221

71 15 0
                                    

၂၂၁။ သူငယ်ချင်းလေးနှစ်ယောက်

သူတို့အဝတ်များက မီးဖြင့်အခြောက်ခံနေကြသည့်အခါ လင်းချင်းသည် ကလေးမလေးဘက်သို့ လှည့်လိုက်သည်။ ရုတ်တရက် သူမ၏လက်ကို တစ်ခုခုက လာရစ်ပတ်သဖြင့် ငုံ့ကြည့်လေရာ ကန်ထဲကနေ ထွက်လာသည့် နွယ်ပင်ဖြစ်နေသည်။

မေမေ သူ့ကိုမှတ်မိတယ်!

လင်းချင်းသည် နွယ်ပင်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။

ဝူယွဲ့လင်းသည်လည်း လင်းချင်း၏လက်တွင် ရစ်ပတ်ထားသည့်နွယ်ကို မြင်လိုက်သည်။ ဘာမှန်းသူမက သေချာမသိသော်လည်း ကြောက်နေခြင်းမရှိဘဲ ဘာဖြစ်လို့ လင်းချင်းကို ရစ်ပတ်နေသလဲကို သိချင်စွာဖြင့်သာ ကြည့်နေသည်။

ထိုအချိန်တွင် နွယ်လေးသည် လင်းချင်းလက်ကနေ ဆင်းသွားကာ ဝူယွဲ့လင်းဆီသို့ တိုးလာသည်။ နွယ်ကသူမဆီသို့ လာသည့်အခါ ဝူယွဲ့လင်းသည် လန့်သွားကာ နောက်သို့ဆုတ်သွားသည်။ အာရုံသိကောင်းလွန်းသည့်နွယ်လေးသည် ကလေးမလေးက ကြောက်နေသည်ကို သိသည့်အခါ တန့်သွားကာ ဘာလုပ်ရမှန်းမသိစွာ လင်းချင်းဆီသို့ ပြန်ရစ်ပတ်လာသည်။

လင်းချင်းသည် ကလေးမလေးနှင့် နွယ်လေးကို အံ့သြစွာ ကြည့်မိသည်။

ကလေးမလေးနဲ့ နွယ်လေးက ခင်ချင်နေတာလား?

နွယ်လေးက ရပ်သွားမှ ကလေးမလေးသည် စိတ်သက်သာရာရကာ လင်းချင်းကို တစ်ချက်ကြည့်၍ နွယ်လေးကို ကြည့်နေသည်။ မကြောက်ရခြင်းမှာ မုန့်ယွဲ့၏လက်ထဲတွင် အပင်ပေါက်လေးရှိနေတက်ကာ သူမသည် ထိုအပင်လေးဖြင့် ဆော့တက်သောကြောင် ဖြစ်သည်။ သူမသည် ရွေ့လျားတက်သည့်အပင်များကို မကြိုက်တာ မဟုတ်သော်လည်း နွယ်လေးဖြင့် မသိသောကြောင့် သူမက အနည်းငယ်ကြောက်နေတာ ဖြစ်သည်။

လင်းချင်းသည် ကလေးမလေးနှင့် နွယ်လေးတို့မှာ ခံစားချက်တူနေသည့်အခါ ပြုံးမိသွားသည်။

နာမည်က နွယ်လေးတဲ့။ မကြောက်နဲ့

ကလေးမလေးကို လင်းချင်းက ပြောလိုက်ကာ နွယ်ပင်ကိုကိုင်၍ ကလေးမလေး၏ မျက်နှာအနားသို့ ကပ်ပြလိုက်သည်။

၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now