Part-7

32 4 0
                                    


Sooတစ်ယောက်chaeကိုအိမ်သို့ခေါ်လာပြီး အိမ်ရှေ့ရောက်သောအခါ chaeကဒေါသထွက်ကာအခုထိဒေါသမပြေသေးပေ။
" ရှင့်ကိုလိုက်အူးမလို့လဲ ဘာလဲ ရှင်ကကျမရှင်နောက်လိုက်လာလို့ ရှင့်ကိုမြင်ကြည်ဘီလို့ ထင်နေတာလား ဟင်
  " မဟုတ်ပါဘူး မင်းကို ဘာမှမလုပ်ပါဘူး Omma ကမင်းကိုပြန်ခေါ်လာလို့ပြောလို့ပါ ငါ့က အခုဒီမှာနေမှာလေ "
" ဘာ ...ရှင့်က ဒီမှာနေမယ် ဟုတ်လား မနေရဘူးသွားရှင့် ကြိုက်နေရာမှာသွားနေ ဒီမှာမနေနဲ့ "
" သမီး chae ဘယ်လိုပြောလိုက်တာလဲ "
" ဘယ်လိုပြောပြော Omma ရာ သူဒီမှာမနေခိုင်းရဘူး "
" သူဒီမှာနေရမရ် Omma က ဒီမှာနေမှာမလို့ "
" ဟင် .... တကယ် Omma တကယ်ပြောတာလား ... ဒါပေမဲ့ Omma နေတာက ပြသာနာမရှိဘူး သူကိုမနေခိုင်းပါနဲ့ Omma"
" Ommaကို ဒီမှာနေခိုင်းချင်ရင် သမီးsoo လဲနေခိုင်းရမရ် "
" အဒေါ် ကြီး သမီး Soo လေးရဲ့ အထုပ်တွေကိုအပေါ်ထပ်သို့ ပို့ပေးလိုက်နော် "
Chae တစ်ယောက် အပေါ်ထပ်သို့ ခြေဆောင့်ကာတက်သွားပြီး အဒေါ်ကြီးလဲ အဝတ်အိတ်များကိုယူကာအပေါ်ထပ်သို့ တက်သွားသည်။
" Soo သမီး ဒီမှာနေနော် အမေနဲ့အတူနေ သမီး ညီမလေးက ဒီလိုဘဲ့ ဆိုတော့ ကဲ... လာ အမေတို့ ထမင်းစားကြမရ် " ဆိုပြီး သားမိနှစ်ယောက် ထမင်းစားခန်းသို့ သွားကာ ထမင်းစားမလို့ပြင်ဆင်ချိန်အတွင်း
" Chae လေး မလုပ်ရဘူးကွယ် " ဆိုပြီး အသံတွေကြားရတော့ Soo တို့လဲ အသံလာရာသို့ ကြည့်လိုက်ရာ chae တစ်ယောက် Soo အဝတ်အစားတွေကို အပေါ်ကနေ အောက်သို့ပစ်ချနေသည်။
Soo တစ်ယောက်စိတ်တိုကာ သူ့အဝတ်စားတွေအကုန်လုံး ကိုကောက်ပြီး အပေါ်ထပ်သို့တက်ကာ chae ၏မျက်နှာကိုကြည့်ပြီး
" ငါ့ရဲ့ သည်းခံမှုကို အခွင့်အရေးယူပြီး ဒီလိုလာမလုပ်နဲ့ "
" ဘာလဲ ရှင်က ကျမကိုရိုက်မလို့လား "
" ငါ့မရိုက်ဘူး နင်ဒီလိုတွေလုပ်လိုက်လို့ ငါ့ဘာမှမဖစ်ဘူး .. အေး... အစတုန်းက ငါ့ဒီမှာအမေစိတ်စိတ်ချမ်းသာပါစေ‌ဆိုပြီး ခဏလာနေတာ မင်းကငါ့ရဲ့ မာနတွေကိုဒီလိုလုပ်လိုက်တာဆိုတော့ ဒီအိမ်ကနေပြီးလုံးဝ ထွက်မသွားဖို့ ဆုံးဖြတ်လိုက်ဘီ "
