Unicode
မြို့ထဲက အိမ်ကနေ ပြန်လာတော့ မှောင်နေလေပြီ။ ကားကို ထိုးရပ်ကာ Taehyung ရှိရာ တဲထဲသို့ ပြေးဝင်သွားလျက်ဖြင့်။
ထိုကလေးက စောင့်နေခဲ့မှာဆိုတာ အတပ်သိသည်။
"Taehyung..."
စာအုပ်ကလေးကို ကိုင်ကာ ကုတင်ပေါ်တွင် စာထိုင်ဖတ်နေသည့် မျက်ဝန်းလေးက လှမ်းကြည့်လာပြီး စာအုပ်ကိုချခဲ့ကာ Ahmad Jeon ၏အနားသို့ ပြေးလာသည်။
"Ahmad Jeon..."
ခါးကိုဖက်လာကာ ရင်ခွင်ထဲသို့ တိုးဝင်လာတော့ စိတ်ကမငြင်းဆန်ဘဲ ပြန်ဖက်ကာ ကျောပြင်လေးကို ပွတ်သပ်လိုက်သည်။
"ကျွန်တော်မျှော်နေတာလေ...တစ်နေ့လုံး..."
"ကိုယ်တောင်းပန်ပါတယ်...အလုပ်ကိစ္စကြောင့် ကိုယ်နောက်ကျသွားတယ်...ဘာစားပြီးပြီလဲအခု..."
"ညစာစားမလို့လေ...ခင်ဗျားကို စောင့်နေတာ...Aarik နဲ့ကျွန်တော့်အနားရှိပေးပြီး ကျွန်တော့်ကိုကျွေးပင်မဲ့ ခင်ဗျားနဲ့အတူတူစားချင်လို့ စောင့်နေတာ..."
"ကိုယ်နောက်ကျနေလို့မင်းတော့အစာလွန်နေတော့မှာဘဲ....ကိုယ်နဲ့လိုက်ခဲ့မလား..."
"ဘယ်ကိုလဲ..."
"ညစာသွားစားဖို့လေ..."
ပြုံးကာဖြင့် Ahmad Jeon ရဲ့လက်ကိုတွဲလိုက်ပြီး တဲထဲကနေ ထွက်လာခဲ့တော့ ရပ်နေသည့် Aarik နဲ့တိုးသည်။
"ဒီနေ့ Aarik နဲ့ညစာမစားတော့ဘူး..ကျွန်တော့်အမျိုးသားနဲ့သွားစားမှာ သူတို့ကို မခေါ်ဘူးမလား...မခေါ်နဲ့နော်...ကျွန်တော်တို့နှစ်ယောက်တည်းဘဲသွားစားမယ်နော်...မခေါ်ဘူးလို့ ပြောလိုက်လေ..."
Ahmad Jeon ရဲလက်ကိုတွဲထားလျက် Aarik နဲ့ Aaran ကိုကြည့်ကာ ပြောသည်။
"သူတို့မလိုက်ဘူး...မင်းနဲ့ကိုယ်နဲ့ သီးသန့်သွားမယ်ဆိုတာ သူတို့အစကတည်းသိတယ်..."
"ဟုတ်တယ်...ဆရာနဲ့ အသေးလေးအတွက် ညစာကိုယ်တိုင်ပြင်ပေးထားခဲ့တာ..."
"Aarik က ဟင်းချက်တတ်တာလား..."
"တစ်လျှောက်လုံး မင်းစားသမျှကို ငါဘဲပြင်ဆင်ပေးနေတာ...သဘောမကျလို့လား..."
YOU ARE READING
The Criminal & Habibi
FanfictionFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie