3

444 71 1
                                    

Unicode

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း

အပိုင်း ၃


“လိုင်တိ ဒီဟယ်လူငယ်လေးက ကျောက်ချင်းစုန့်ထက် သာတာ ဘာမှမရှိဘူးနော်။ ကျောက်မိသားစုက တတိယသားကို သိတယ်မလား။ သူက တပ်ရင်းခေါင်းဆောင်ဖြစ်လာတော့မှာနော်။ တပ်ရင်းခေါင်းဆောင်ဆိုတာ မြို့နယ်တရားသူကြီးနဲ့ အဆင့်တူတူလောက်ရှိတာ လိုင်တိရဲ့။ နင် သူ့ကို လက်ထပ်လိုက်တာနဲ့ တစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်နေရုံပဲ။ လက်ထပ်လိုက်ပြီးရင် ဒီရွာက လူတိုင်း တို့ချင်မိသားစုကို နှိမ့်ချရဲတော့မှာ မဟုတ်ဘူး။ “
   

“သူက တစ်ခုလပ်လေ”
   

“တစ်ခုလပ်ဆိုလည်း ဘာဖြစ်လဲကွယ်။ သူ့ပထမဇနီးက မြို့ကလေ သူတို့စိတ်ထားက ဆိုးရွာလွန်းတော့ ကွာရှင်းပစ်လိုက်တာ မမှားဘူးရယ်။ ယောကျာ်းတွေက အအိုတွေမကြိုက်ဘူး အပျိုလေးတွေပဲ ကြိုက်တာကွဲ့။ တတိယသားဖြစ်သူက ရုပ်ရည်မဆိုးပါဘူးကွယ်။ စိုးရိမ်နေစရာမလိုပါဘူး”
     

“သူ့မှာ ကလေးတွေ ရှိနေပြီးသားကို”
      

“ ကလေးလေးတွေက ငယ်သေးတယ်လေ။ အကြီးလေးဆို ငါးနှစ် အငယ်မဆို ၂နှစ်ပဲရှိသေးတာဆိုတော့ ကိုယ်က မေတ္တာနဲ့ဆက်ဆံရင် မေတ္တာပြန်ရမှာပါကွယ်။ကောင်းကောင်းပြုစုထိန်းကျောင်းပေးလိုက်ရင် ရပါတယ်။ “
    

ချင်လိုင်တိ သူမ စိတ်ထဲကနေ လှောင်ရယ်လိုက်မိသည်။မိထွေးတစ်ယောက်ဖြစ်ဖို့ လွယ်ကူသည် မဟုတ်ပေ။ သူကိုယ်တိုင်က စိတ်တိုလွယ်ပြီး ကလေးနှစ်ယောက်ကလည်း ညဉ့်ဆိုးလေးတွေ ရှိနှင့်ပြီးသားပင်။ ထို့ကြောင့် အရင်ဘဝက သူမအတွက် အိမ်ထောင်ရေးသည် မလွယ်ကူခဲ့ချေ။
    

“ဟေး ဒီကလေးမ ဘာလို့ဒီအဘွားကို လိုက်ဆန့်ကျင့်နေတာလဲ။ မွေးလာတည်းက စားချင်တာစား လိုချင်တာရနေပေမဲ့ ဒီထက်ပိုပြီး ကြီးပွါးတိုးတက်ချင်စိတ်ရှိရမယ်လေ”

    
ချင်လိုင်တိ မျက်မှောင်ကြုတ်ကာ သူမပြောချင်သော စကားများစွာ ရှိနေပေမဲ့ အခုချိန် ထုတ်ပြောလို့ မကောင်းသေးချေ။ သူမ ရုတ်တရက် မျက်စောင်းထိုးလိုက်ပြီး “ ဒါပေမဲ့ ဒီက မြေးမကြားတာတော့ သူက မိဘစကားအရမ်းနားထောင်တာတဲ့နော်။ သူ့လစာ ၄၈ ယွမ် ရတာကို ၄၀တောင် မိဘအိမ်ပြန်ပို့ပေးတာဆိုလားပဲ”
     

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now