Part 1

4.3K 348 62
                                    

အရင်ဆုံး ပြောချင်တာက title ဖတ်တာနဲ့ ဇာတ်လမ်း Vibe ကိုသိမှာပါ... Inter မှာက ဒီလို Arabic vibe က ကြိုက်ကြပင်မဲ့ ဒီမှာတော့ မသိတာမို့ ရေးချင်စိတ်ကော ဖတ်ချင်တဲ့ ကလေးတစ်ချို့ကြောင့် Try ပေးတာပါ...
ဆိုတော့ ကိုယ်က Sensitive ဖြစ်သူဆို မကြိုက်ရင် မဖတ်ပါနဲ့နော်...ကိုယ်က ကိုယ့် Fic ကော ကိုယ့်စိတ်ကော အထိမခံရဲသူမို့ ဒါက Arabic Fic ဖြစ်ကြောင်း ပြောပြတာပါ...

...

အိမ်ကနေ စိတ်တိုတိုနဲ့ ထွက်လာခဲ့တာဖြစ်သည်။ အိမ်စီးဖိနပ်ပါးပါးအဖြူလေးနဲ့ ညအိပ်ဝတ်စုံလေးနှင့်။ ကားကိုလည်းမစစ်ဘဲ ဒီတိုင်းသာ ယူလာခဲ့တာဖြစ်သည်။

 အလုပ်ကိုသာ ဦးစားပေးနေတဲ့ ဒယ်ဒီ့ကို စိတ်တိုတိုလွန်းလို့ညကြီး ထွက်လာခဲ့တာ။ ည ၁၂ နာရီထိုးရင် 18နှစ်ပြည့် မွေးနေ့ကို ရောက်ပြီ။ ဒါကို ကျွန်တော့်မွေးနေ့အတွက် ဒယ်ဒီက အမှတ်မရသလို ဒီတိုင်းလက်ဆောင်လေးတစ်ခုတောင် မစီစဉ်ပေးထားဘဲ သူ့အလုပ်ထဲဘဲ ခေါင်းစိုက်နေတာ။

ဘာဝန်ကြီးချုပ်ရဲ့ သားမှလည်း မဖြစ်ချင်ဘူး။ ချမ်းလည်းမချမ်းသာချင်ဘူး။ ဒီတိုင်းသာမန်မိသားစုနဲ့ မိဘရဲ့ အရေးပေးမှုကို ကျွန်တော်က လိုချင်တာ။ 

စိတ်ရူပ်စိတ်တိုမှုတွေနဲ့ ကားကို အရှိန်ဖြင့် မောင်းလာတာက မြို့ပြင်အထိ။ 18 နှစ်ပြည့်ပြီမို့ ယာဉ်မောင်းလိုင်စင်က မနက်ဖြန်ဆိုရမှာ ဆိုပင်မဲ့အဲ့လောက်အထိ သည်းခံပြီး အိမ်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ ကျွန်တော်မနေနိုင်ဘူး။ 

ရုတ်တရက် ကားအရှေ့သို့ ဖြတ်ဝင်လာသည့် အရှိန်နှင့်လာသည့် ဆိုင်ကယ်တစ်စီး။ 

အလန့်တကြားဖြင့် ကားကို ဆွဲချပစ်လိုက်တော့ လမ်းဘေးသို့ကျကာ ထိုးရပ်သွားသည်။ 

ထိတ်လန့်မှုတွေနဲ့အတူ ရင်ထဲကတွင် တုန်ရင်သွားလျက်။

ယာဉ်မောင်းလိုင်စင်လည်းမပါသလို တစ်ခုခုဖြစ်သည်နှင့် ဒယ်ဒီရဲ့နာမည်နဲ့အတူ ပိုပြီးဆိုးသွားမှာ။ ကားစက်နှိုးကြည့်လိုက်သော်လည်း လုံးဝနှိုးလို့မရပေ။ 

ပြီးတော့ မြို့ပြင်မှာ။ လူက ပြတ်သေးတယ်။ ညဘက်ကြီးလည်းဖြစ်တယ်။ 

The Criminal & HabibiWhere stories live. Discover now