Part-13

28 5 0
                                    


Chaesoo တို့လည်းappa အခန်းထဲကထွက်လာကြပြီးတယောက်နဲ့တယောက်မကြည့်ကြဘဲရုံးခန်းကိုသာဆက်၍လာနေကြသည်။sooရဲ့ရုံးခန်းအရှေ့ရောက်တော့ သူတို့ကိုကြည့်နေကြတဲ့ jenတို့ကိုမြင်လေသည်။soo လည်းသူတို့ကိုမကြည့်ဘဲ
" Cc အခန်းထဲလိုက်လာခဲ့ "
" ဟုတ် သူဌေး " Cc တယောက်chae အရှေ့ကခေါင်းလေးကိုငုံပြီး Soo အခန်းထဲသို့ဝင်သွားလေသည်။
Chae ကတော့ Ccကိုကြည့်၍ Jen တို့ဆီလျှောက်လာလေသည်။Unnie Jen တို့အရှေ့ရောက်တော့
" Unnie jen အဲတာဘယ်သူလဲ chaeဟိုတခါကလာတုန်းကမမြင်မိပါဘူး "
" ဘယ်မြင်မလဲ chae ရယ် သူကအလုပ်စဆင်းတာမကြာသေးဘူးလေ ပြီးတော့ သူကsoo ရဲ့ အတွင်းရေးမှူးလေ "
" ဟင် ..... သူက Soo အတွင်းရေးမှူး " chae တယောက်ထို့သို့ပြောပြီး မနက်ကomma ပြောနေတာကိုသတိရသွားလေသည်။** ဒါဆိုသူက Omma ‌ကချောတယ် ဆိုပြီး လိုက်စနေတဲ့သူပေါ့ ဟင်း..... Kim jisoo ရှင်တော်တော်သာယာနေတာပေါ့ ** chae တယောက် သူအတွေးနဲ့သူတွေးပြီး unnie jen တို့ဘက်သို့ ဝင်ထိုင်လိုက်ပြီး
" Unnie jen အဲတယောက်က ဘယ်လိုမျိုးလဲဟင် "
" ဘာကိုလဲ chae ရဲ့ " ဆိုပြီး Nayeon ကဝင်မေးတော့ chae ကသူကိုကြောင်ကြည့်နေသည်။
" Chae unnie ကိုမသိဘူးလား ဟိုတခါကcompany လာတုန်းကမိတ်ဆက်ပေးတဲ့ Soo ရဲ့သူငယ်ချင်းလေ "
" Sorry unnie Nayeon chae မေ့သွားလို့ "
" ရပါတယ် ခုနားက chae ကဘာကိုဆိုလိုတာလဲ "
" အော် ဒီလိုလေ Cc ဆိုတဲ့တယောက်က ဘယ်လိုမျိုးလဲ Soo နားမှာ မြဲအဲလိုကပ်ပြီးနေတာလားအဲလိုမေးတာ "
" Ccလား chae မေးတာတခုမှမဟုတ်ဘူး သူက စနောက်သန်တာ Soo ကိုကြောက်တာကလွန်ရော ရုပ်တည်နဲ့နေလိုလေ unnie တို့နဲ့တောင်ခင်နေဘီ ခဏကြာသူထွက်လာရင် unnie မိတ်ဆက်ပေးမယ် " jenပြောပြတာကို ခေါင်းတညိမ့်ညိမ့်နဲ့ nayeonကပါထောက်ခံလေသည်။
သူတို့ ပြောနေတဲ့ အချိန်တွင်းမှာဘဲ့ Ccတယောက် Soo အခန်းထဲကမျက်နှာပျက်ပြီးထွက်လာလေသည်။ပြီး တော့ chae တို့အရှေ့ဝင်ထိုင်ပြီးသက်ကြင်းတွေချနေလေသည်။
" Cc ဘာဖြစ်လာတာလဲ မျက်နှာလဲ မကောင်းဘူး သူဌေးကဘာလုပ်လိုက်တာလဲ "ဆိုပြီး Jen တယောက်မေးတော့chae တယောက် အံ့ဩကာCcကိုကြည့်နေလေသည်။
