[Unicode]
သင်္ကြန်ဆိုတဲ့ အချိန်အခါကောင်းများကိုဖြတ်ကျော်ပြီးသွားတဲ့အခါ...
တိတ်ဆိတ်သွားသည်မှာရုတ်တရက်ပင်...စည်းကားနေတဲ့လမ်းတွေ အော်ဟစ်ပျော်ရွှင်နေသောကလေးတွေ...ဆူညံနေသောသင်္ကြန်သီချင်းသံတွေဟာ လွမ်းမောဖွယ်ရာအတိ...။ခြံထဲကခုံတန်းလေးမှာထိုင်ရင်း အဖူးတွေကျန်ရှိနေသောပိတောက်ပင်ကြီးအား နွေဦးငေးမောနေမိသည်...။
သင်္ကြန်တစ်နှစ်ပြီသွားတိုင်း လွမ်းစရာတွေဟာတစ်နင့်တပိုး..." နွေ့!... "
" အမေ့!! "
အနောက်ကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့ခန့်သူရပိုင်ကြောင့်ထိုင်ဆွေးနေသောနွေဦးမှာအလန့်တခြားဖြစ်သွားရသည်...။
အသံမပေး ဘာမပေးနဲ့ ပုခုံးနှစ်ဖက်ကိုဆုတ်ကိုင်ကာ အမြင့်သံနဲ့တမင်ကိုခေါ်လိုက်တာ...။
ဒီခွေးချီးကောင်ကတော့..." မင်း ဘယ်လိုဖြစ်နေတာလဲ အလန့်တခြားနဲ့! "
" ချစ်လို့စတာပါဗျာ မောင်က... "
ဘယ်တော့မှမျက်နှာပိုးမသေတဲ့ကောင်က အခုလည်းရယ်ကျဲကျဲနဲ့သာ...
လက်ထဲမှာလည်း နှင်းဆီပန်းအဖြူရောင် တစ်ပွင့်ကိုင်ထားသေးသည်..။" ရော့ နွေအတွက်... "
" ဒီတစ်ခါနှင်းဆီပန်းတဲ့လား... "
" ဒါပေါ့ သင်္ကြန်ပြီးသွားတဲ့အခါမှပွင့်တဲ့ပိတောက်ပန်းဆိုရင် နွေကမကြိုက်ဘူးမို့လား...ဒါကြောင့်နွေအကြိုက်ဆုံးအရောင်နဲ့အပွင့်ရှိတဲ့ဒီနှင်းဆီဖြူကိုပေးတာလေ... "
ဘာရယ်မဟုတ် ကိုယ့်အကြိုက်တွေအားလုံးကိုမှတ်မိနေတာမို့ ဒီကောင့်ကိုအနည်းငယ်ကြည်လင်လာရသည်...။
ပြုံးချင်ချင်ဖြစ်နေတဲ့မျက်နှာကို အတင်းတည်ကာ သူ့လက်ထဲကနှင်းဆီပန်းအဖြူရောင်လေးကို ယူထားလိုက်သည်...။" အဖြေပေး.. "
မဆီမဆိုင်အဖြေလာတောင်းနေတဲ့သူကို မျက်စောင်းထိုးလိုက်ကာ
" ဘာဆိုင်လဲ "
" ဆိုင်တာပေါ့ ပန်းအဖြူရောင်ပေးထားတယ်ဆိုတာအရှုံးပေးတာပဲလေ...မောင်နွေကိုအရာရာအရှုံးပေးပြီးချစ်နေရတာ...ဒါကြောင့်နွေမောင့်ကိုပြန်ချစ်ပေး... "
YOU ARE READING
သင်္ကြန်တမ်းခြင်း
Short Storyဒီပိတောက်တွေကိုဘာလို့အဲ့လောက်သဘောကျနေရတာလဲ... သစ္စာလည်းမရှိပါပဲ... ခန့်သူရပိုင်ဆိုတဲ့ကျွန်တော့်ကိုပဲသဘောကျလိုက်စမ်းပါ ဒီကကောင်ကသစ္စာရှိတဲ့အပြင် စောက်ရမ်းလည်းချစ်တက်တယ်...။