" ဘာ !!!! ဘာပြောတယ် "
"သမီး chae ဘယ်လိုလဲ အမေလဲသမီးကိုဒီလိုလုပ်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး သမီးsooလုပ်တာကိုအမေသဘောတူတယ်"
" ငါ့လဲသဘောတူတယ် " ဆိုပြီး အပြင်ကပြန်လာသော အဖေကပါဝင်ပြီးပြောတော့ chaeတစ်ယောက်စိတ်တိုကာ အိမ်ကထွက်သွားလေသည်။
Mr.park တစ်ယောက် သူ့ရှေ့ဖြတ်ပြီးထွက်သွားသောကျောပြင်လေးကိုကြည့်ကာ
" စိတ်မပူပါနဲ့ သူ့အဘွားအိမ်သွားတာဘဲ့ဖစ်မရ် ခဏကြာသွားချော့ပြီးခေါ်ယုံဘဲ့ "
" ဘာ ..... ရှင့်ဘယ်လိုပြောလိုက်တယ် အမေဆီထွက်သွားရင်လွယ်လွယ်လေးခေါ်လို့ရမယ်ထင်လားဟင် "
" လာသွားမယ် အခု သမီး sooသမီးလဲနားတော့ အမေတို့ဖြေရှင်းယူမယ်"
ဆိုပြီး လင်မယားနှစ်ယောက်အိမ်က သုတ်သုတ်ပြာပြာထွက်သွားလေသည်။
Sooတစ်ယောက်ကတော့ သူ့ပြောလိုက်တဲ့စကားအတွက် သူ့ကိုပိုမုန်းမှာကြောက်နေမိသည်။
ဟူး ... မနက်ဖြန်ဘာဆက်ဖစ်မလဲ ဆိုကို တွေးကြည့်ရင်း စိတ်ပူနေမိသည်။
Chae တစ်ယောက် အဘွားအိမ်သို့ စိတ်တိုလျက်ထွက်လာမိသည်။ အဘွားအိမ်ကိုသူနိုင်ငံခြားကလာကတည်းကမရောက်သေးဘူးဆိုတော့
" အဘွား..... အဘွား "
" ဘယ်သူလဲ "
" ဘွားမြေးလေ ဟဲ ဟဲ "
" မြေးလေး အမလေး နိုင်ငံခြားကပြန်ရောက်တာကို အဘွားဆီချက်ချင်းမရောက်လာဘူးနော် "
" အဘွားကလဲ ကိစတွေကို‌ဖြေရှင်းနေရလို့ပါ "
" ဟိုကိစမလား အဘွားလဲ ပြောပါတယ် sooလေးကိုလဲအားနာတယ် သူလဲတားပါသေး တယ်မရလို့လွှတ်ပေးလိုက်တာလေ"
" အဘွား ဘယ်သူ "
" Soo လေး သမီး အစ်မလေ သူက အရမ်းတော်တာ ညည်း အဖေကအဲမော်ဒယ်နောက်လိုက်နေဘီဆိုဘာဆိုဘာမှကို မသိတာ company ကိုလည်းဖစ်ချင်တိုင်းပစ်ထားတော့တာဘဲ့ အဲအချိန် sooလေးက လိုက်ထိန်းနေရတာ‌ေပါ့ကွယ် "
" ဟာ အဘွားကလဲ သမီး ကသူ့ကိုကြည့်လို့ကိုမရဘူး ဘယ်လိုနေနေ company ကိုသူလုပ်ပေးနေတာလဲ သူ့လိုချင်လို့ဖစ်မှာပေါ့ "
" အို.... သမီးရယ် ဒီလိုမပြောရဘူးကွယ် သူလဲကောင်းစေချင်လို့လုပ်တာလေ"
