အပိုင်း(၁)

128 8 16
                                    

[Unicode]

🎶 မြူးကြွတဲ့တေးသံ.. ပျံ့လွင့်လို့နေ 🎶

🎶ကူးပြောင်းစ...တန်ခူးလေမှာ 🎶

🎶 တစ်ယောက် တစ်လှည့်မို့ ... လှမ်းကာဖျန်းပက်ကြစဥ်🎶

🎶 ပိတောက်ဖူးလေးတွေ...ပန်ဆင်ထားသူရေ 🎶

ဟိုဟိုဒီဒီနေရာအနှံ့မှပျံ့လွင့်လာသော သီချင်းသံဟာ မြူမြူကြွကြွပင်...
မကြာခင်ရောက်တော့မဲ့ အတာသင်္ကြန်ကိုလည်းပျော်ပျော်ရွှင်ရွှင်ကြိုဆိုလို့ရယ်...။

အနီရောင်နှင်းဆီပင်အား ရေလောင်းနေသော နွေဦးဟာလည်း သင်္ကြန်ပိုးထလို့  ကြားရသမျှသင်္ကြန်သီချင်းများကို ခပ်တိုးတိုးလေးလိုက်ဆိုနေမိသည်...။

" မကြာခင် သင်္ကြန်ရောက်တော့မယ်ကွ ဟား... "

ခြံရှေ့ကဖြတ်သွားသော လူငယ်တွေဟာလည်း သင်္ကြန်ရောက်ဖို့အတွက် အတော်လေးတက်ကြွနေပုံရသည်...
ထွက်လာသောအသံတွေဟာ ကြည်ကြည်လင်လင် အစွမ်းကုန်တက်ကြွလို့နေသည်...။
တစ်နှစ်မှတစ်ခါသာ ဖြစ်တဲ့ထိုရက်ရာဇာများကို လူတွေမျှော်လင့်နေတာ အဆန်းတော့မဟုတ်ပါ...။

" ကိုကြီးရေ မြို့ထဲခဏသွားရအောင် အမေစျေးဝယ်ခိုင်းနေတယ် "

သင်္ကြန်ကိုတမ်းတနေရင်း အိမ်ထဲကထွက်လာသောညီမဖြစ်သူအသံကြောင့် အပင်ရေလောင်းခြင်းကိုလက်စသပ်လိုက်ရသည်..။

" ဆိုင်ကယ်ထုတ်လိုက်ဦးမယ် ခဏ... "

" ဟုတ်ကဲ့ "

ဆိုင်ကယ်ထုတ်နေတုန်း နွေဦးတို့နဲ့မျက်စောင်းထိုးခြံရှေ့သို့ ကားတစ်စီးထိုးစိုက်လာသည်မို့ ဘာရယ်မဟုတ်အနည်းငယ်လှမ်းကြည့်လိုက်မိသည်...။

" ဟာ! ဒီနှစ်လည်းကိုကြီးခန့်သူရပိုင်က ဒီမှာကဲမဲ့ပုံပဲ အစောကြီးကြိုလာလို့ပါလား "

ညီမဖြစ်သူနွေဦးမေစကားကြောင့်  နွေဦးလွင်မျက်မှောင်ကျုံ့သွားရသည်...။
သူနဲ့အကြောမတည့်သော ဟိုမျက်နှာရူးကောင်က ဒီနှစ်လည်းဒေါ်လေးဝင်းတို့အိမ်ကိုအလည်လာသောကြောင့် စိတ်အတော်လေသွားရကာ...မျက်နှာကမသာယာနိုင်တော့...။

သင်္ကြန်တမ်းခြင်းWhere stories live. Discover now