ch 18

37 8 1
                                    

မတော်တဆမှုဖြစ်ခဲ့သည့်တစ်ပတ်အကြာတွင် နင်ရှောင်ရှောင် သည် ချီကျင့် ထံမှ ဖုန်းလက်ခံရရှိခဲ့လေတယ် ။

အဆိုပါ မတော်တဆမှုသတင်းကို တီဗွီတွင် ထုတ်လွှင့်ခဲ့သော်လည်း ဒဏ်ရာရရှိသူများ၏ အမည်စာရင်းကိုမူ မတွေ့ရှိရပေ။ ရိုက်ကူးထားခြင်း ရှိ၊မရှိ မသေချာသော်လည်း သူ့ဂျူနီယာ ဤကိစ္စနှင့် ပတ်သက်၍ မသိသေးပုံရတယ်။ သူမရဲ့ အထိတ်တလန့်တကြား အော်သံများမှာ သူမ ရေးထားတဲ့ သရဲဇာတ်လမ်းတွဲများထက် အလွန်ကြောက်စရာကောင်းလေတယ်။

"စီနီယာ မတော်တဆဖြစ်တာလား"

ယခုအချိန်တွင် ‌ နင်ရှောင်ရှောင် မဂ္ဂဇင်းထုတ်ဝေရေးကုမ္ပဏီတွင် ရှိနေလောက်သော်လည်း ထိုကျယ်လောင်သောအော်သံကြောင့် သူမရဲ့'ဖြူစင်သောအမျိုးသမီး' ပုံရိပ်ကို  ပျက်စီးသွားမည်အား သူမ မကြောက်ခဲ့ပေ။

" ဒဏ်ရာလေးတစ်ခုပဲရတာ"

  ကျိုးသွားသောလက်ကို ပြင်းထန်သောဒဏ်ရာဟု မမှတ်ယူသင့်ချေ။

သူ့စကားကြားတော့ နင်ရှောင်ရှောင်က အနည်းငယ် ငြိမ်သက်သွားခဲ့လျက်။

နောက်ဆုံးတော့ အလုပ်ကဆင်းပြီး ဆေးရုံကို လာကြည့်တဲ့အခါ အဆောင်ထဲကို ခြေချမိတဲ့အခိုက်မှာပဲ လိမ်လည်တယ် လို့အော်ဟစ်ခဲ့ပါတယ်။

"ဒါက ဒါဏ်ရာရရုံလောက်ပဲတဲ့ ဆိုတဲ့လူက ဘယ်မှာလဲ၊ ဟမ်!"

နင်ရှောင်ရှောင် ချီကျင့် ၏လက်ပေါ်ရှိ ထူထဲသောကျောက်ပတ်တီးကို စိုက်ကြည့်နေသည်။တခြား  ပတ်တီးတွေနဲ့ ပတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေကို သူ့ခန္ဓာကိုယ်အနှံ့၌ ရှိသေးတယ်ပင်။ သူမ ဒေါသတကြီးဖြင့် ဆေးရုံကုတင်တစ်လုံးကို လှန်လုနီးပါး ပင်။

"ငါအသက်ရှင်နေသရွေ့တော့ ဒဏ်ရာအနာတရ တာက အသေးဖွဲပဲ လေ"

ကုတင်ပေါ်မှ လူကိုကြည့်ရသည်မှာ ထူးထူးခြားခြား ငြိမ်သက်တိတ်ဆိတ်နေသည့် ရေ သေအိုင်တစ်ခုကဲ့သို့။

“စီနီယာ”

နင်ရှောင်ရှောင် က တစ်ခုခုပြောချင်သော် လည်း ချီတုံချတုံဖြစ်ပြီး ဆေးရုံရဲ့အ လင်း ရောင်အကူအညီဖြင့် သူ့ကို သေ သေချာချာကြည့်နေလျက်။

exclusive rights to an online voice actor Where stories live. Discover now