အပိုင်း ၄၀ ။ ရှန်းမျိုးနွယ်စုဘိုးဘေး (၂)

87 12 2
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်အပိုင်း ၄၀ ။ ရှန်းမျိုးနွယ်စုဘိုးဘေး (၂)


ဟွားဝူတောင်ထွတ်~

ဤနေရာသည် ရှန်းမျိုးနွယ်စု၏ဘိုးဘေးဖြစ်သူ ရှန်းယွမ်လုံ ကျင့်ကြံအားထုတ်သည့်နေရာပင်။

အခုတော့ ရှန်းယွမ်လုံတစ်ယောက် ကျောက်စိမ်းစားပွဲတစ်လုံးတွင် ထိုင်နေခဲ့သည်။ သူ၏ဆန့်ကျင်ဘက်တွင်တော့ အဝါဖျော့ဖျော့ဝတ်စုံဝတ်ဆင်ထားသည့် လှကာ အဖြူရောင်ဆံနွယ်များရှိသော အမျိုးသမီးတစ်ယောက်ရှိနေသည်။

ရှန်းယွမ်လုံက လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ထိုအဖြူရောင်ဆံနွယ်များနှင့်အမျိုးသမီး၏ရှေ့သို့ ချပေးလိုက်ပြီး ဖြည်းညှင်းစွာပြောလာခဲ့သည်။

"ညီမလေး၊ ငါ မင်းပြောတဲ့အတိုင်း လုပ်ပြီးသွားပြီ။"

ရှန်းယွမ်လုံက စကားကိုခဏရပ်လိုက်ကာ သူ၏မျက်နှာထက်တွင် လေးနက်သည့်အရိပ်အယောင်တပျဖြတ်ပြေးလို့သွားသည်။

"မင်းတစ်ခုခုမြင်ခဲ့တာလား? တကယ်တော့ မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး။ နှစ်ပေါင်းများစွာ မင်း အနစ်နာခံခဲ့ရပြီးပြီ။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ငါစိုးရိမ်တာ၊ မင်းရဲ့သက်တမ်းက..."

ကျန်အပိုင်းကိုတော့ ရှန်းယွမ်လုံ ဆက်မပြောခဲ့ပေ။

ဆံပင်အဖြူနှင့်အမျိုးသမီးက၊ "အဆင်ပြေပါတယ်၊ အစ်ကို။ ကျွန်မ တွက်ချက်တာကို ရပ်လိုက်မယ်ဆိုရင်တောင်မှ ကျွန်မအတွက် အချိန်က သိပ်မကျန်လောက်တော့မှာ စိုးရတယ်။"

ရှန်းယွမ်လုံ၏အမူအရာက မည်းမှောင်လို့သွားခဲ့သည်။

ဆံပင်အဖြူနှင့်အမျိုးသမီးကဆက်ပြီး၊

"ကျွန်မ တကယ်ကို တစ်ခုခုမြင်ထားတာရှိတယ်။ ဒါကြောင့်ပဲ ကျွန်မရဲ့မှန်းဆချက်ကို အတည်ပြုဖို့အတွက် ကန်းယန်ဂိုဏ်းကနေ အလျင်စလိုရောက်လာခဲ့ရတာပေါ့။

ဒါကို ကြည့်လိုက်တော့ ကျွန်မမြင်ခဲ့တာက မမှားလောက်ဘူး။ ကျွန်မတို့ ရှန်းမျိုးနွယ်စု အနာဂါတ်မှာ မြင့်မားနိုင်ဖို့အတွက် မျှော်လင့်ချက်က သူတို့နှစ်ယောက်ပေါ်မှာ မူတည်နေတာဖြစ်ဖို့ အရမ်းများတယ်။ ဒါပေမယ့် ကျွန်မ အသေးစိတ်သိရအောင် သူတို့ကို ကိုယ်တိုင်တော့ တွေ့ဖို့လိုသေးတယ်။"

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ် Dove le storie prendono vita. Scoprilo ora