" မလုပ်ပါဘူး လုပ်ခိုင်း တာမနက်ဖြန်ကွင်းဆင်း သွားရမဲ့ အချက်အလက်တွေကိုဒီနေ့အပြီးတင်တဲ့လေ ပြီးတော့ မလုပ်တဲ့လူနဲ့လုပ်ရတော့စိတ်တိုနေတဲ့တဲ့ " Ccတယောက် ထို့သို့ပြောတော့ chae တယောက် စိတ်တိုကာ
" Soo ကထိုသို့ပြောတယ်ပေါ့ ဟုတ်လား "
" မပြောဘူး သူညီးနေတာ Ccကြားလာတာ ဟဲ ... ဟဲ "Cc တယောက် ရှိသမျှသွားအကုန်ဖြီးပြီးပြောနေလေသည်။
" Soo နဲ့ အလုပ်တွဲလုပ်တဲ့ သူကဘယ်သူမို့လို့ သူကညီးနေရတာလဲ " Jen တယောက်ဝင်မေးတော့
" မသိဘူး ပြီးတော့ သူ‌ပြောနေသေးတယ် စိတ်ရှုပ်တယ်တဲ့ " Ccလည်းသူကြားသမျှကိုလာပြောပြနေလေသည်။
" Unnie chae Soo ရုံးခန်းထဲ သွားအူးမယ် "
" ဟင် ... ဘာသွားလုပ်မလို့လဲ "
" Unnie သိလား သူနဲ့ အလုပ်တူတူလုပ်မဲ့သူက chae လေ appa ကchae ကွင်းဆင်းလေ့လာတာ သူကိုကူညီခိုင်းလို့ သူညီးနေတာ "
" ဟင် !!!!!! သွားဘီ " ဆိုပြီး Ccတယောက် ပါးစပ်လေး ပိတ်ကာ ခေါင်းငုံနေပြီး
" ဟို unnie chae တောင်းပန်ပါတယ် Ccက ဘယ်သူမှန်းမသိဘဲပြောလိုက်မိတယ် "
" တောင်းပန်စရာမလိုပါဘူး ကျေး‌ဇူးတောင်တင်တာ တွေ့မယ် Kim jisoo ရှင်ကကျမနောက်ကွယ်မှာညီးနေတယ်ပေါ့ " ဆိုပြီး အံကြိတ်ပြီး Soo ရုံးခန်းထဲသို့ဝင်သွားလေသည်။
ကျန်ရစ်တဲ့သူတွေကတော့ Kim jisoo အတွက်စိတ်ပူနေမိသည်။ဘာမှမသိတဲ့ Ccကတော့
" Unnie တို့ chae နဲ့ သူဌေးကဘယ်လိုပက်သက်တာလဲဟင်"
" မပက်သက်ပါဘူး Soo ကိုငါ့တို့စစနေတဲ့ မတော်ရသေးတဲ့ ရည်းစားကိုကြောက်နေတဲ့ဆိုတဲ့ သူက chae ဘဲလေ Soo က chae ကိုအသေကြောက်တာ သူကိုစိတ်ပျက်သွားမှာကို အခုမင်းက ‌ဒီလိုလာပြောတော့ Soo ဘဝမတွေးရဲစရာဘဲ့ " Jen တယောက်ထိုသို့ရှင်းပြလိုက်တော့ Cc တယောက်နားလည်သွားကာခေါင်းတညိမ့်ညိမ့်နဲ့
" ဒါဆို သူဌေး သဘောကျနေတဲ့ ငယ်ချစ်ဦးဆိုတဲ့ တယောက်က "
" အေးမင်းထင်သလိုဘဲ့ Chaeyoungဘဲ့ ငယ်ချစ်ဦးဆိုတာထက် အခုထိသဘောကျနေတဲ့သူပေါ့ "
" သူမှားသွားဘီလားဟင် အလုပ်ထုတ်ခံရတော့မယ်ထင်တယ် ဟင့် ... "
" မမှားဘူး ဘယ်သူမှ ကြည့်နေ့ Soo တယောက်chae ကိုဘယ်လိုချော့ပြီး လိုက်လာမလဲဆိုတာ "ဆိုပြီး Soo ၏ရုံးခန်းကိုသာကြည့်‌ေနကြတော့သည်။
