Part 8

1.9K 269 54
                                    

Unicode

ဖိနပ်ကင်းမဲ့စွာဖြင့် သဲစလေးတွေပေါ်မှာ ခြေဗလာသာ။

ဖိနပ်ကို တမင်တကာကို မစီးတာဖြစ်သလို သူ့၏ဂရုစိုက်မှုကို မျှော်မှန်းလိုက်ရင်း။ 

အဝေးတစ်နေရာမှ Taehyung စီကိုလာနေသည့် သူ့ကို ငေးကြည့်ကာ ပြုံးလိုက်မိသည်။ အနားသို့ ရောက်လာသည့် ရေမွှေးနံ့ကလေးကို  အရင်ဆုံး နမ်းရှိုက်မိတော့တာပင်။

"ဘယ်သွားနေတာလဲ..."

"ဒီတိုင်းလုပ်စရာရှိလို့..."

Taehyung ရဲ့ပါးလေးကို ကိုင်လိုက်တော့ မျက်ဝန်းလေးကိုမှိတ်ကာ လက်ဖဝါးပြင်နဲ့ ပါးပြင်လေးကို ကြောင်ကလေးပမာ တိုးဝေ့လာသည်။ 

"ဘာလို့ချွဲနေတာလဲ...ကိုယ့်ကိုတောင်းဆိုစရာရှိနေသလား..."

"ကျွန်တော်နဲ့လိုက်ခဲ့ပါ...ပြန်ရင်လေ...ကျွန်တော်တို့လက်ထပ်ပြီးပြီမလား...ကျွန်တော့်ကို ဒယ်ဒီ့လက်ထဲ ဒီတိုင်းပြန်ထည့်ပေးလိုက်မှာလား...ဘာမှမပြောတော့ဘဲနဲ့လေ..."

"ဘာလို့တွေးမိပြီး ကိုယ့်ကိုလာပြောနေတာလဲ...မင်းက ကိုယ့်ရှိတဲ့နေရာမှာ နေရမှာလေ...မင်းသိတယ်မလား..."

"ဒယ်ဒီက ကျွန်တော့်ကို ဒီတိုင်းပစ်ထားလိုက်မှာမဟုတ်ဘူး...မရ'ရတဲ့နည်းနဲ့ ခေါ်မှာ...ခင်ဗျားကိုလည်း ထိခိုက်မခံနိုင်သလို ဒယ်ဒီ့ကိုလည်းစိတ်ပူတွေကျွန်တော်မပေးချင်ဘူး...ကျွန်တော့်ကို ခေါ်ထားမှာလား...ထည့်လွှတ်လိုက်မှာလား...တကယ်လို့ ခင်ဗျားကောလိုက်မှာလား...ဖြေပါလို့..."

"ကိုယ်ကလက်တွေ့ဘဲကြိုက်တဲ့သူမို့ အဲ့ချိန်ကျရင် ဆုံးဖြတ်ပေးမယ်...အခုတော့ လက်ထပ်ခါစ ကိုယ်နဲ့ကြည်နူးသင့်တယ်ဘဲမထင်ဘူးလား..."

"ခင်ဗျားကျွန်တော့်ကို ချစ်တယ်လို့တောင်မပြောသေးဘဲနဲ့ ကြည်နူးဖို့က လာပြောနေတယ်...ကျွန်တော့်အထင်မတရားဘူးနော်...Ahmad Jeon..."

လက်လေးကိုဖြုတ်လိုက်ကာ ဆူငှငှလေးပြောလိုက်သည်။ တကယ်လည်း လက်ထပ်လိုက်တာဆိုပင်မဲ့ ချစ်တယ်လို့တောင်မပြောလိုက်ဘဲနဲ့ Taehyung ကိုလက်ထပ်လိုက်တာဖြစ်သည်။ တွေးမိတာက ဟိုအမကို လက်မထပ်ချင်လို့ Taehyung ကို ရွေးချယ်စရာမရှိ လက်ထပ်လိုက်တာလားဆိုသည့် အတွေးဆိုးက ဝင်လာတတ်သည်ကိုတော့ Ahmad Jeon မသိဘူး။ 

The Criminal & HabibiTempat cerita menjadi hidup. Temukan sekarang