" ဘယ်လိုဖစ်ဖစ်ပါ ... အဘွားကလဲ သမီးကသူကြောင့်စိတ်ရှုပ်လို့အဘွားဆီထွက်လာတာပါဆို အဘွားကသူ့အကြောင်းချည်းပြောနေတော့တာဘဲ့ ဟွန့် "
" အေးပါကွယ် မပြောတော့ဘူး ပြော ငါ့မြေးလေးဘာဖစ်လာတာလဲ အဘွားကိုပြော ဖြေရှင်းပေးမယ် ဘွား "
" ဒီလို အဘွားရေ အဖေတို့ကလေသူတို့ကွာရှင်းပြီး အိမ်ခွဲပြီးနေမလို့ကို သမီးကမရဘူးဆိုလို့သူတို့ကလက်ခံပြီး တူတူနေကြမယ်တဲ့ ။ ဒါပေမဲ့ အမေက သူကိုနေစေချင်ရင် အဲ Kim jisoo ကိုပါ ဒီမှာလာနေခိုင်းရမှာတဲ့ "
" အော် ... ဒါကြောင့်လား ‌သမီးရယ် မိသားစုစုံစုံလင်လင်နေတော့ ပျော်စရာကောင်းမှာပေါ့"
" မကောင်ပါဘူး သူ့ကမကောင်းဘူး "
" ကဲ ... ကဲ စိတ်မကောင်းမဖစ်ပါနဲ့ သူလေးကလူတော်လေးပါ သမီးနေကြာရင်ချစ်သွားပါလိမ့်မယ် "
"ဟာ အဘွား အနေကြာရင်ချစ်သွားမယ် ဝေးသေး သမီးလားသူ့ကိုချစ်မှာ "
" ကဲ ‌ဟိုမှာသမးမိဘတွေလာခေါ်နေကြဘီ လိုက်သွားလိုက် "
" မလိုက်ချင်ပါဘူး "
" လိုက်သွားလိုက်ပါ အဘွားပြောပေးမယ် သူတို့ကို ဟုတ်ဘီလား "
" အဘွားကဘယ်လိုပြောပေးမှာလဲ "
" ကြည့်နေ လာ " ဆိုပြီးစိတ်ကောက်နေသူ၏လက်လေးကို ဆွဲကာ အပြင်သို့ခေါ်လာပြီး အပြင်သို့ရောက်သောအခါ
" ရောက်ဘီလား မင်းတို့ " ဟူအိမ်ရှေ့မှာကားကိုနားပြီး ဝင်လာကြတဲ့လင်မယားနှစ်ယောက်ကိုကြည့်ကာပြောလိုက်သည်။
" အမေ ဟဲ ဟဲ "
" ဘာ တွေ လာ‌ရယ်နေသေးတာလဲ မြေးလေးတွေကိုစိတ်မချမ်းသာအောင်လုပ်ကြပြီး အခုမှ လာချော့နေကြတယ် "
" အမေကလဲ သမီးတို့ကကွာရှင်းပေမဲ့ အတူတူတအိမ်ထဲမှာနေမှာလေ ဟုတ်တယ်မလား ပြောလိုက်ရှင်လဲ"
" ဟုတ်ပါတယ် အမေရယ် သူ့ပြောတဲ့အတိုင်းဘဲ့ "
" ဘာ‌သူ့ပြောတဲ့တိုင်းဘဲ့လဲ လင်မယားတူတူနေလာလို့သမီးကဒီအရွယ်ရောက်နေဘီ ကွာရှင်းနေကြပြီး အခုမှအမနောက်‌လိုက်နေတဲ့သူနဲ့ အပျော်နောက်လိုက်နေတဲ့သူနဲ့ "
" ဟာ အမေကလဲ ဒီလိုမပြောပါနဲ့ သမီးတို့ကို အခုကအမေမြေးလေ"
" ဘာငါ့မြေးလဲ အခုမှသူ အပေါ် အပြစ်မပုံချနဲ့ "
" အမေမြေးလေ Soo လေးကိုအိမ်မှာမနေစေချင်လို့ သမီး Soo ရဲ့ အဝတ်အစားတွေကိုလွှင့်ပစ်‌တယ်လေ အဲဒါသမီးတို့က သူ့မှားတယ်ပြောလို့ စိတ်ကောက်ပြ အမေ့ဆီရောက်လာတာလေ အမေကိုမပြာဘူးမလားဒီအကြောင်းကို "
