချစ်လာပြီထင်ပါတယ်။

ဂျီအွန်း​Dateရအောင်ပြောလိုက်တော့ မျက်ရည်တွေ ဝေ့သီနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ ကောင်လေးဘေးကို ဝင်ထိုင်လိုက်ပြီး မေးလေးကို ခပ်ဖွဖွလေးကိုင်ကာ ဆွဲမော့လိုက်ပြီး မျက်ရည်စတွေကို သုတ်ဖယ်ပေးလိုက်သည်။

ဒီကလေးက ဂျီအွန်းနဲ့ပတ်သတ်ရင် အရမ်းခံစားချက်လွယ်နေတာ အရင်အတိုင်းပင်။

" မငိုနဲ့တော့လေ ကလေးကျနေတာပဲ "

" ကျွန်တော်ငိုချင်တာမဟုတ်ဘူး မျက်လုံးကသူ့ဘာသာ ငိုနေတာ "

" အော် အဲ့လိုရတာလား "

" အင်း "

ခေါင်းတဆက်ဆက်ငြိမ့်ရင်း ပြန်ဖြေလာသည်က မွှေးပွကြောင်ဖြူလေးနဲ့ တူသည်မို့ ဂျီအွန်းအသည်းယားစွာ ဆံနွယ်ဖြူဖြူလေးတွေကို ဆွဲဖွလိုက်သည်။

" ဆေးရောင်တွေထပ်မဆိုးနဲ့တော့ အခုတောင် ဆံပင်တွေက ကြမ်းနေပြီ။ ပြီးတော့ ဆိုးဆေးတွေမှာပါတဲ့ chemical တွေက ဦးရေပြားကိုထိခိုက်စေတယ် အနက်လေးနဲ့လည်း လိုက်တဲ့ဟာကို "

" ကျွန်တော်မှ အနက်မကြိုက်တာ ကိုကိုကလည်း အခုတောင် အနက်တွေပြန်ထွက်လာလို့ နောက်ရက်ကျရင် သွားထပ်ချွတ်မလား
စဥ်းစားနေတာ "

Mistake Where stories live. Discover now