ရုံးခန်းထဲတွင်
Chae တယောက် စိတ်တိုစွာ ရုံးခန်းတံခါးကိုဆောင့်ဖွင့်လိုက်ပြီး အထဲသို့ဝင်သွားတော့ Computer တလုံးနဲ့ အလုပ်ရှုပ်နေသောသူကိုတွေ့လေသည်။
Soo တယောက် သူ့အခန်းထဲသို့ အခွင်မတောင်းဘဲ့ တံခါးကိုဆောင့်တွန်းပြီးဝင်လာတာကိုသိပေမဲ့ လှည့်မကြည့်အား မနက်ဖြန် အရှုပ်အထုတ်နဲ့ ကွင်းဆင်းရမှာဆိုတော့ လုပ်စရာရှိတာကိုသာ ဆက်၍လုပ်ဆောင်နေလေသည်။
Chae တယောက်ကတော့ သူ့ဝင်လာတာကိုလှည့်မကြည့်ဘဲ့ အလုပ်ကိုအာရုံစိုက်နေတဲ့သူကိုစိတ်တိုကာ
" KIM JISOO!!!!!!!!!!!!! "
" ဟင် ????? " ဆိုပြီး Soo တယောက် အပေါ်သို့မေ့ကြည့်လိုက်တော့ သူကိုစိတ်တိုက ကြည့်နေသောသူကိုမြင်တော့ တံတွေးကိုမြိုချကာ
" Chae ဘာဖြစ်လို့လဲ အိမ်ပြန်ပို့ပေးကမှာလား "
" မလိုဘူး မပို့နဲ့ ကိုယ့်ဘာသာကို့ Taxi ငှားပြီးပြန်ယူမယ် အခုလာတာကရှင်နဲ့ စရင်းရှင်းစရာရှိလို့လာတာ "
" ဟင် ... ဘာကိုရှင်းမှာလဲ ဟင် "
" ရှင် ကျမနဲ့ အလုပ်လုပ်ရမှာကို စိတ်ပျက်တယ် စိတ်ရှုပ်တယ် ဆိုပြီး ညီးနေတာဆို "
" ဟင် ??? " ဆိုပြီး jisoo တယောက် တွေးနေလေသည်။** ငါ့‌ညီးတုန်းကဘယ်သူမှမရှိပါဘူး သူဘယ်လိုသိသွားတာလဲ **
" ဟုတ်တယ် ရှင့်တွေးသလိုဘဲ့ ရှင်ညီးတုန်းကဘယ်သူမှမရှိပါဘူး Ccကမတော်တဆကြားလာတာ ရှင်းဘီလား ".
" ဟင် ... **သွားဘီ ဘယ်သူမှမရှိတုန်းဆိုပြီးညီးမိတာကို အဲ Ccကကြားဖြစ်အောင်ကိုကြားလိုက်သေးတယ် ငါ့တော့ သွားဘီ **
"" ဘာတွေတွေးနေတာလဲ ကျမမေးနေတယ်လေ မဟုတ်ဘူးလားလို့ "
" ဟု ... ဟုတ် ... ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ့်ညီးတာ chae နဲ့ လုပ်လုပ်ရမှာစိတ်ပျက်စရာကောင်းပေမဲ့ ပျော်စရာလို့ညီးမိတာပါ သူကတ‌ဝက်ဘဲ့ကြားတာနေမှာပါ"
" ဘာပြောတယ် ရှင်ကျမနဲ့ လုပ်လုပ်ရမှ တော်တော် စိတ်ရှုပ်နေတာပေါ့ "
" မရှုပ်ပါဘူး ပိုတောင်ပျော်သေးတာ "
" မယုံဘူး ရှင်ကိုစိတ်ဆိုးတယ် လာမခေါ်နဲ့ ဟို့နေ့ကလိုရန်မဖြစ်ဘဲ့နေ့မလိုစဉ်းစားထားတာကို ရှင့်ကစိတ်ရှုပ်တယ်ဆိုတော့လဲ အရင်တိုင်းဘဲ့နေပေးရမှာပေါ့ "