" ဟုတ်လားမြေးလေး သူတို့ပြောတာတကယ်လား "
" ဟုတ် ... ဟုတ်ပါတယ်အဘွား "
" အိုး .... မြေးရဲ့ဒီလိုမလုပ်ရဘူးလေနော် သမီးကမကြိုက်ဘူး‌ဆိုမခေါ်နဲ့ပေါ့ ဒီလိုလုပ်စရာလား အဘွားမြေးလေးကလိမ်မာပါတယ် "
" ဟူး ... သမီး ဖက်ကတယောက်မှမရှိကြပါလား "
" လာ ညည်းမနေနဲ့ သွားအမေတို့နဲ့လိုက်သွား " ဆိုပြီးမလိုက်ချင်လိုက်ချင်နဲ့ပါသွားသူ့ကိုခေါင်းခါ၍ကြည့်နေမိသည်။
——-//——————
မနက်မိုးလင်းသောအခါ( ကျော်ပစ်လိုက်ဘီ😁)
Soo တစ်ယောက် ရုံးမှာ အစည်းအဝေးရှိလို့ အမြန်ကားဖြစ်ထွက်သွားလေသည် ။သူထွက်သွားတာကိုကြည့်နေသောတစ်ယောက်သောသူကတော့ *သူ့ဘယ်ကိုသွားမှာမလို့ဒီလောက်မြန်မြန်ထွက်သွားရတာလဲ* ဟုတွေးရင်း သူကိုနှောက်ယှက်ရမည်ဟု‌ေတွးကာ သူ့ထံဖုန်းခေါ်လိုက်သည်။
Soo တစ်ယောက် ကားမောင်းနေစဉ် ဖုန်းလာသံကြားရာကြည့်လိုက်တော့ လန့်သွားသည်။
" Chae ဆီကဘဲ့ ဘာကိစရှိလို့လဲမသိဘူး မြန်လိုနေပါတယ်ဆိုမှ မကိုင်လို့လဲမရဘူးစိတ်ကောက်ဦးမယ် "
" ဟဲလို "
" ဟဲလို .... ရှင် ဘယ်မှာလဲ ကျမသွားစရာရှိလို့ရှင် ကျမကိုလိုက်ပို့ရမယ် ဒါဘဲ့ အခုအိမ်မှာစောင့်နေမယ် ကြားလား " ဆိုပြီး သူပြောချင်တာပြောပြီးချသွားသောဖုန်းကိုကြည့်ကာသက်ပျင်းတချက်ချကာ ကားကိုပြန်ကွေ့ပြီး သူ့လာရာလမ်းတိုင်းပြန်လာခဲ့ရသည်။
Soo ကားလေးအိမ်ရှေ့ရောက်တော့ အဝတ်အစားပြည့်နဲ့ chaeတစ်ယောက်စောင့်နေသည်။
" ဘာကိစရှိလို့လဲ chae အ‌ေရးကြီးကိစရှိလို့ မြန်မြန်ပြော"
" ဘာကိစဘဲ့ ရှိရှိ ဖျက်လိုက် ငါ့နဲ့ ဘယ်ဟာအရေးကြီးလို့လဲ"
" ဟာ ... ပြောငါ့ဘာလုပ်ပေးရမလဲပြော " ထိုအခါchaeတစ်ယောက်ပြုံးပြီး
" ငါ့နဲ့ shoppingလိုက်ပေး "
" ဘယ်လို ... ဘာပြောတယ် အာ chae လေးရယ် shoppingထွက်တာက Lisa ‌ကိုခေါ်လိုက်လေ ပြီးတော့ ကားလဲရှိတာဘဲ့ ကိုယ့်မလိုက်လဲရတယ်လေ"
" မရဘူး ရှင်လိုက်ရမယ် " Soo သက်ပြင်းတစ်ချက်ချကာ company ကလဲ ဖုန်းတွေခေါ်နေဘီ။ဘယ်လိုလုပ်ရမလဲ ဟုတ်ဘီ ။
" အိုကေ ... ဒါဆိုတက် ကိုယ့်လိုက်ပို့ပေးမယ် "
" Lisa ကိုလဲခေါ်ဦးမှာလမ်းမှာ"
