Description

2K 108 4
                                    

Unicode

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်းရန်သူတော်ကြီးကို လက်ထပ်ခြင်း

Description


ချင်လိုင်တိသည် သူမကိုယ်တိုင် ငယ်စဉ်တည်းက မေတ္တာအပြည့်ထား၍ ကျွေးမွေးပြုစုလာသော မွေးစားသား၏ အိမ်ပေါ်မှ နှင်ချမှုကို ခံရပြီး ၃နှစ်အကြာတွင် သေဆုံးသွားခဲ့ရသည်။

ဒီအဖြစ်ဆိုးက ဘယ်အချိန်မှာ စဖြစ်ခဲ့သလဲဆိုလျှင် သူမ ၁၈နှစ်အရွယ်မှာ ရေနစ်တာကို ကယ်ဆယ်ခံရခြင်းမှ စတင်ခဲ့သည်။ သူမကို ကယ်တင်ခဲ့သူဟု ဆိုသောမုဆိုးဖိုလူကြီး ကျောက်ချင်းစုန့်နှင့် လက်ထပ်ရန် ဖိအားပေးခံခဲ့ရသည်။

ထိုအချိန်ကစပြီး သူမ၏ ဘဝတက်လမ်းကို လက်လျှော့ကာ သူမလက်ထပ်ယူခဲ့ရသော ခင်ပွန်းဖြစ်သူ၏ သားသမီးတွေကို ကျွေးမွေးပြုစုရန်အတွက်သာ ရှင်သန်နေထိုင်ခဲ့ရသည်။

သူမ ဘဝတစ်လျှောက်လုံး အကောင်းမွန်ဆုံး မိထွေးတစ်ယောက်ဖြစ်ရန်သာ ကြိုးစားနေထိုင်ခဲ့သော်လည်း နောက်ဆုံးတွင် မိသားစု သို့မဟုတ် သူမအတွက် နားခိုစရာ အိမ်ကလေးတစ်လုံးတောင် မကျန်ရှိခဲ့ပေ။

သူမသည် ထိုသူတို့အတွက် ပိုက်ဆံမပေးရသော အခမဲ့ကလေးထိန်းတစ်ဦးသာ ဖြစ်နေခဲ့သည်။ သူမ မသေဆုံးခင်တွင် ဘဝကို အစကနေ ပြန်စခွင့်သာရှိခဲ့လျှင် ဒီထက်ပိုမဆိုးဝါးနိုင်တော့ဟု ထင်ခဲ့မိသည်။

သူမ မျက်လုံးတွေ ဖွင့်လိုက်သည့် အချိန်မှာပဲ ရေထဲပြုတ်ကျသည့်နေ့သို့ ပြန်ရောက်နေမည်ဟု ဘယ်သူမှ တွေးမထင်ထားပေ။

လူတိုင်း အလွန်ကို အံ့အားသင့်ဖွယ်ဖြစ်စေခဲ့သည့်အရာက ချင်လိုင်တိသည် ရေထဲကျသွားပြီးနောက် သူမ ခန္ဓာကိုယ်ကို မြင်ခဲ့သော သူမ လက်ထပ်ရန် ကတိပေးထားသည့် ငယ်ရွယ်ပြီး အလားအလာရှိသော ကပ္ပတိန် ကျောက်ကို ငြင်းဆန်ကာ တခြားမြို့မှ ရောက်ရှိလာသည့် နည်းပညာရှင် လူငယ်လေးတစ်ယောက်နှင့် လက်ထပ်မည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။

အရပ်အမြင့် 188cm နှင့်ခန့်ညားသည့် လူငယ်လေးသည် ကြွက်သား ၈ မြှောင်းတောင် ရှိသော ဤနည်းပညာရှင်လေးသည် အနာဂတ်၌ ကျောက်ချင်းစုန့်၏ အမုန်းဆုံး ရန်သူဖြစ်လာမည်ဖြစ်သည်။ ထိုလူငယ်လေးသည် အရည်အချင်းအပြည့်ရှိတာကြောင့် တချိန်တွင် ကျော်ကြားသော ဝိုင်ယာကြိုးမဲ့နည်းပညာပိုင်ရှင်၏ boss တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now