" မဟုတ်ဘူးလေ စိတ်မဆိုးပါနဲ့ ကိုယ့်က ဒီကပေါက်စကိုစိတ်မရှုပ်ပါဘူး နော် စကားမပြောဘဲမနေပါနဲ့ ကိုယ်မနေတက်လို့ပါ နော် "
" မရပါဘူး မနေတက်ရင်မနေတက်နဲ့ပေါ့ အရင်ကလဲနေနေကျဆိုတော့ "
" အရင်ကအရင်ကလေ နော် အခုတော့ မနေပါနဲ့ ပေါက်စဘာလုပ်ချင်လဲ အကုန်လိုက်လုပ်ပေးမယ်လေနော် ဘာလုပ်ချင် လဲ ဘာစားချင်လဲ အကုန်လိုက်လျောပေးမရ်လေနော် စိတ်မဆိုးပါနဲ့ နော် "
Chae တယောက် သူကိုမျက်လုံးလေး ပေကလည်လည်နဲ့ ကြည့်နေတဲ့ သူကိုဆက်ပြီး စိတ်မဆိုးနိုင်တော့ ပါ ဒါပေမဲ့ ဒီနေ့သွားချင်တာရှိသေးကြောင့်နဲနဲတော့ ကလိအုန်းမှာ
" ရှင်တကယ်ပြောတာနော် "
" အင်း ပေါက်စ လိုတာပြောအကုန်လုပ်ပေးမယ် "
" ဟုတ်ဘီ လာ ကျမနောက်လိုက်ခဲ့ ဒီနေ့တနေ့လုံးကျမနဲ့နေပေးရမယ် "
" ဟင် တနေ့လုံး company ကရော ဘယ်လိုလုပ်မှာလဲ "
" ဘာလဲ မနေချင်ဘုးလား အရင်လို နေလိုက်ရမလား‌ပြော "
" အင်း ပါ နေပေးပါမယ်နော် အခုတော့စိတ်ဆိုးပြေဘီဘီ မလား ဟင် မပြေလဲ ပြေလိုက်ပါ ဒီလူကအလုပ်ကိုပစ်ပြီးချော့နေတာကို "
" ဘာလဲ ရှင့်ကမချော့ချင်ဘူးလား "
" မဟုတ်ပါဘူး ချော့ချင်တာပေါ့ "
" သွားမယ်လာ ကျမအိတ်ဆွဲလာပေး ဟွန်း .... "
Kim jisoo တယောက် သူလက်ထဲအိတ်ကိုထည့်ပေးပြီး ကြွကြွရွရွထွက်သွားသောသူကိုကြည့်၍သက်ပြင်းချ‌နေမိသည်။
" မလိုက်လာသေးဘူးလား ရှင် " ဆိုပြီး chae တယောက်အော်လိုက်တော့မှ လန့်လာ လိုက်လာမိသည်။
အပြင်ကချောင်းနေတဲ့ jenတို့အုပ်စုကတော့ ရုံးခန်းဆီအကြည့်ရောက်နေကြသည်။ခဏကြာတော့ Chae တယောက်ပြုံး၍ထွက်လာသည်။ ပြီးတော့သူနောက်က အိတ်တလုံးနဲ့အမြန်လိုက်လာသူမှာ Kim jisoo ပင် ။ သူတို့အနားရောက်တော့ chae က သူတို့ကို
" Unnie တို့ chae တို့ကိုခွင့်ပြုပါဦးနော်သွားရာရှိသေးလို့ မြန်မြန်လာ Soo "
ဆိုပြီး ရှေ့ကသွားသူနောက်ကိုအမြန်လိုက်သွားသူသည် သူတို့ကိုမျက်စောင်းထိုး၍ နင်တို့တွေ့မယ်ဆိုတဲ့အကြည့်နဲ့ကြည့်သွားလေသည်။
Jennie တို့အုပ်စုကတော့ သူတို့သူငယ်ချင်း တည်ငြိမ်ရင့်ကျက်သူကြီးက မယားကြောက်ဖြစ်နေတာကိုကြည့်၍ရယ်နေကြတော့သည်။
Chaesoo တို့လည်း ကားပါကင်ရောက်တော့ Soo က chae ကိုကားတံခါးဖွင့်ပေးလိုက်ပြီး ဝင်ထိုင်စေကာ သူက မောင်းသူနေရာမှာဝင်ထိုင်လေသည်။ပြီးနောက် ဘေးကပေါက်စလေးကိုဘယ်သွားမလဲမေးရတော့သည်။