" ဟုတ်ဘီ သူ့စောင့်နေတာမလား "
" အင်း " ဟုဆိုပြီး ကာတံခါးကိုဖွင့်ပြီးဝင်ထိုင်သောသူကိုကြည့်ကာ ခေါင်း တချက်ခါကာ သူ့လဲကားပေါ်တက်ပြီး မောင်း‌သူနေရာဝင်ထိုင်ပြီး သူကိုတစ်ချက်ကြည့်
"ခါးပတ် ပတ်အူးမယ် "
" ရှင့်လုပ်ပေးပေါ့" ဆိုပြီးပေတေပြီးထိုင်နေတဲ့သူကိုတချက်ပြုံးကြည့်ကာ ကားရဲ့ခါးပတ်ကိုတပ်ဆင်ပေးလိုက်သည်။
" အို့..!!!!! " ဆိုပြီး chaeတစ်ယောက်လန့်သွားသည်။ သူ့အနားသို့ တိုးကာခါးပတ်လာလုပ်ပေးသောသူ၏မျက်နှာကိုတချက်ကြည့်ကာ * သူ့ကအတော်ချောလာတာဘဲ့ ငါ့နိုင်ငံခြားသွားတုန်းက သူဒီလောက်မချောသေးပါဘူး ပြီးတော့ အရပ်ကငါ့ထက်တောင်ရှည်သေး ပြီးတော့ အသည်းပုံနှုတ်ခမ်းလေးနဲ့ ချစ်စရာလေးဟုတွေးကာ ပြုံးနေမိသည်။
Soo တစ်ယောက် သူ့ခါးပတ်ပေးနေတာကိုတစိမ့်စိမ့်ကြည့်ပြီးပြုံးနေသူကို တချက်ကြည့်ကာ အံ့ဩနေမိသည်။ သူ့ငါ့ကိုကြည့်၍ဘာလို့ပြုံးနေတာလဲမသိ sooလဲသိချင်လို့မေးလိုပ်မိသည် ။
" ဟို .. chae Soo မျက်နှာမှာဘာပေနေလို့လဲဟင် ဒီလောက်ကြည့်နေတာ "
" ဟင် " ဆိုပြီးလန့်သွားသူသည် သူ့မဟုတ်သည့်အတိုင်း လှည့်သွားကာကားမှန်ကိုချကာအပြင်သို့ကြည့်သွားလေသည်။ပြီးမှစကားပြောလာသည်
" ဘာမှမဟုတ်ပါဘူး ဒီအတိုင်း sooကအရင်ကထက်လှလာလို့ကြည့်မိတာပါ" ဆိုပြီးမျက်နှာတစ်ခုလုံးနီကာရှက်နေသော‌သူကို Soo က
" ဟာ .... " ဆိုပြီးတချက်ကြည့်ကာ ကားစီယာတိုင်ကိုကြပ်ကြပ်ကိုင်ကာရှက်သွားသောမျက်နှာဖစ်ကားမောင်းလေသည်။
** အောင်မလေး .... Chae ကငါ့ကို ချောလာတာတဲ့ အရင်ကထက် အဂူး ချစ်ဖို့ကောင်းလို့သေတော့‌မယ် ရှက်သွားသောမျက်နှာလေးက ဟီး ငါ့ကောင်မလေးဖစ်လို့ကတော့ ထိုင်ထိုင်ပြီးတော့ကိုနမ်းလိုက်ချင်တယ် chaeလေးရယ် jen ကိုကြွားရမယ် ဒီအကြောင်းကို**Soo တစ်ယောက် သူ့အတွေးနဲ့ သူပြုံးပြီးကားကိုသာ ဆက်မောင်းနေမိတော့သည်။

ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုး
Part-7(end )⭐⭐

ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုးWhere stories live. Discover now