Chapter 30

914 106 3
                                    

အခန်း ( ၃၀ )

ယွမ်ဟေးနှစ်၊ ပထမလ၏ ၁၈ ရက်မြောက်နေ့ကို ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ရမှာ ဖြစ်ပေမဲ့ နှင်းကျဆင်းမှု ဘေးအန္တရာယ်ကြောင့် အချို့နေရာများတွင် စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပြီး အချို့ နေရာများတွင်တော့ အေးခဲဆာလောင်၍ သေဆုံးသွားသူတို့ပင် ရှိနေခဲ့သည်။ မြောက်ပိုင်းနှင့် ပိုနီးသော 'ကျန်းဟေး' ရွာငယ်လေးက ပို၍ အခြေနေ ကောင်းလေသည်။ ဒီရွာလေးကို တောင်တို့နှင့် ကာရံထားပြီး တောင်ပေါ်မှ စားစရာလည်း ရရှိနိုင်သည်။ ရွာရှိ အိမ်တိုင်းနီးပါးတွင် သိုလှောင်ထားသည့် အစားအသောက်တို့ ရှိပြီး အေးခဲ၍ သို့ ဆာလောင်၍ သေဆုံးသွားသူ ဟူ၍ မရှိသေးပေ။

ရွှီချောင်နှင့် ဖူကွေ့တို့က မီးဖိုခန်းထဲတွင် ပျော်ရွှင်စွာနှင့် အလုပ်များနေကြသည်။ ဒီနေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်။ ရွှီချောင်က ဝက်ခြေထောက်ကို တစ်ဝက် ပိုင်းလိုက်သည်။ ထို့နောက် ဝက်သား ၂ ကတ်တီနှင့် အူချောင်းတို့ကို ထုတ်ခဲ့သည်။ သူမက ဝက်ခြေထောက်နှင့် မုန်လာဥ၊ ဝက်သားနှင့် မုန်ညင်းတို့ကို ချက်လိုက်ပြီး ဝက်အူချောင်းတို့ကို ပေါင်းလိုက်သည်။ ဆယ်ရက်လောက် သိမ်းထားခဲ့သည့် ဥကိုလည်း မွှေကြော်လိုက်သည်။

သူမက ရစ်ငှက်တို့ကို မသတ်ချင်ခဲ့ပေ။ ရစ်ငှက်မက ဥ တစ်ဒါဇင်ခန့် ဥပေးပြီးနောက် နောက်ထပ် မဥတော့ပေ။ ရွှီချောင်က ထိုဥတို့ကို သိမ်းထားရန် စီစဉ်ထားပြီး လာမည့် နွေဦးထိ စောင့်ကြည့်၍ ဥ ဆက်ဥစေမည်။ သူမက ဒီ ရစ်ငှက်ပေါက်တို့ကို အရွယ်ရောက်၍ ဥ, ဥပေးမည့် အချိန်ထိ မွေးထားမည် ဆိုလျှင် သူမတို့စားရန် ဥ အမြောက်အမြား ရရှိလာမည် ဖြစ်သည်။

ရွှီချောင်က ဟင်းပွဲတွေကို ဆက်၍ ချက်နေခဲ့ပြီးနောက် ပေါင်းထားသည့် ပေါက်စီနှင့် ဝက်အူချောင်းတို့ကို သွားကြည့်ခဲ့သည်။ ယင်းတို့မှာ အပြည့်အဝ မကျက်သေးပဲ နောက်ထပ် ၁၅ မိနစ်ခန့် ပေါင်းရန် လိုသေးသည်။

အပြင်ဘက်တွင် ကျဆင်းနေသည့် နှင်းမှုန်နှင်းခဲတို့ကို ကြည့်လိုက်ပြီးနောက် သူမက သက်ပြင်း ချလိုက်သည်။ ပြင်းပြင်းထန်ထန် နှင်းကျခြင်းက လွန်ခဲ့တဲ့ ၁၀ ရက်က ရပ်တန့်သွားခဲ့သေးသည်။ အရည်မပျော်ခင် ၃ ရက်လောက် ရပ်သွားခဲ့ပေမဲ့ ပြန်၍ သည်းသည်းထန်ထန် နှင်းကျဆင်း နေခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။ မူကတုန်းက သူမသည် ထို ၃ ရက်တွင် အိမ်ပြန်ချင်ခဲ့ပေမဲ့ မမျှော်လင့်စွာပဲ လမ်းတွေမှာ နှင်းတွေ ပိတ်နေတုန်းဖြစ်ပြီး သွားစရာ လမ်းမရှိခဲ့ပေ။ သူမက ရွေးချယ်စရာမရှိ၍ ဒီနှစ် နှစ်ကူးကို ယန်အိမ်တွင် ကုန်ဆုံးရတော့သည်။

တောင်သူကြီးရဲ့ ဇနီးလေးWhere stories live. Discover now