" ပေါက်စ ဘယ်သွားမလို့လဲ ပြောလေ "
" ကစားကွင်းသွားမှာ ကျန်တာတွေကတော့ သွားရင်းစဉ်းစားမှာအခုတော့ ကစားကွင်းရှေ့သွားပါ မောင်းတော့ "
" ဟင် ... ကစားကွင်း "
" ဘာလဲ လိုက်မပို့ဘူးလား ရတယ်လေ ပြန်ပြီးစိတ်ဆိုးလိုက်မှာနော် "
" စိတ်တော့မဆိုးပါနဲ့ လိုက်ပို့ပါမယ် ရှင့် ကျေနပ်တော်မူပါ " sooတယောက်ထိုသို့ပြောတော့ chaeတယောက်ပြုံး၍ဟိုဘက်ကိုလှည့်သွားလေသည်။
**Time skin **
ကစားကွင်းရောက်သောအခါ ကားအပေါ်ကနေပြီးခုန်၍ဆင်းသွားသောသူသည် တကယ်ကလေးပေါက်စနဲ့တူနေလေသည်။soo လည်း ထိုကလေးပေါက်စကိုထိန်းရန် အိတ်လေးလွယ်ပြီး သူနောက်ကအမှိလိုက်ရလေသည်။
ကလေးပေါက်စက ခုန်ပေါက်၍သူအနားသို့အမြန်ပြေးလာသည်။
" Soo .... "
" အင်း ဘာလဲ ပေါက်စ "
" ဟို ... ရိုလာကိုစတာစီးကြရအောင်နော် အတူတူ "
" ဟင် ... ဟို ပေါက်စ အဲတာsoo မစီးရဲဘူး အမြင့်ကြောက်တယ် "
" ဟာ မရပါဘူး အတူတူစီးကြရအောင်လေ နှစ်ယောက်တည်းလာတာကို "
" Chae ဘဲ့စီးမှာ Soo ကအောက်ကစောင့်နေမှာလေ နော်လိမ်မာပါတယ် ပေါက်စက "
" ဒီဟာမစီးချင်ရင်လည်း သရဲအိမ်ထဲတူတူဝင်ရအောင်လေ နော် "
" ဟင် !!!!!"
" ဘာလဲ သရဲအိမ်လဲမဝင်ချင်ဘူးလား ဟာမရဘူးနော် အကုန်လိုက်လုပ်ပေးမယ်ပြောပြီး မရဘူးလို့ မရဘူးနော် "
Soo တယောက် သရဲအိမ်ထဲဝင်ရမှာကြောက်တာကြောင့်ငြင်းတာကို မျက်နှာလေးစူပုတ်၍သူကိုမရမကတောင်းဆိုနေသောသူသည် အလွန်ချစ်ဖို့ကောင်းလှသည်။chae တယောက် မရမကချွဲတော့ Kim jisoo တယောက် နေပူထဲကရေခဲတုန်းလိုဘဲ့ အရည်ပျော်သွားပြီး
" အင်းပါ အတူတူဝင်ကြတာပေါ့ "
" ရေး ........... "ဆိုပြီး သရဲအိမ်ထဲဝင်ရန် လက်မှတ်အပြေး‌ဝယ်နေလေသည်။လက်မှတ်ရလာတော့ သူအနားသို့ လက်မှတ်ကိုမြှောက်ပြပြီးပြေးလာနေသူသည် တကယ့်ကလေးလေးပါဆို
" Soo လာမကြောက်နဲ့ chae တယောက်လုံးရှိတယ် "
ဆိုပြီး သူ့လက်ကိုဆွဲကာအထဲသို့ဝင်သွားသောသူသည်အလွန်သတိရှိလှဘီဟုသူချီးကျူးမိသည်။
သူတို့လည်း သရဲအိမ်ထဲ ဝင်လာတော့ စစချင်းတုန်းတော့ ဘာမှမဖစ်သေး အလယ်နားရောက်မှာသူတို့ ဘေးနားက တံခါးပေါက်ကနေသရဲ‌တကောင်ထွက်တော့ စောနားကအရှေ့ကသွားနေသောသူသည်
