Chapter 52

861 88 0
                                    

အပိုင်း (၅၂)

 

"အမေရေ အိမ်စောစောပြန်ရအောင်၊ အိမ်မှာ မြောင်မြောင်နဲ့ ရှောင်ကွမ်းပဲရှိတာ၊ ကျွန်မ စိတ်ပူတယ်ရှင့်"

အမေလီမှာ ပြန်ဖြေလိုက်ပြီး ငွေစနှစ်ဆယ်အား သူ(မ)လက်မောင်းထဲသို့ သတိတကြီး ညှပ်ထားလိုက်သော်လည်း သူ(မ)နှလုံးသားမှာ ခုန်နေဆဲပင်။ အခုန်မြန်လွန်းသည်က သူ(မ)မှာ ငွေစများထည့်ထားသည့်နေရာကို လက်ဖြင့် ထိထားမှပင် အနည်းငယ် စိတ်အေးချမ်းသလို ခံစားရတော့သည်။ သူ(မ)က ရွှီချောင်အား လှမ်းပြုံးပြကာ

"ဟုတ်တယ်၊ မြန်မြန်ပြန်ရမယ်၊ ဟေ့ ခဏလောက်နေအုံး၊ ကလေးတွေကို သူတို့ချဉ်ချင်းတပ်နေတာကို ကျေနပ်စေဖို့ ပျားသစ်သီးလေးနည်းနည်းပါးပါး သွားဝယ်လိုက်အုံးမယ်"

လက်ထဲတွင် ငွေပမာဏအများကြီးဖြင့် အမေလီမှာ ရှားရှားပါးပါး သဘောထားကြီးလို့လာ၏။

ရွှီချောင်မှာလည်း အစကတည်းက အမေလီအား ကလေးတွေအပေါ် ပို၍သဘောထားကြီးစေချင်သည်ဖြစ်ရာ အမေလီနှင့်အတူ ပျော်ရွှင်စွာ ဈေးဝယ်ထွက်လိုက်သည်။ အမေလီက သစ်သီးအချို့ဝယ်ပြီး အထည်တချို့ပါ ဆွဲကာ အပြုံးဖြင့်

"ကလေးအတွက် အထည်အသစ်တွေ ချုပ်ပေးရမဲ့အချိန်ပဲ"

ပစ္စည်းများ ဝယ်ပြီးနောက်တွင် နှစ်ယောက်သားက ပြန်လာလိုက်ကြသည်။

ဝိုင်များ ပို့ရင်းဖြင့် တစ်နေကုန် အလုပ်များနေပြီးနောက်တွင် သူတို့ ရွာသို့ ပြန်ရောက်လာချိန်တွင် နေပင်ဝင်သွားခဲ့ပြီးဖြစ်သည်။ ရွှီချောင် တံခါးသို့ ဝင်လိုက်သည်နှင့် ရှောင်ရှားက မီးဖိုချောင်ထဲမှ အမြန်ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ မြောင်မြောင်က ခြံထဲတွင် ငြိမ်သက်စွာထိုင်ကာ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များနေသည့် ရှောင်ရှားအား ကြည့်နေ၏။

ရွှီချောင်ကို မြင်သည့်အချိန်တွင် မြောင်မြောင်က မတ်တတ်ထရပ်ပြီး ရွှီချောင်ဆီ အပြုံးဖြင့်ပြေးကာ

တောင်သူကြီးရဲ့ ဇနီးလေးWhere stories live. Discover now