ch 11

24 7 0
                                    



အာ , ငါ သူ့နာမည်ကို မေးဖို့ မေ့သွားတယ်။

ချီကျင့် ထိုအတွေးကို တွေးမိတဲ့ အချိန်က သူ့စားပွဲ ပေါ်တောင် ‌ထိုင်နေပြီပင်။

       
ပြတင်းပေါက်အပြင်ဘက်တွင်မီးလုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်လျက်။

နွေရာသီ အပူဒဏ်၌ ညလယ် လေအေး ခံဖို့   ညစာစားပြီးနောက် လမ်းလျှောက်နေကြတဲ့သူတွေရှိတယ်။

       
နေ့ခင်းဘက်တွင် ရှုပ်ယှက်ခတ်နေသော မြို့လယ်ခေါင်တွင် ဤအချိန်သည် စာ ထိုင်ရေးရန် အချိန်ကောင်းပင်။       

စားပွဲပေါ်ရှိ စာကြည့်မီးကို ဖွင့်ရင်း သူ့ရဲ့ သတိမထားမိတာကို တွေးရင်း ခေါင်းရမ်းလိုက်တယ်။

ဒါပေမယ့်, နောက်ထပ် သူ့ကို မေးစရာမရှိရင်ကော ၊ တစ်ဖက်လူက သူ့နာမည် အောက်က မဟုတ်ဘဲ ဆေးရုံရဲ့ နာမည်နဲ့သာ လုပ်မယ်လို့ ပြောခဲ့တာ မဟုတ်လား။

အခန်းထဲရှိ မျက်နှာကျက်ပေါ်က မီးသီးမှာ ဖွင့်မထား။စားပွဲပေါ်က  မီးအလက်းရောင် ဖေျာ့ဖျော့ လေးကသာ ကိုယ်ပိုင် သီးသန့်နေရာလေးတစ်ခု ဖန်တီးထားလျက်၊လန်းဆန်းစေဖို့ ကော်ဖီ တစ်ခွက်ကိုလဲ တစ်ဖက်မှ ထား ထားသဖြင့် လေထုဟာ သူရဲ့ ဖန်တီးနိုင်စွမ်းကို ထောက်ပံ့ပေးနေသကဲ့သို့။

ချီကျင့် သူ့ရဲ့ မှတ်စုစာအုပ်အသေးလေးကို ထုတ်ကာ သူရေးခဲ့သော စာရွတ်တွေကို ပြန်ကြည့်လိုက်တယ်။       

သတိရှိတယ်၊ တွေးခေါ်တတ်တယ်၊ တာဝန်ယူတတ်တယ်၊ စသည်ဖြင့်...

ဤအသုံးအနှုန်းများက အိမ်ထောင်ဖက်ရှာဖွေခြင်းအတွက်  အမျိုးသမီးမဂ္ဂဇင်းများတွင် မကြာခဏ ထုတ်ဝေလေ့ရှိသည့် စံနှုန်းများနှင့် လုံးဝနီးပါးပါဝင်နေလျက်။

“ဖွီး”

ထိုအတွေးက သူ့စိတ်ထဲ ဖြတ်သွားသောအခါတွင် ရယ်သံက သူ့နှုတ်ခမ်းများမှ လွတ်ကင်းသွားခဲ့တယ် ။ ထိုအချိန်က ဤစကားလုံးများအားလုံးကို သူဘယ်လို တွေးကာရေးခဲ့လဲကို သူတကယ်မသိခဲ့။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကသာ ၎င်းကိုတွေ့မြင်မိပါက၊ ဘလိုင်းဒိတ်ချိန်းတွေ့ခြင်းဆိုင်ရာ အင်္ဂါရပ်အစီရင်ခံချက်တစ်ခု ပြုလုပ်နေသည်ဟု ၎င်းတို့က ယူဆနိုင်သည်။

exclusive rights to an online voice actor Where stories live. Discover now