265

58 15 0
                                    

၂၆၅။ ပုစဉ်းက အရေးကြီးတယ်

လျန်တရှုသည် ရေခွက်ကိုစိုက်ကြည့်ပြီးနောက် အနံ့ခံကာ သောက်ကြည့်သည်။ ထို့နောက် ယွမ်ထန်ရှင်းကို လှည့်ပြောသည်။

ရေထဲမှာ ထူးခြားတဲ့အစွမ်းတစ်ခုပါတယ်။ ငါ့အစွမ်းနဲ့တူတာမျိုးလို့ ငါခံစားမိတော့ ဒါကကုသရေးအစွမ်း ဖြစ်လိမ့်မယ်။ ဒါပင်မယ့် ဒီရေကစွမ်းအားက ငါ့အစွမ်းနဲ့ လုံးဝကြီးတော့ မတူဘူး။ ငါ့ထပ်ပိုတာတွေများတယ်။ ယွမ်လူကြီးမင်းပြောတာ အမှန်ပဲ။ ဒီရေက ကန့်သတ်ချက်ရှိတယ်

သက်ပြင်းချကာ ခွက်ကိုပြန်ချလိုက်သည်။

ဒါကသောက်တဲ့သူက စွမ်းအားကို ဘယ်လောက်စုပ်ယူထားနိုင်သလဲ ဆိုတာပေါ်မှာပဲ မူတည်တယ်။ သတ်မှတ်ချက်ကိုရောက်သွားရင် လူ့ကိုယ်ကထပ်ပြီးတော့ ဒီရေထဲကအစွမ်းကို မစုပ်ယူနိုင်တော့ဘူး။ ပြီးတော့လည်း ပိုသွားတဲ့အစွမ်းတွေက လျှံထွက်ပြီး ပျောက်ကုန်မှာ

သူက ဆက်ပြောပြသည်။

ရှောင်ယွင့်လုံသည် သူ့ကိုကြည့်ကာ စိတ်ညစ်သွားပုံပေါ်သည်။

ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ

ဒါအမှန်ပဲ။ ဒါပင်မယ့် ရေရဲ့အစွမ်းက အခုမှစပြနေရုံထင်တယ်။ ငါတို့စောင့်ကြည့်ရမှာပဲ။ ငါတို့ခေါင်းဆောင်ဝူဆီကို လာကြည့်လို့ရမလား?

ရတာပေါ့!

ရှောင်ယွင့်လုံသည် ချက်ချင်းခေါင်းငြိမ့်သည်။

ဝူချန်းယွဲ့သည် ကုတင်ဘေးတွင်ထိုင်ကာ လင်းလင်းကို ကြည့်နေသည်။ မိုလီက သာမိုမီတာမှ နံပတ်များကိုကြည့်ကာ ပြောသည်။

အပူချိန် ထပ်ကျသွားပြန်ပြီ ၅၇.၁ဖြစ်သွားပြီ

ဝူချန်းယွဲ့သည် လင်းလင်းနဖူးကိုထိသည့်အခါ ပူနေဆဲဖြစ်၍ ပြောသည်။

ဒါပင်မယ့် စိတ်က သိပ်မရှင်းသေးဘူး!

မိုလီသည် ရုပ်သေကြီးဖြင့် ရှင်းပြသည်။

ခေါင်းဆောင် အပူချိန် နည်းနည်းကျသွားတယ်။ အပူချိန်က တိုးမလာသ၍ လင်းလင်းရဲ့ အခြေအနေက ကောင်းလာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ အစွမ်းနိုးဖို့ဖြစ်နေတာထက် ဒီလိုကိုမာမဝင်သေးတဲ့ အခြေအနေက ပိုကောင်းတာပေါ့။ အကောင်းမြင်စမ်းပါ။ လင်းလင်းအတွက် နည်းတစ်ခုခုတွေ့မှာပါ

၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now