[Unicode]
သင်္ကြန်အကျတ်နေ့...
1:00Am
" ဟေ့ကောင် ပိုင်ကြီး..ငိုင်မနေနဲ့ကွာ မနက်ကလည်းကောင်းကောင်းမလည်ဘူး မျက်နှာကဘာဖြစ်နေတာလဲ... "
ဘေးကချမ်းနောင်ဘာပြောပြော မျက်နှာမသာမယာနဲ့ ခန့်သူရပိုင်က ဘာမှပြန်မပြောနိုင်ပါပဲ အန်တီစန်းတို့အိမ်ကိုသာ ဇာတ်ကြီးကျိုကျမတက် လှမ်းမျှော်နေသည်...။
" ဘာဖြစ်ရမလဲ အစ်ကိုနွေဦးမှသင်္ကြန်လည်တာမလိုက်တဲ့ဟာ ဒီကောင်ဒီရုပ်ဖြစ်ပြီပေါ့ဟ.. "
လက်ဖက်သုတ်ပန်းကန်ကိုကိုင်လာရင်း သူရိန်ကလှမ်းပြောတော့မှ ကျန်တဲ့နှစ်ကောင်လုံးသဘောပေါက်သွားကြတော့သည်...။
" အော် ဒါကြောင့်ကိုး... "
" ချမ်းနောင် ဒီနေ့ ရေကြည်တော်ကပ်နှိုးပြီးတာနဲ့ ငါ့ဆီပြန်လာခဲ့ပေး "
" ဟမ် မင်းကဒီနေ့လည်းမလိုက်ပြန်ဘူးလာဟ မနေ့ကလည်းမလိုက်ဘူး မင်းအစ်ကိုနွေဦးကိုဘာပြသနာရှာထားပြန်တာလဲ...မှန်မှန်ပြောစမ်း... "
" အဲ့...အဲ့ဒါကမင်းတို့မသိလည်းရတယ်
ငါပြောသလိုသာလုပ်စမ်းပါကွာ...နော် "ငိုတော့မလိုမျက်ခွပ်နဲ့ပြောလာတာမို့ ချမ်းနောင်ရယ်ချင်သွားရသည်...။
သူတို့သူငယ်ချင်းရန်ကုန်သားလေးက ရွှေဘိုသားဖြစ်တဲ့အစ်ကိုနွေဦးကိုတော်တော်ဖြစ်နေတာပဲ...။" အေးပါ ငါပြန်လာခဲ့မယ်... "
" ကျေးဇူးပဲ.. "
" စောက်ပိုတွေကလုပ်လာပြန်ပြီ "
" ဟဲဟဲ... "
မနက်2နာရီထိုးတော့ ရေကြည်တော်ကပ်အတွက် လိုက်နှိုးရန် သူရိန်တို့ထွက်သွားကြပေမဲ့ ခန့်သူရပိုင်ကတော့ လိုက်မသွားဖြစ်ပါ...။
မနေ့ကနွေသူ့ကိုအတော်လေးစိတ်ဆိုးသွားတာ...
ဘယ်လိုမှရှင်းပြတာကိုလက်မခံပါပဲ လူကိုထုရိုက်ပြီးဒေါကြီးမောကြီးနဲ့ကိုစက်ဘီးအားနင်းချသွားခဲ့တာ...။
အိမ်ရှေ့ထိပြေးလိုက်ကာ ချော့တာလည်းလက်မခံပါပဲ...ပေးထားတဲ့ပိတောက်ပန်းခိုင်နဲ့ပါ မျက်နှာကိုပစ်ပေါက်သွားလေရဲ့...။
YOU ARE READING
သင်္ကြန်တမ်းခြင်း
Short Storyဒီပိတောက်တွေကိုဘာလို့အဲ့လောက်သဘောကျနေရတာလဲ... သစ္စာလည်းမရှိပါပဲ... ခန့်သူရပိုင်ဆိုတဲ့ကျွန်တော့်ကိုပဲသဘောကျလိုက်စမ်းပါ ဒီကကောင်ကသစ္စာရှိတဲ့အပြင် စောက်ရမ်းလည်းချစ်တက်တယ်...။