Part 11

1.3K 236 65
                                    

ခန္ဓာကိုယ်နှုံးချိစွာဖြင့် နှိုးလာသည်။ ညစ်ပတ်နေသည့် ခန္ဓာကိုယ်နဲ့အတူ အိပ်ရာဘေးက လွတ်နေသည့် နေရာ။ အလုပ်မအားလို့လား...အဲ့တာမို့ကြောင့် ဒီတိုင်းမဖြစ်သာလို့ ထားသွားတာနေမယ်။

ရေချိုးခန်းထဲကို ဝင်ကာ ခန္ဓာကိုယ်ကို သန့်စင်လိုက်ပြီး လန်းလန်းဆန်းဆန်းဖြစ်သွားစေရန် ရေချိုးကာထွက်လာလိုက်သည်။ ဗီရိုထဲက သူ့အဝတ်အစားတွေက ဒီတိုင်းပေါ့ပေါ့ပါးပါးဘောင်းဘီတစ်ထည်နဲ့ T-shirt တစ်ထည်ကို ယူလိုက်ကာ ဝတ်လိုက်ပြီး အခန်းထဲမှ ထွက်လာသည်။

အပြင်ထွက်လာတော့ သူထိုင်နေတာ။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး သူကိုင်ထားသည့် စာရွက်ကိုပြန်လှန်ကြည့်နေသည်။

"Ahmad Jeon"

ပြောဆိုပြီးအနေအထားဖြင့် မှေးဆတ်ပြသည်။ ကျွန်တော်က သူ့အနားသို့သွားကာ ကပ်ထိုင်လိုက်ပင်မဲ့ သူဘာမှမပြောသေး။ နေပါအုံး...အလုပ်ရူပ်နေရင်တောင် ဒီကခေါ်ရင် အနမ်းနဲ့ နှုတ်ဆက်သင့်တယ်မဟုတ်လား။ 

"ကျွန်တော်ဗိုက်ဆာတယ်..."

"Aarik မင်းအတွက် ချက်ပေးထားတယ်...ကိုယ်ထည့်ခိုင်းလိုက်မယ်"

"အရမ်းအလုပ်ရူပ်နေတာလား..."

"ဒီတိုင်းပါ...နည်းနည်းအလုပ်များနေရုံဘဲ..."

အလုပ်သမားတစ်ယောက်ကို ပြင်ခိုင်းလာသည်။ အစားစားနေပင်မဲ့ ကျွန်တော်သူ့ကို ကြည့်လျက်။ ဒီဘက်ရောက်မှ ပိုအလုပ်ရူပ်လာတာကို မြင်သလို အရင်လောက် ကျွန်တော့်ကို အချိန်သိပ်မပေးတော့တာ။

"ကျွန်တော်တို့လက်ထပ်စာချုပ်တွေကော..."

"Aarik စီမှာ...ဘာလို့လဲ"

ကျွန်တော့်ကို ကြည့်လာသည်။ ပြီးတော့ စာရွက်ဖိုင်တွေကို ချကာ ကျွန်တော့်နားသို့ တိုးကပ်လာသည်။ ကျွန်တော်စိတ်မကြည်နေတာ သူရိပ်မိမှာဘဲ။

"ယူမလို့လေ...အဲ့တာသက်သေစာချုပ်တစ်ခုဘဲ"

"အရေးမကြီးနေတာဘဲ...ယူမနေနဲ့..Aarik ကသေချာသိမ်းပေးတတ်တယ်..."

"Aamad Jeon အဲ့တာကျွန်တော်တို့လက်ထပ်စာချုပ်နော်...အရေးကြီးတယ်..ပြီးတော့ ဒယ်ဒီ့ကိုလည်းပြရမှာ...အဲ့တာမှ ကျွန်တော်တို့နှစ်ယောက်ကိုမခွဲတော့မှာ။ပြီးရင် ကျွန်တော်နဲ့ခင်ဗျားလက်ထပ်ထားတာဆိုရင် ကျွန်တော်ကြောင့် သူခင်ဗျားကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး"

The Criminal & HabibiHikayelerin yaşadığı yer. Şimdi keşfedin