အပိုင်း ၁၂ ။ ရှန်းမျိုးနွယ်စု

165 22 0
                                    

[Unicode]
နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၁၂ ။ ရှန်းမျိုးနွယ်စု

ကျန်းချန်ရွှမ်၏စကားများကိုနားထောင်ကြည့်ပြီးနောက် သူဘာကိုဆိုလိုချင်မှန်း အနည်းနဲ့အများသဘောပေါက်ကြသည်။

ကျန်းချန်ရွှမ် ကိုင်တွယ်သွားသည့်နည်းလမ်းက သူတို့ကို ထင်မြင်ချက်ကောင်းများပင် ကျန်ရှိသွားစေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီလိုယဉ်ကျေးကာ နှိမ့်ချသည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ထောင်လွှားမောက်မာနေတဲ့လူတွေထက် အဆ ရာထောင်ချီပိုသာပေသည်။

အားလုံးလဲ အကြောင်းအရင်းကိုနားလည်ကြပြီဖြစ်တာကြောင့် ဆက်ပြီးမနေကြတော့ဘဲ ကျန်းချန်ရွှမ်ကို အပြုံးဖြင့်နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

နောက်တစ်နေ့…

ကျန်းချန်ရွှမ်တစ်ယောက် ကန်းယန်ဈေးရှိ မသေမျိုးရှန်းမျိုးနွယ်စု၏အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။

ဟုတ်ပါတယ်၊ ကျန်းချန်ရွှမ်ရွေးချယ်လိုက်တာကတော့ ယွင်တိုင်းပြည် အရှေ့တောင်ဘက်တွင်တည်ရှိသော ပင်းချွမ်နိုင်ငံမှ မသေမျိုးရှန်းမျိုးနွယ်စုပင်ဖြစ်သည်။

ရှန်းမျိုးနွယ်စုကို သူရွေးချယ်ခဲ့ရသည့်အကြောင်းအရင်းများရှိပေသည်။

ပထမဆုံးအချက်အနေနှင့် ရှန်းမျိုးနွယ်စုသည် အမြင်ပွင့်လင်းကြသည်။ ဒါ့အပြင် ယွင်တိုင်းပြည်ရှိ မသေမျိုး မျိုးနွယ်စုများကြားတွင်လည်း အကောင်းဆုံးဂုဏ်သတင်းရှိသည့်မျိုးနွယ်စုများထဲ ပါဝင်သေးသည်။ ဒါပေါ့ မင်းက ရှန်းမျိုးနွယ်စုဝင်တစ်ယောက်လို့ပြောလိုက်ရုံနဲ့တော့ လူတိုင်းက မင်းကို မတူထူးခြားစွာ ဆက်ဆံကြမှာမဟုတ်ပါဘူး။

အနည်းဆုံးတော့ အပေါ်ယံမှာ သဟဇာတဖြစ်အောင် ဆက်ဆံကြမှာပါ။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ် Where stories live. Discover now