ch 13

25 6 2
                                    

"သူငါ့ကိုဒီလိုကြည့်တဲ့အခါ ငါအရမ်းရှက်လာခဲ့တယ်"

"ငါ့ကို ပွေ့ဖက်ထားဖို့ သူ့လက်တွေကို ဖြန့်ထားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ ကြိုးစားပေမယ့် ယုန်က‌လေးတစ်ကောင်လိုမျိုး ချုပ်မိနေတာကြောင့် လှုပ်လို့တောင် မရ‌ တော့ဘူး။"

"ငါဘာလုပ်ရမလဲ? တစ်ကိုယ်လုံး ပူလောင်နေပြီ။ အိုး ဘုရားရေ၊ ဒါက ချစ်မိသွားတာရဲ့ ပထမဆုံး လက္ခဏာများလား။"

...

...

...

...WTF...

ဤစာသားကို ချီကျင့် ဖတ်လိုက်သောအခါ သူ့မျက်ခုံးများ တဆတ်ဆတ်တုန်နေပြီဖြစ်တယ်။ သူက နင်ရှောင်ရှောင် အား ပျော့ညံ့စွာ ကြည့်ပြီး ဘယ်ကနေ စပြောရမှန်းတောင် မသိသလိုခံစားလိုက်ရတယ်။
"ဒီဟာကို ငါမလုပ်ဘူး"

နင်ရှောင်ရှောင် က "ဘာဖြစ်လို့လဲ"

ချီကျင့် သူ့နှာတံကို ခက်ပြင်းပြင်း နှိပ်နယ်လိုက်တယ်။ ဖန်သားပြင်ပေါ်ရှိ စကားလုံးများဖြင့် သူ့မျက်လုံးများကို မဒိန်းကျင့်ခံရခြင်းမှ ကယ်တင်ရန် သူ့စားပွဲ‌ ပေါ်မှ လက်တော့ကိုဖယ်လိုက်ရတယ်။

"ဒီဇာတ်ညွှန်းက ရယ်စရာကောင်းလွန်းတယ် သေချာပေါက်ငါတို့ ဗုံးကြဲခံရလိမ့်မှာ။"

"ဒါက စီနီယာအတွက် ရှာထားတဲ့ ဇာတ်ညွှန်းပဲ!" ‌နင်ရှောင်ရှောင် ရဲ့အော်သံသည် volume များစွာ တိုးလာသဖြင့် ချီကျင့် မျက်လုံးများမဒိန်းကျင့်ခံရ ပြီးနောက် နားရွက်များ ထပ်မဒိန်းကျင့်ခံရသလို ခံစားရလေတယ်။

"အတိအကျပြောရရင် မင်းလာပြီး ဒီဇာတ်ညွှန်းကို ထုတ်ပြတာမို့ မင်းမျက်နှာနဲ့မို့ ငါခုထိ ပြောနေတာပဲ။ အခြားဇာတ်ညွှန်းရေးဆရာဆ်ုရင် 'ဆောရီးပါ၊ ဒီဇာတ်ညွှန်းကို စီမံခန့်ခွဲနိုင်မယ်မထင်ဘူး' လို့ ယဉ်ယဉ်ကျေးကျေးနဲ့ငြင်းလွှတ်တာကြာပြီ ။

အခြားဟာတွေကို ဘေးဖယ်ထားအုံး ဇာတ်ကောင်ရဲ့စိတ်ထဲက အတွေးနဲ့ သူ့အမူအရာတွေကိုဖော်ပြတဲ့နေရာမှာ တကယ့်ကို ဘုရားသခင်ရဲ့ ရှုထောင့်လိုပဲ။"ကောင်းကင်ကြီးဆီမှ မိုးခြိမ်းသံများ တခြိမ်းခြိမ်း ကြားနေရသကဲ့သို့..."ဒီ Shouက အဝေးလမ်းမကြီးရှိတဲ့ မိန်းကလေးမဟုတ်တာ သေချာရဲ့လား"

exclusive rights to an online voice actor Where stories live. Discover now