ch 6

24 5 0
                                    

အခန်း ၆

နောက်တစ်နေ့တွင် ကောင်းကင်သည် တိမ်ကင်းစင်ပြီး ပြာလဲ့လဲ့ လှပနေလေလျက်။

ပျော်စရာကောင်းတဲ့ နွေဦးနဲ့ ဆောင်းဦးအားလပ်ရက်တွေကို ရေးမှတ်ထားတဲ့အခါ မူလတန်းကျောင်းသူကျောင်းသားတွေရဲ့ တေးရေးတွေမှာ ရေးဖွဲ့ထားကြ လေ့ရှိတဲ့ အမှတ်ရစရာကောင်းတဲ့ ဖော်ပြချက်လ်ိုပါပဲ။ သို့သော်လည်း ပူပြင်းသော နွေလယ်ရှိ ဇူလိုင်လ၏ နေ့တစ်နေ့ကို ဖော်ပြသည့်အခါတွင် မည်သူမျှ ပျော်ရွှင်ကြမည် မဟုတ်ပေ။

မိုးလေဝသခန့်မှန်းချက်အရ ယနေ့ အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်ဟု ခန့်မှန်းရတယ်။
(lol ဒီမှာက ၄၂ လောက်ရှိတယ်)

ချီကျင့်က News Channel ရဲ့ဒါရိုက်တာရုံးခန်းသို့ တိုက်ရိုက်သွား၍ နုတ်ထွက်စာတင်သင့်လား စဉ်းစား နေတယ်။ နေပူဒဏ်ခံရမှာကို ကြောက်တာမဟုတ်ပေမယ့် ပူပြင်းတဲ့နေရောင်အောက်မှာ အရေပြားအလွှာတစ်ခု သူ မဆုံးရှုံးချင်လို့ပင်။ ပြင်းထန်တဲ့ လေ ပြင်းတွေနဲ့ နေရောင်အောက်မှာ မကြာခဏ အပြင်ထွက်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ နွေရာသီတိုင်း မကျက်သေးတဲ့ ဒဏ်ရာကို ရေငန်သွန်းလောင်းသလို ခံစားရသကဲ့သို့ ဝေဒနာကို ခံနိုင်ရည်ရှိဖို့ အတွေ့အကြုံ လုံလောက်ပါပြီ။

နှုတ်ထွက်ဖို့ စိတ်ကူးက ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် လည်း အချိန်တိုင်းသူဘာမှ မလုပ်ဖြစ်ဘဲနဲ့ ရိုးရိုးရှင်းရှင်း မေ့ပျောက်သွားပါလိမ့်မယ်။

ချီကျင့် ဒါရိုက်တာရုံးခန်းသို့ မသွားတော့ပေမယ့် ဆေးလိပ်သောက်မလို့ အပြင်ထွက်လာတဲ့ဒါရိုက်တာ နဲ့ တည့်တည့်ကြီး တိုးမိပြန်ပြီ။

ထိုသို့ တွေ့တိုင်း ဒါရိုက်တာက ချီကျင့် နှင့် စကားအနည်းငယ်ပြောလေ့ရှိတယ်။

"ရှောင်ချီ၊ မင်းဒီနေ့ မှရောက်လာတာဆို"

ချီကျင့် နေမ၀င်မီ အိမ်မှရုံးခန်းသို့ အစောကြီးကတည်းက ထွက်လာခဲ့တယ်။

"စိတ်မပူပါနဲ့ ဒါရိုက်တာ။ ကျွန်တော် မြို့ပြင်ကို မကြာမကြာ ခရီးထွက်ရတာမို့၊ ရက်မှန်ကြေး ဆု ရနိုင်လိမ့်မယ်ကတော့ မထင်ပါဘူးဗျာ"

exclusive rights to an online voice actor Where stories live. Discover now