Part 12

1.8K 283 44
                                    

ဒီပြန်ရောက်ပြီး ဆေးကုသမှုခံယူပြီးတာနဲ့ နှစ်ပတ်လောက်နေတော့ ကျောင်းပြန်တက်ရပြီး ပုံမှန်နေခဲ့သလိုမျိုး ဖြတ်သန်းရတော့သည်။ ကွာခြားသွားတာက အရင်လိုတစ်ယောက်တည်းမဟုတ်နေဘဲ ဘေးနားမှာ ပြည့်နှက်နေတဲ့ ဘောဒီဂတ်တွေ...လုံခြုံရေးတွေလား။ အဲ့တာတွေက စိတ်ရူပ်စရာကောင်းတယ်။ အိမ်သာသွားရင်တောင် နောက်ကနေ တစ်ကောက်ကောက် လိုက်တဲ့အထိလေ။

ဒယ်ဒီနဲ့စကားမပြောပင်မဲ့ နောက်ကွယ်ကနေ ကျွန်တော့်ကို ငြင်းဆန်လို့မရအောင်အမိန့်ပေးနေတာ။ ဘယ်မှလည်း သွားမရအောင်။

"ကျွန်တော့်အနောက်ကိုထပ်မလိုက်ကြလို့ရမလား..ကျွန်တော်အရမ်းစိတ်ရူပ်နေတယ်...တစ်ယောက်တည်းနေချင်တယ်"

တစ်ယောက်မှ ကျွန်တော့်စကားကိုမကြားသလိုမျိုး။ မဟုတ်ဘူး။ ဒယ်ဒီ့ကိုက သူတို့ကို အမိန့်ပေးထားတာ ကျွန်တော့်စကားကို နားမထောင်နေဖို့။

စိတ်ရူပ်ရူပ်နဲ့ စာကြည့်တိုက်ထဲသို့ ဝင်လာခဲ့တာ။ စာကြည့်တိုက်က ကျောင်းသားတွေကလွှဲပြီး အပြင်လူတွေကို ဝင်ခွင့်မပေးထားတော့ ဒယ်ဒီ့လူတွေက တံခါးပေါက်တွင်သာကျန်ခဲ့သည်။ ထိုအခါမှ အနည်းငယ်နေရတာ သက်တောင့်သက်သာဖြစ်သွားတာ။

စာအုပ်တစ်အုပ်ကို ယူရန်ပြင်လိုက်ပင်မဲ့ ဆွဲခေါ်ခံလိုက်ရသည့်လက်။ အလန့်တကြား တိတ်ဆိတ်နေသည့်ကြားက အော်သလိုဖြစ်မယ့်အချိန် ကျွန်တော့်ပါးစပ်ကို ပိတ်လာသည့် လက်တစ်ဖက်။ ရင်းနှီးနေသည့် ရေမွှေးနံ့စူးရှရှ။ 

တစ်ဖြည်းဖြည်း မျက်နှာထက်ကို ကြည့်လိုက်မိသည့်အချိန် တွန့်ကွေးနေသည့်နှုတ်ခမ်းပါး။ ထို့နောက် စူးစူးရှရှမျက်ဝန်းတွေ။ ကျွန်တော့်ကို ပြုံးကာဖြင့် ကြည့်နေသေးတာ။

"Habibi လေးကို ထပ်ပြီး ဒီတစ်ခါ ပြန်မပေးဆွဲလိုက်ပြီ"

"ခင်ဗျား..."

"အင်း...ခေါ်ပါအုံး Ahmad Jeon လို့ Habibi လေးရာ"

ကျွန်တော့်နှုတ်ခမ်းပေါ်က သူ့လက်ကို ဖယ်ပေးလာပြီး သူပြောသည်။ ရင်တထိတ်ထိတ်နဲ့ ကျွန်တော့်အံ့ဩမှုတွေ။ ဘယ်လောက်တောင် ဒီလူကို ကျွန်တော်လွမ်းနေခဲ့ရသလဲ။ အရမ်းလွမ်းနေတာလေ။ 

The Criminal & HabibiWhere stories live. Discover now