အပိုင်း(၄)

31 5 3
                                    

[Unicode]

သင်္ကြန်အတက်နေ့...

3:00Am

" ဟိတ်.. "

" အမေ့! အာ..လန့်တာကိုကြီးပိုင်ရာ... "

ရေဖလားလေးကိုင်လို့ ခြံရှေ့ထွပ်ရပ်နေသော နွေဦးမေကိုတွေ့ကာ သူရပိုင်အားရပါးရခေါ်လိုက်ခြင်းဖြစ်သည်...။

" နွေရော... "

" အိမ်ထဲမှာ မေတောင်ပြီးပြီ ကိုကြီးကကြာနေတာကြည့်... "

" နွေကို အစ်ကိုစောင့်ခေါ်ခဲ့မယ် မေ ချမ်းနောင်နဲ့အတူသွားလိုက်ပါ့လား.. "

သူ့မရှေ့တွင်ကဲကဲသဲသဲဖြစ်ပြနေတဲ့ ကိုကြီးပိုင်ကိုကြည့်ကာ မျက်စောင်းတစ်ချက်ထိုးလိုက်မိသည်...။
ထွက်လည်ကြတုန်းကလည်း ကိုကြီးနွေဦးနားကမခွာပဲ တပူးပူးတတွဲတွဲနဲ့ မျက်စိဆံပင်မွှေးစူးစရာ...။
အခုလည်း ရေကြည်တော်ကပ်အထိ ပူးနေကြတော့မယ်...။

" ရပါ့ ရပါ့ ဒါနဲ့ကိုကြီးချမ်းနောင်ကဘယ်မှာတုန်း.. "

" လာပြီ လာပြီ ရေဖြည့်နေလို့  "

ရေဘူးကြီးကိုင်ကာ အခုမှအိမ်ထဲကခပ်သုတ်သုတ်ထွက်လာသော ကိုကြီးချမ်းနောင်...။
အပျိုတွေကိုရေလောင်းရဖို့တကူးတကကိုရေဖြည့်နေတာ...။

" သွားကြမယ်...သွားပြီပိုင်ကြီးရေ.. "

" လစ်! "

ချမ်းနောင်နဲ့မေဦးလွင်တို့ထွက်သွားတော့ ခြံရှေ့ကနေပဲနွေရဲ့အလာကိုရပ်စောင့်နေလိုက်သည်...။
ဒီအသေးလေးကတော့ ဘာတွေအဲ့လောက်ပြင်နေလို့အရမ်းကြာနေရတာပါလိမ့်...။

" ကြာလိုက်တာ... "

ခဏကြာတော့မှ အိမ်ထဲကနေ အပြေးတစ်ပိုင်းထွက်လာတဲ့ သူ့ရဲ့နွေ...။

" ဟာ ! ဟိတ် မပြေးနဲ့လေ ချော်လဲလိမ့်မယ်... "

" ဟင် နွေဦးမေရော... "

" သွားနှင့်ကြပြီ မောင်ကနွေကိုစောင့်နေတာ.."

တစ်မောင်ထဲမောင်နေသောဒင်းကိုနွေဦးမကြည်သလိုတစ်ချက်သာကြည့်လိုက်သည်...။
တကယ့်ကိုအရှက်မရှိကောင်...။

' ရေကြည်တော်ကပ်လိုက်မယ်မို့လား "

လက်ထဲတွင်ကိုင်ထား​ေသာ ရေဖလားကိုကြည့်ကာ မေးလာတော့ အသာအယာပဲခေါင်းငြိမ့်ပြလိုက်သည်...။
နောက်ဆုံးတစ်ရက်သာကျန်တော့တာမို့ ဒီနေ့တော့ သူ​ေရကြည်တော်ကပ်လိုက်တော့မည်...။

သင်္ကြန်တမ်းခြင်းWhere stories live. Discover now