" အား!!!!!!!!! သရဲ !!!!!!! " ဆိုပြီး Soo အပေါ်သို့ ခုန်တက်လေသည်။ Soo. လည်းသူခုန်တက်တော့ သရဲကိုမလန့်ဘဲသူကိုခွချီတာကပို၍လန့်နေမိသည်။အဲအချိန်ကတည်းက သရဲအိမ်ဝင်ချင်သောသူသည်soo အပေါ်၍ ခွလျက်သားအော်၍လိုက်ပါတော့သည်။ ပြောတော့ မကြောက်ပါဘူးတဲ့ ကြောက်တယ်လို့ပြောတဲ့သူကမကြောက်ရဘူးသူကရှေ့ကကြောက်ပြတော့ ကိုယ့်ကသတိရှိနေရတာပေါ့ ။ကိုယ်ပေါ်မှာခွလျက်သားပါလာသောသူသည် ငြိမ်ငြိမ်မနေပါ ဟိုပြောဒီပြောပြောနေလေသည်။
ထိုအချိန်
"။ အား !!!!!!! သရဲ !!!! မမ သရဲ!!!! ကလေးကိုကယ်ဦး "
" ကလေး သရဲက အစစ်မှမဟုတ်တာ အခုကလေးက မမကိုယ့်ပေါ်မှာနော် ငြိမ်ငြိမ်နေ အောက်ပြုတ်ကျမယ် "
" ကလေးကကြောက်လို့ ပါ မမကလည်း ဘာလဲ ငြိုငြင်တာလား "
" အောင်မလေး သရဲအိမ်ထဲမာနော် လာစိတ်မဆိုးနဲ့ ထားရစ်ပစ်မယ် ဘာမှတ် "
ထိုသို့ပြောပြီး နေလိုက်တော့ ကိုယ်ပေါ်က ပေါက်စကတော့ သူကိုထားရစ်မှာအလွန်ကြောက်တယ်ထင်တယ် လည်ပင်းကိုပိုမိုတင်းကြပ်၍ ဖက်ထားလေသည်။
" မထားရစ်ပါနဲ့ ကလေးက ကြောက်လို့ပါ မမကလည်း ဟင့် .. ဟင့် "
" ဟာမငိုနဲ့လေ မမကစတာပါ လာအပြင်သို့ထွက်ကြမယ်လေနော် "
" အင်းကလေးမဆင်းဘူးနော် ချီသွားအပြင်ထိ ဟင့် "
" ဟုတ်ပါဘီ အချွဲလေးရယ် "
ဆိုပြီး Kim jisoo တယောက် သူ့ကလေး ကိုခွချီလျက် အပြင်သို့ ထွက်သွားလေသည်။သူတို့ကိုလာခြောက်သော သရဲမှာကြောင်တောင်တောင်လေး ကျန်ရစ်လေသည်။
Soo တို့အပြင်လည်းရောက်တဲ့အထိ အပေါ်ကကလေးပေါက်စကိုချီလျက်ထွက်လာတော့ သူတို့ကိုပြုံး၍ကြည့်နေကြတဲ့လူတွေကိုမြင်လေသည်။ထိုအချိန်chae တယောက် Soo အပေါ်ကနေဆင်းပြီးသူမဟုတ်တဲ့အတိုင်း အောက်သို့ဆင်းကာ
" အိမ်ပြန်ကြမယ် Soo "
" ဟင် ပြန်တော့မဟုတ်လား ဘာမှမဆော့တော့ဘူးလား "
" မ‌ဆော့တော့ဘူးပင်ပန်းသွားဘီ ဟင့် "
" ဟုတ်ပါဘိ ကွာ လာ အိမ်ပြန်ကြစို့ ' ဆိုပြီးသူလက်ကလေးကိုကိုင်ကာ အိမ်သို့ ၂ယောက်သားလာခဲ့ကြတော့သည်။
ချည်နှောင်မိတဲ့သံယောဇင်ကြိုး
Part-13(end)

ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုးWhere stories live. Discover now