1

666 71 0
                                    

Unicode

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း

အပိုင်း ၁


ချင်လိုင်တိ နိုးလာသောအခါ သူမ၏ အိပ်ရာပေါ် လှဲလျောင်းလျက်ရှိနေတာကို တွေ့လိုက်ရပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ပြတင်းပေါက်ဘေးနားရှိ ဆေးအစက်ပြောက်ထင်နေသော ဗီရိုနှင့် အိုဟောင်းနေသော ကျားရုပ်ပုံသော့ချိတ်လေးတစ်ခုက ဗီရိုတံခါးတွင် တွဲလောင်းကျနေတာကို မြင်လိုက်ရသည်။

"ဒါ ငါ့မွေးရပ်မြေက အိမ် မဟုတ်ဘူးလား”

အတိအကျပြောရရင် တောင်တန်းတွေကြားမှာ ရှိသည့် သူမ၏ ဇာတိမြို့မှ မိသားစုအိမ်ဖြစ်သည်။ သူမအိမ်ထောင်ကျပြီးနောက် မိဘအိမ်ကို မပြန်ဖြစ်ခဲ့ပေ။

နောက်ဆုံး အိမ်ပြန်ခဲ့သည့်အချိန်က လွန်ခဲ့သော နှစ်ပေါင်း ၃၀ အကြာက ဖြစ်သည်။ အိမ်ကို ပြန်ရောက်သောအခါ သူမ၏အဖွား ချင်ကွေ့ဟွားကိုသာ တွေ့ခဲ့ရသည်။ သူမ၏ အဖွားသည် တစ်ချိန်လုံးအိပ်ယာပေါ်တွင်သာ လဲလျောင်းလျက်ဘ၀ကို ကုန်ဆုံးနေသူဖြစ်သည်။

အဖွားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြန်လည်တည်ထောင်သည့် အချိန်တွင် ကျောင်းတုံပြည်နယ်မှ စီလန်ပြည်နယ်သို့ ပြောင်းရွှေ့ခိုလှုံခဲ့သော ဒုက္ခသည်တစ်ယောက်ဖြစ်သည်။ သူမ စပြောင်းလာသည့်အချိန်တွင် မိသားစုဝင်၂၀ ကျော် ရှိနေရာမှ ဝူလီတုံကျေးရွာသို့ ရောက်သောအခါ ​ချင်ကွေ့ဟွား တစ်ယောက်သာ ကျန်ရှိခဲ့တော့သည်။

  ထိုအချိန်မှာ ချင်ကွေ့ဟွားသည် အလွန်အစာရေစာငတ်ပြတ်နေခဲ့ပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည်။ကံကောင်းစွာဖြင့် ကြင်နာသနားတတ်သော မိသားစုတစ်စုက သူမကို မွေးစားခဲ့သည်။

ထိုခေတ်အခါက ထမင်းနပ်မှန်အောင် စားနိုင်သော အိမ်ဆိုတာ အလွန်မများလှချေ။ သို့ပေမဲ့ ချင်ကွေ့ဟွားသည် ငတ်ပြတ်ခြင်းမရှိဘဲ သမီးအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ခံခဲ့ရသည်။

နှစ်အနည်းငယ်ကြာသောအခါ ချင်ကွေ့ဟွားသည် သူမကို မွေးစားခဲ့သော မိသားစု၏ သားဖြစ်သူနှင့် ကြိုက်နှစ်သက်ကာ လက်ထပ်ထိမ်းမြှားခဲ့သည်။ ထိုမိသားစုမှလည်း  အပြင်လူနှင့် ယူမည့်အစား ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲသာ ဖိတ်တာအကောင်းဆုံးဟုဆိုကာ ကြည်ကြည်ဖြူဖြူ ပေးစားခဲ့သည်။

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now