6

513 59 3
                                    

Uni

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း

အပိုင်း ၆

နောက်တစ်နေ့မနက်ခင်းတွင် ပထမဆုံးအနေနှင့် ချင်လိုင်တိသည် အိပ်ရာစောစောမထနိုင်ပေ။ သူမသည် ရင်းနှီးနေသော နေရာတစ်ခုသို့ ရောက်သွားသည့် ခံစားချက်ကို ရနေသည်။ သစ်တော်ပင်ကြီးတစ်ပင် ပြတင်းပေါက် အပြင်ဘက်တွင် လေတိုက်ရာလမ်းကြောင်းအတိုင်း ယိမ်းနွဲ့လျက်ရှိသည်။

“ဘာလို့စောစောမထတာလဲ တတိယအစ်မ”

ရုတ်တရက် ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် ခေါင်းလုံးလုံးလေးတစ်လုံးသည် တံခါးကြားတွင် ပေါ်လာသည်။ ချင်လိုင်တိသည် သူမမျက်လုံးကို ပွတ်သပ်ပြီး သူမသည် ယခုပြန်လည်မွေးဖွားလာတာဖြစ်သည်။ အရင်ကလို လောင်ဟယ်၏ အကူအညီကိုယူရန် လိုအပ်သည့် အထီးကျန်နေသည့် မိန်းမအိုကြီးတစ်ယောက်မဟုတ်တော့ချေ။ သူမမျက်လုံးများကို မှေးစင်းလိုက်ပြီး
“ဖန်တိလား”

      
ထိုကလေးမလေးသည် ယမန်နေ့ညက အိမ်မပြန်လာပေ။ ထိုကလေးမတို့ ကျောင်းသည် ကျောင်းသားတွေကို စိုက်ပျိုးရေးပညာလေ့လာရန် လယ်ကွင်းတစ်ခုသို့ ကျောင်းလေ့လာရေး ခရီး လွှတ်သောကြောင့်ဖြစ်သည်။အဲ့ကနေ အိမ်ကို မနက်မိုးလင်းမှ ပြန်လာခြင်းဖြစ်သည်။ကျောင်းသားတွေအကုန်လုံး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ပညာရပ်များကို သင်ယူနေကြသည်။သူတို့အားလုံး ကြာရှည်ခံ အစာခြောက်များနှင့် အိပ်ရာများ ယူဆောင်လာကြပြီး တစ်လနီးပါး လယ်ကွင်းထဲတွင် နေထိုင်ကြသည်။
    

ကလေးမလေးသည် သူမ၏ တတိယအစ်မကို မြင်မြင်ချင်း အံ့ဩသည့်အကြည့်နှင့်ကြည့်နေခဲ့သည်။ သူမအစ်မသည် ယနေ့အနည်းငယ် ထူးဆန်းနေသည်ဟု သူမခံစားနေရသည်။ မ​တွေ့တာကြာတာကြောင့် သူမအစ်မကို မမြင်ဖူးသလိုမျိုး ခံစားနေရသည်။
    

“ဒီမှာနို့ဆန်ပြုတ်”
  

နို့ဆန်ပြုတ်လို့သာပြောရပေမဲ့ အမှန်တွင် ပဲနှင့် ကန်စွန်းဥ ခြောက်တွေကို ရောနှောပြုတ်ထားသည့် စွပ်ပြုတ်ဖြစ်သည်။ ထိုအထဲတွင် ဆန်စေ့နှင့်တူသည့် အရာဆိုလို့ တစ်စေ့မျှမပါပေ။
     

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now